ကျန်းမာရေးထိခိုက်နေလို့ TWICE အဖွဲ့ဝင်အဖြစ်ကနေ ခဏနားမည့် Jungyeon

Twice အဖွဲ့ကတော့ comeback တွေ ဆက်တိုက်လုပ်နေသလို English single song ပါ ထွက်ရှိဖို့ ပြင်ဆင်နေတာပါ။ ဒါပေမဲ့ ဒီနေ့မှာဘဲ စိတ်မကောင်းစရာ သတင်းထွက်လာခဲ့ပါတယ်။
JYP Entertainment ရဲ့ Twice Official notice board မှာ Jungyeon ဟာ ခေတ္တအနားယူမည် ဖြစ်ကြောင်း ခုလို စာတင်ခဲ့ပါတယ်။

“Hello , JYP Entertainment က ဖြစ်ပါတယ်။ Twice အဖွဲ့ဝင် Jungyeon ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပက်သက်ပြီး ပရိသတ်ကြီးကို ကျွန်တော်တို့ ခုလို အသိပေးချင်ပါတယ်။ Jungyeon ဟာ လတ်တလောမှာ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ပူပန်ကြောင့်ကြမှု ရောဂါခံစားနေရပါတယ်။ Jungyeon ဟာ သူ့ရောဂါကို ကုသရင်း သူမ schedule တွေကို ပုံမှန်ဆက်လုပ်နေခဲ့ပေမဲ့ ကျွန်တော်တို့ Artist ရဲ့ ကျန်းမာရေးကိုသာ အရေးကြီးဆုံးအဖြစ် ရှေ့တန်းတင်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ကျွမ်းကျင်တဲ့ ဆရာဝန်တွေနဲ့ သေချာဆွေးနွေးခဲ့ပြီး Jungyeon ပြန်လည်ကုသရေးနဲ့ သေချာအနားယူရန်အတွက် အချိန်ခဏယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Jungyeon နဲ့ တခြားအဖွဲ့ဝင်တွေနဲ့လည်း သေချာတိုင်ပင်ခဲ့ပြီးပါပြီ။ လတ်တလော Twice အဖွဲ့ရဲ့ activity တွေမှာ Jungyeon မပါနိုင်တာကို ပရိသတ်ကြီးကို ကျွန်တော်တို့ အသိပေးချင်ပါတယ်။

ကျွန်တော်တို့ Label အနေနဲ့ Jungyeon သေချာအနားယူကုသဖို့ အကောင်းဆုံး ထောက်ပံ့ပြင်ဆင်ပေးသွားမှာပါ။ Jungyeon အပြည့်အဝ ပြန်လည်ကောင်းလာဖို့အတွက်လည်း ပရိသတ်ကြီးတို့ဘက်က အချစ်တွေနဲ့ ဆုတောင်းမေတ္တာတွေပို့သပေးဖို့လည်း ကျွန်တော်တို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်”

Jungyeon လေးကတော့ အချိန်အတိုင်းအတာ တခုထိ Twice အဖွဲ့မှာ မပါနိုင်သေးဖူးနော် ပရိသတ်ကြီးရေ။ Once လေးတွေ အားတင်းထားကြပါနော်။ Jungyeon အတွက်လည်း ဆုတောင်းပေးကြပါအုံး။

Source: Allkpop
Written: Violet