၂၀၂၁ အတွင်းမှာပဲ အပြိုင်အဆိုင်အနေနဲ့ ပိုပြီးနာမည်ကြီးလာတဲ့ Mai Davika နဲ့ Baifern Pimchanok

ထိုင်းနိုင်ငံရဲ့ အလွတ်တမ်းမင်းသမီးတွေထဲမှာ နာမည်အကြီးဆုံးနဲ့ လူကြိုက်အများဆုံးမင်းသမီးတွေကတော့ Mai Davika နဲ့ Baifern Pimchanok တို့ပါပဲ။ အတိတ်တုန်းက အေဂျင်စီတစ်ခုတည်းမှာ အတူတူအလုပ်လုပ်ခဲ့ကြပြီး တအားကိုရင်းနှီးခဲ့ကြတဲ့ Mai နဲ့ Baifern တို့ဟာ အလွတ်တမ်းတွေအဖြစ် အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်တဲ့အခါမှာလည်း အပြိုင်အဆိုင်နဲ့ကို နာမည်ကြီးနေကြတာပါ။ ၂၀၂၁ အတွင်းမှာကိုပဲ ဒီအလှပဂေးလေးနှစ်ယောက်ရဲ့ ကျော်ကြားမှုကတော့ အလုံးအရင်းနဲ့ပါပဲ။

Mai Davika

၂၀၂၀ တုန်းက မင်းသမီးချော Mai Davika ဟာ Instagram Followers အများဆုံးရှိတဲ့ ထိုင်းနိုင်ငံသူ အနုပညာရှင်ကြယ်ပွင့်တွေအနက် အဆင့် (၃)နေရာမှာရပ်တည်နေတဲ့ စာရင်းဝင်တစ်ဦးဖြစ်ပါတယ်။ ၂၀၂၀ ကုန်ခါနီးအချိန်မှာ 12.3 million followers ရှိနေခဲ့ပြီး လက်ရှိအချိန် ၂၀၂၁ မှာတော့ အဆင့် (၂) ကို လျှင်လျှင်မြန်မြန်ပဲ ခုန်တက်လာခဲ့ပါတယ်။

ဩဂုတ်လ ၂၁ ရက်နေ့အထိ Mai Davika ကို Following လုပ်ထားသူပေါင်း 14,175,686 ယောက် ရှိနေပါပြီ။ ONE 31 ရဲ့ “Wanthong” ဇာတ်လမ်းတွဲကိုလည်း နာမည်ကြီးကျော်ကြားအောင် ရိုက်ကူးနိုင်ခဲ့တာကြောင့် Mai ရဲ့အောင်မြင်မှုဟာ တ‌စ်နေ့တခြား တိုးနေပါတော့တယ်။

Baifern Pimchanok

ချစ်စရာကောင်းတဲ့ မင်းသမီးလေး Baifern Pimchanok ကတော့ ၂၀၂၀ တုန်းက သူမရဲ့ IG မှာ followers အရေအတွက် 8,208,507 ရှိခဲ့ပြီး ၂၀၂၁ ဩဂုတ်လ ၂၁ ရက်နေ့အထိ နောက်ဆုံးရရှိထားတဲ့အရေအတွက်က 8,709,353 အထိ တိုးလာခဲ့ပါတယ်။

Instagram Followers အရေအတွက်တွေကို ဆန်းစစ်ချက်အရ အဆင့် (၁၀) နေရာမှာရောက်ရှိနေပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် လုပ်ဆောင်နေပါတယ်။ Baifern ရဲ့ဇာတ်လမ်းသစ်ဖြစ်တဲ့ “46 Days” ကလည်း GMM 25 မှာ ပြသနေဆဲဖြစ်ပြီး မြောက်မြားစွာသောပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။

အငို၊ အလွမ်း၊ ဟာသ၊ အက်ရှင်…စတဲ့ ဘယ်ဇာတ်ရုပ်ကိုမဆို အပီပြင်ဆုံးသရုပ်ဆောင်နိုင်တဲ့အရည်အသွေးရှိသူလေးဖြစ်လို့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်းစာရင်းဝင်မင်းသမီးလေးလည်း ဖြစ်နေပြီး နေ့ရက်တိုင်းကို အချစ်ခံရင်း ဖြတ်သန်းနေပါတယ်။ နေ့ရက်တိုင်းမှာ အောင်မြင်မှုတွေနဲ့ဖြတ်သန်းနေတဲ့ ပရိသတ်အချစ်တော်မင်းသမီးလေး ၂ ‌‌ယောက်အတွက် တကယ်ကို ဂုဏ်ယူနေရပါတော့တယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix