မင်းသား Park Seo Joon ကို Instagram မှာ Following လုပ်ထားကြတဲ့ထိုင်းကြယ်ပွင့်များ

ကိုရီးယားကားတွေက ကမ္ဘာအနှံ့မှာ နာမည်ကြီးလွှမ်းမိုးလာတဲ့အလျောက် မင်းသားမင်းသမီးတွေကို နှစ်သက်အားပေးကြတဲ့ပရိသတ်တွေလည်း တိုးလို့လာခဲ့ကြပါတယ်။ မင်းသား Park Seo Joon ဟာလည်းပဲ သူ့ရဲ့ကောင်းမွန်ပီပြင်လှတဲ့သရုပ်ဆောင်စွမ်းရည်ကြောင့် နာမည်ကြီးကျော်ကြားပြီး ကြေးအမြင့်ဆုံးမင်းသားစာရင်းဝင်လည်းဖြစ်ပါတယ်။

ကမ္ဘာကျော်သရုပ်ဆောင်ဖြစ်တာမို့လို့ ပရိသတ်တွေရဲ့နှလုံးသားကိုသာမက ပြည်ပက နာမည်ကျော်ကြယ်ပွင့်အနုပညာရှင်တွေကိုပါ ဖမ်းစားထားနိုင်သူလည်းဖြစ်နေပြန်ပါတယ်။ နောက်ဆုံးထွက်ရှိထားခဲ့တဲ့ “Itaewon Class” ပြသပြီးတဲ့အချိန်မှာ မင်းသားအနေနဲ့ အာရှတစ်ခွင် ပရိသတ်အမြောက်အမြားတိုးလာခဲ့ပြီး အထူးသဖြင့် ထိုင်းနိုင်ငံမှာလည်း အသည်းစွဲပရိသတ်တွေ ပြုံပြီးကို တိုးလာခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ မင်းသား၊မင်းသမီးတွေကတောင် Park Seo Joon ရဲ့ တရားဝင် Instagram မှာ Following လုပ်ထားတဲ့အထိ သဘောကျနှစ်ခြိုက်ခံထားရတာဖြစ်ပါတော့တယ်။ Following လုပ်ထားတဲ့ အနုပညာရှင်တွေကတော့…

• Matt Peranee
• Bua Nalinthip

• Thisa Varitthisa
• Vill Wannarot

• Sammy Cowell
• Bow Maylada

• Punpun Suttata
• Yaya Urassaya အပြင်

• Toey Pongsakorn
• Dj Push

• Joss Way-ar
• Nine Naphat

• New Wongsakorn
• Luke Ishikawa

• James Theeradon
• Mik Thongraya

• Mike Pattaradet
• Donut Phattharapon အစရှိတဲ့မင်းသားတွေကပါ Park Seo Joon ရဲ့ official Instagram ကို Following လုပ်ထားကြတာဖြစ်ပါတော့တယ်။

Source: Thaiupdate
Photos: Twitter
Translated by Julix