ARMY ​တွေ ​ရှေ့မှာ အ​ဖျော်​ဖြေချင်ဆုံးသီချင်းကို ​​ရွေးချယ်ပြောပြခဲ့တဲ့ အငယ်​ဆုံးလေး Jungkook

သြဂုတ်လ ၁၈ ရက်​နေ့က Vanity Fair YouTube Channel က အသစ်တင်ဆက်​ပေးလိုက်တဲ့ ဗီဒီယိုမှာ BTS အဖွဲ့ဝင်​တွေဟာ ဧည့်သည်အဖြစ်ပါဝင်ခဲ့ကြပါတယ်။ အဲ့ဒီဗီဒီယိုကို​တော့ “BTS Game Show” လို့ အမည်​ပေးထားပြီး BTS အဖွဲ့ဝင်​တွေ အချင်းချင်း တစ်​ယောက်အ​ကြောင်း တစ်​ယောက် ဘယ်​လောက်ထိသိလဲဆိုတာကို စမ်းသပ်ကြတာဖြစ်ပါတယ်။

Jungkook ရဲ့ ​မေးခွန်းအလှည့်​ရောက်တဲ့အချိန်မှာ​တော့ တခြားအဖွဲ့​တွေဟာ သူစင်မြင့်​ပေါ်မှာ အ​ဖျော်​ဖြေချင်ဆုံးက ဘယ်သီချင်းလဲဆိုတာကို ခန့်မှန်း​ပြောဆိုကြရပါ​တော့တယ်။ အရင်ဆုံး J-Hope က အ​ဖြေမှန်ဖြစ်မယ်ထင်တဲ့ သီချင်းအနည်းငယ်ကို ခန့်မှန်းပြီး Jungkook ရဲ့ တစ်ကိုယ်​တော်သီချင်း​တွေဖြစ်တဲ့ “Euphoria” နဲ့ မြူးကြွတဲ့ “So What” သီချင်း​တွေကို ​ဖြေဆိုခဲ့ပါတယ်။

ဒါ​ပေမဲ့ Jungkook က ​ခေါင်းခါပြီး အ​ဖြေမှန်မဟုတ်ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ အဲ့ဒီ​နောက် Jimin က ယုံကြည်ချက်ရှိရှိနဲ့ “On” လို့ ​ဖြေဆိုခဲ့ပြီး V က​တော့ Jungkook ရဲ့ အသစ်ထွက်ရှိထားတဲ့ တစ်ကိုယ်​တော်သီချင်းနာမည်ကို စဉ်းစား​နေခဲ့ပါတယ်။ ထိုစဉ်မှာပဲ Jungkook ဟာ အ​​ဖြေကို​တောင် မ​ရွေးချယ်ရ​သေး​ကြောင်း အခြားအဖွဲ့ဝင်​တွေက သတိထားမိသွားခဲ့ပါတယ်။

ဒါ​ပေမဲ့ Jimin က​တော့ သူ့ရဲ့အ​ဖြေအတွက် Jungkook ရဲ့ အာရုံစိုက်မှုကို အဆက်မပြတ်​တောင်းခံပြီး “On ဟုတ်တယ်မလား။ မှန်တယ်ဆိုရင် ​ပြောပါဦး” ဆိုပြီး ​ပြောခဲ့ပါတယ်။ ထိုအခါ Jungkook က ချက်ချင်းဆိုသလို “On” ကို အ​ဖြေမှန်အဖြစ် ​သတ်မှတ်လိုက်ပြီး “ကျွန်​တော်တို့ ဒီသီချင်းကို ARMY ​တွေ​ရှေ့မှာ တစ်ခါမှ မ​ဖျော်​ဖြေဖူးဘူးမလား။

ကျွန်​တော်တို့ ​အခုအချိန်မှာ ဖျော်​ဖြေမယ်ဆိုရင် သူတို့​တွေ နှစ်သက်မှာ အ​သေအချာပဲ” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။ အဲ့ဒီ​နောက် Jungkook က ဒီသီချင်းရဲ့ ကကွက်အနည်းငယ်ကို ပြသခဲ့ပြီး တခြားအဖွဲ့ဝင်​တွေက သီချင်းလိုက်ဆို​ပေးခဲ့တဲ့အပြင် “ဒီကကွက်ကို ​လေ့ကျင့်တုန်းက အရမ်း​ပျော်ဖို့​ကောင်းခဲ့တယ်”၊ “ပင်ပန်း​​ပေမဲ့ အရမ်း​​ပျော်ဖို့​ကောင်းတယ်” ဆိုပြီး မှတ်ချက်ပြုခဲ့ပါတယ်။

“On” သီချင်းဟာ ကိုဗစ် ၁၉ ကပ်​ရောဂါနဲ့ အ​ခြေအ​နေ​တွေရှုပ်​ထွေး​နေတဲ့အချိန်မှာ ထွက်ရှိခဲ့ပြီး social distancing လုပ်ခဲ့ရတဲ့ အချိန်ဖြစ်တာ​ကြောင့် BTS ဟာ ဒီသီချင်းကို တစ်ခါမှ live ဖျော်​ဖြေခွင့်မရခဲ့ပါဘူး။ BTS အဖွဲ့ ဒီသီချင်းကို ​​စင်မြင့်​ပေါ်မှာ ဖျော်​ဖြေခွင့်ရပြီး ARMY ​တွေလည်း ကြည့်ရှုခံစားရမယ့်နေ့ အမြန်ဆုံး ​ရောက်လာဖို့ ​မျှော်လင့်ပါတယ်။

Source : Life of Kpop
Photo : Vanity Fair
Written : ZL