(Breaking News) Red Velvet’s Joy နဲ့ Crush တို့ရဲ့ အချစ်ခရီးလေး စတင်ပြီဖြစ်ကြောင်း အတည်ပြု

ဩဂုတ်လ ၂၃ ရက်နေ့မှာတော့ ကိုရီးယားအနုပညာရှင်သတင်းတွေနဲ့ပတ်သက်ပြီး အံ့ဩသွားစေမယ့်သတင်းတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ Red Velvet အဖွဲ့ဝင် Joy နဲ့ တကိုယ်တော်အဆိုရှင် Crush တို့ဟာ တွဲနေကြပြီဖြစ်ကြောင်း သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

Crush ရဲ့ အေဂျင်စီဖြစ်တဲ့ P-NATION ကတော့ သတင်းသမားတွေဖော်ပြနေကြတဲ့ နှစ်ဦးသားဆက်ဆံရေးကို ဟုတ်/မဟုတ် အတည်ပြုပေးဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မီဒီယာကြီးတစ်ခုဖြစ်တဲ့ Sports Chosun က Joy နဲ့ Crush ဟာ ၂၀၂၀ မေလတုန်းက “Mayday” ကို တွဲဖက်လုပ်ကိုင်ခဲ့ကြပြီးတဲ့နောက် တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေ ဖြစ်ပေါ်တိုးပွားလာခဲ့ကြတယ်,လို့ ဖော်ပြထားပါတယ်။

အလုပ်အတူတွဲဖက်လုပ်ကိုင်ခဲ့ကြပြီး တအားကိုရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး ခံစားချက်တွေကပိုမိုပြင်းထန်လာခဲ့တာကြောင့် အဆင့်တစ်ခုတက်ခဲ့ကြတယ်,လို့ ဆိုပါတယ်။ တိရိစ္ဆာန်လေးတွေကိုလည်း ချစ်ခင်နှစ်သက်ပြီး ပြုစုစောင့်ရှောက်တတ်တာခြင်းလည်းတူတဲ့အပြင် စိတ်ဝင်စားတဲ့အရာတွေလည်း တူညီမှုရှိနေတယ်လို့ပါ ရေးသားထားပါတယ်။

ဖော်ပြချက်တွေအရ ရိုးရှင်းတဲ့တွေ့ဆုံမှုလေးတွေပြုလုပ်လေ့ရှိပြီး ခွေးလေးတွေကိုခေါ်ပြီး အတူလမ်းလျှောက်ထွက်တာတွေကိုလည်း ပြုလုပ်လေ့ရှိပါတယ်တဲ့။ ထွက်လာတဲ့သတင်းတွေကိုတော့ Crush ရဲ့ အေဂျင်စီ P-NATION ဖက်ကနေ ဒီသတင်းကဟုတ်/မဟုတ်စုံစမ်းပြီး အတည်ပြုထုတ်ပြန်ပေးမယ်လို့ အကြောင်းပြန်ခဲ့ပေမဲ့ Joy ရဲ့ အေဂျင်စီ SM Entertainment ကတော့ ဒီကောလဟာလသတင်းနဲ့ပတ်သက်လို့ ဘာတစ်ခုမှ အကြောင်းပြန်ခြင်းမရှိခဲ့ပါဘူး။

သတင်းထွက်ပြီး သိပ်မကြာခင်မှာပဲ Joy နဲ့ Crush တို့က သူတို့နှစ်ယောက်တွဲနေကြောင်းကို အတည်ပြုပေးခဲ့ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ SM Entertainment နဲ့ P NATION တို့ကလည်း “senior-junior ဆက်ဆံရေးရှိခဲ့ရာမှ တစ်ဦးအပေါ်တစ်ဦး မေတ္တာသက်ဝင်ပြီး ခံစားချက်ကောင်းတွေဖြစ်အောင် အပြန်အလှန်ဖေးမနိုင်တာကြောင့် နှစ်ဦးသားတွဲနေခဲ့ပြီဖြစ်ပါတယ်” လို့ ထုတ်ပြန်ကြေညာကာ အတည်ပြုပေးခဲ့ပါတယ်။ ကိုရီးယားအနုပညာလောကရဲ့ နောက်ထပ်အနုပညာရှင်စုံတွဲသစ်လေးတစ်တွဲ ထွက်ပေါ်လာခဲ့ပြန်ပါပြီ။

Source: Soompi
Photos: Soompi
Translated by Julix