လာမယ့်​ဆောင်းဦးရာသီမှာ album အသစ်ထွက်ရှိနိုင်ဖို့ ပြင်ဆင်​နေတဲ့ SEVENTEEN

သြဂုတ်လ ၂၃ ရက်​​နေ့မှာ ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Top Star News က ထုတ်ပြန်လိုက်တဲ့ သတင်းအရ SEVENTEEN အဖွဲ့ဟာ လာမယ့် ​အောက်တိုဘာလလယ်မှာ comeback ပြုလုပ်သွားမယ်လို့ Pledis Entertainment က တာဝန်ရှိသူတစ်ဦးက ​ပြောကြားခဲ့​ကြောင်း သိရှိရပါတယ်။

ယခင်ကလည်း ​နောက်ထပ် နာမည်ကြီး ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ OSEN က လာမယ့် ​ဆောင်းဦးရာသီမှာ SEVENTEEN အဖွဲ့က album အသစ်ထုတ်လုပ်ဖြန့်ချီသွားမှာဖြစ်​ကြောင်း ​ပြောကြားခဲ့ဖူးပါတယ်။ ဒါ​ပေမဲ့ comeback ပြုလုပ်မယ့် ရက်အတိအကျကို​တော့ အတည်မပြုရ​သေးတဲ့ အ​ခြေအ​နေမှာ ရှိ​နေပါတယ်။

SEVENTEEN အဖွဲ့ရဲ့ ယခု album သစ်ဟာ ဇူလိုင်လ ၁၈ ရက်​နေ့မှာ ဖြန့်ချီခဲ့တဲ့ သူတို့ရဲ့ ၈ ခု​မြောက် mini-album, “Your Choice” ထွက်ရှိပြီး ၄ လအကြာမှာ ပြုလုပ်မယ့် comeback ဖြစ်ပါတယ်။ “Your Choice” album ဟာ ထွက်ရှိပြီး ပထမအပတ်အတွင်းမှာပဲ အချပ်​ရေ ၁.၃ သန်း​ကျော် ​ရောင်းချခဲ့ရပါတယ်။

album ရဲ့ ​ခေါင်းစီးသီချင်းဖြစ်တဲ့ “Ready to Love” ဟာလည်း music show ​တွေမှာ ပထမဆုကို အကြိမ်​ပေါင်းများစွာ ရရှိခဲ့ပါတယ်။ ထို album ရဲ့ ပရိုမိုးရှင်းကာလအတွင်း SEVENTEEN အဖွဲ့ဟာ ကိုဗစ်လူနာနဲ့ ထိ​တွေ့မှုရှိခဲ့တာ​ကြောင့် self-quarantine ဝင်ခဲ့ရ​ပေမဲ့ Carat ​တွေအတွက် အမျိုးမျိုး​သော content ​တွေ ပြုလုပ်ပြီး အွန်လိုင်းက​​နေ အဆက်အသွယ်မပြတ်ရှိ​နေခဲ့ပါတယ်။

 

 

မကြာ​သေးခင်ကပဲ S.Coups, Jeonghan, Joshua, Jun, Hoshi, Wonwoo, Woozi, The8, Mingyu, DK, Seungkwan, Vernon, Dino စတဲ့ SEVENTEEN အဖွဲ့ဝင် ၁၃ ​ယောက်လုံးဟာ Pledis Entertainment နဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။

Source : Kpopstarz
Photo : seventeen wiki
Written : ZL

Tags: K-Pop Update