Forbes China ကနေဖော်ပြလိုက်တဲ့ ၂၀၂၁ အတွက် Top (10) စာရင်းဝင် ထိပ်တန်းအနုပညာရှင် (၁၀)ဦး

Forbes China ကတော့ ၁၆ ကြိမ်မြောက်အနေနဲ့ “Forbes” ပုံစံ တရုတ်နိုင်ငံသားအနုပညာရှင်တွေသီးသန့်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အနုပညာရှင်တွေရဲ့ တဖြည်းဖြည်းကောင်းမွန်လာတဲ့အနုပညာဖန်တီးမှုတွေနဲ့ နာမည်ကျော်ကြားမှုအရှိန်ကို ထိန်းသိမ်းထားနိုင်ပြီး တရုတ်နိုင်ငံရဲ့အနုပညာကို နိုင်ငံတကာအာရုံစိုက်မှုရအောင် ပြသနိုင်တဲ့အပြင် စီးပွားရေးနယ်ပယ်အထိ ထိုးဖောက်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တွေကို စိစစ်ရွေးချယ်ခဲ့ပါတယ်။ ၂၀၂၁ အတွင်း တရုတ်ဖျော်ဖြေရေးလောက‌ထဲမှာ ထိပ်ဆုံးနေရတွေအတွက် နှစ်စဉ်နှစ်တိုင်း တရားဝင်စစ်တမ်းတွေကောက်ယူပြီး ဒီစာရင်းကို ထုတ်ပြန်လေ့ရှိရာမှ အဆင့်အလိုက် TOP 10 စာရင်းထဲမှာ ပါဝင်နေတဲ့အနုပညာရှင် (၁၀) ဦးကတော့…

1. Yi Yang Qian Xi

2. Wang Yibo

3. Jia Ling

4. Yang Mi

5. Jay Chou

6. Zhang Yixing (Lay Zhang)

7. Zhao Liying

8. Yang Zi

9. Wang Junkai နဲ့

10. Wang Jiaer (Jackson Wang) တို့ပဲဖြစ်ကြပါတယ်။

၂၀၂၁ အတွက် Forbes China ကဖော်ပြခဲ့တဲ့ Top (10) စာရင်းဝင်အနုပညာရှင်တွေကတော့ ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျမယ်လို့မျှော်လင့်ပါတယ်။

Source: ForbesChina
Photos: ForbesChina
Translated by Julix