တခြားသူကို အား​ပေးဖို့ လူ​ရွေးပွဲကို လိုက်သွားရင်းက မထင်မှတ်ပဲ idol ဖြစ်လာကြတဲ့ idol ၅ ဦး

K-Pop idol တိုင်းရဲ့ လူ​ရွေးပွဲအ​ကြောင်းဟာ ကွဲပြားကြပါတယ်။ ဒါ​ပေမဲ့ idol အများစုက​တော့ idol ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ ကုမ္ပဏီတစ်ခု သို့မဟုတ် အများကြီးမှာ လူ​ရွေးပွဲ​ဖြေခဲ့ရတာပါ။ လမ်း​ပေါ်မှာ အမှတ်မထင် casting လုပ်ခံရတဲ့ idol ​တွေလည်းရှိ​ပေမဲ့ ဒါကသိပ်ကို ရှားပါးလွန်းပါတယ်။

အဲ့ဒါထက် ရှားပါးတဲ့အဖြစ်က​တော့ကုမ္ပဏီတစ်ခုခုရဲ့ ​လူ​ရွေးပွဲကို ​ဖြေဆိုဖို့သွားတဲ့ သူငယ်ချင်း (သို့) မိသားစုဝင်တစ်ဦးဦးကို အား​ပေးဖို့ လိုက်သွားရင်းက idol ဖြစ်လာတာပါပဲ။ ယခု​ဖော်ပြ​ပေးမှာက​တော့ အဲ့လိုနည်းလမ်းနဲ့ လူ​ရွေးပွဲကို ​အောင်မြင်ပြီး K-Pop idol ဖြစ်လာတဲ့ ၅ ​ယောက်ဖြစ်ပါတယ်။

  1. V

ယုံကြည်ဖို့ ခက်ခဲ​ပေမဲ့ BTS အဖွဲ့ဝင် V ဟာ Daegu မြို့မှာ ပြုလုပ်တဲ့ BigHit Entertainment ရဲ့ လူ​ရွေးပွဲကို ဝင်​ရောက်​​ဖြေဆိုမယ့် သူငယ်ချင်းကို အား​ပေးဖို့ လိုက်သွားရင်းက idol ဖြစ်လာခဲ့တာပါ။ သူ့မှာ လူ​ရွေးပွဲ​ဖြေဆိုဖို့ စိတ်ကူးမရှိခဲ့​ပေမဲ့ BigHit ဝန်ထမ်းတစ်ဦးက V ကို သတိထားမိသွားပြီး V ရဲ့အ​ဖေဆီက ခွင့်​တောင်းကာ လူ​ရွေးပွဲကို ဝင်​ဖြေဖို့ ​ဖြောင်းဖျ​ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ဝင်​ဖြေဖြစ်ခဲ့ပြီး အဲ့ဒီ​နေ့ Daegu လူ​ရွေးပွဲမှာ V တစ်ဦးသာ ​အောင်မြင်ခဲ့ပါတယ်။ အခုချိန်မှာ​တော့ ကမ္ဘာ​ကျော် K-Pop စတားတစ်​ယောက်ဖြစ်လာခဲ့ပါပြီ။

  1. Peniel

Peniel က​တော့ Cube Entertainment လက်​အောက်က​နေ BTOB အဖွဲ့ဝင်အ​နေနဲ့ ပွဲဦးထွက်ခဲ့​ပေမဲ့ မူလက JYP Entertainment ရဲ့ သင်တန်းသားဖြစ်ခဲ့ဖူးပါတယ်။ သူဟာလည်း အ​တွေ့အကြုံရဖို့အတွက် JYP Entertainment လူ​ရွေးပွဲကို ​ဖြေဆိုမယ့် သူငယ်ချင်းအတွက် အ​ဖော်လိုက်သွား​ပေးရာက မထင်မှတ်ပဲ လူ​ရွေးပွဲကို ဝင်​ဖြေဖြစ်ခဲ့ပါတယ်။

အမှန်​တော့ သူဝင်​ဖြေခဲ့တဲ့ လူ​ရွေးပွဲက ​မော်ဒယ်အလုပ်အတွက်ဖြစ်ပါတယ်။ ဒါ​ပေမဲ့ ဒိုင်​တွေက သီချင်းဆိုတာနဲ့ ကတာကိုပါ လုပ်ပြခိုင်းခဲ့ပြီး လူ​ရွေးပွဲဟာ Paniel ၁ ဦးတည်းနဲ့ ၁ နာရီ​လောက်ကြာသွားခဲ့ပါတယ်။ ဒီလိုနဲ့ သူ့ရဲ့သူငယ်ချင်းက လူ​ရွေးပွဲမ​အောင်မြင်ပဲ သူက JYP Entertainment ရဲ့ သင်တန်းသားဖြစ်လာခဲ့ပါတယ်။

  1. Mark

Mark ကလည်း Vancouver မြို့မှာ ပြုလုပ်တဲ့ SM Entertainment လူ​ရွေးပွဲကို ​ဖြေဆိုမယ့် သူ့ရဲ့အကို​နောက်ကို အ​ပျော်အ​နေနဲ့ လိုက်သွားခဲ့ပါတယ်။ အဲ့ဒီ​နေ့ဟာ ကြားရက်ဖြစ်​နေတာ​ကြောင့် ပုံမှန်ဆို ​ကျောင်းတက်ရာမှာဖြစ်​ပေမဲ့ ထို​နေ့မှာ ဆရာမ​တွေက ဆန္ဒထုတ်​ဖော်ဖို့ သွား​ရောက်ခဲ့တာ​ကြောင့် ​Mark က အားလပ်ရက်ရခဲ့ပါတယ်။ ဒါ​ဟာ သူ့ရဲ့ ကံကြမ္မာပါပဲ။

အဲ့ဒီ​နေ့က Mark တို့ ညီအကို ၂ ​ယောက်လုံး SM လူ​ရွေးပွဲကို ​​ဖြေဆိုခဲ့ကြပြီး ထိုစဉ်က အသက် ၁၃ နှစ်သာရှိ​သေးတဲ့ Mark ရဲ့ စိတ်အားထက်သန်မှု​ကြောင့် ဒိုင်​တွေက သူ့ကို ​ရွေးချယ်ခဲ့ပါတယ်။ သူ့ရဲ့အကိုက​တော့ ကံမ​ကောင်းစွာနဲ့ ကျရှုံးခဲ့ပါတယ်။

  1. Baekho

NU’EST အဖွဲ့ဝင် Baekho က​တော့ Jaeju မြို့မှာ ပြုလုပ်တဲ့ SuperStar K ပြိုင်ပွဲကို ဝင်ပြိုင်မယ့် သူငယ်ချင်းကို အား​ပေးဖို့ လိုက်သွားခဲ့ပါတယ်။ အဲ့ဒီပွဲမှာ ကုမ္ပဏီအများအပြားက မန်​နေဂျာ​တွေကလည်း အရည်အချင်းရှိတဲ့ သင်တန်းသားသစ်​တွေကို ​​ခေါ်ယူဖို့ ​ရောက်​နေခဲ့ကြပါတယ်။

အဲ့အချိန်မှာ Pledis Entertainment က မန်​နေဂျာတစ်​ယောက်က Baekho ကို မျက်စိကျသွားခဲ့ပြီး သီချင်းဆိုရတာ ဝါသနာပါရင် သူတို့ကုမ္ပဏီမှာ လူ​ရွေးပွဲလာ​ဖြေဖို့ ​​ကမ်းလှမ်းရင်း လိပ်စာကတ်ကို ​ပေးခဲ့ပါတယ်။ သူဟာ အားကစားကို ဝါသနာပါ​ပေမဲ့ သိချင်စိတ​်ကြောင့် ဆိုးလ်မြို့ကို သွား​ရောက်ကာ လူ​ရွေးပွဲကို ဖြေဆိုဖြစ်ခဲ့ပြီး NU’EST အဖွဲ့ရဲ့ main vocal အ​နေနဲ့ ပွဲဦးထွက်ခဲ့ပါတယ်။

  1. Xiumin

​​နောက်ဆုံးတစ်ဦးက​တော့ EXO အဖွဲ့ဝင် Xiumin ဖြစ်ပါတယ်။ Xiumin ဟာလည်း သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်တဲ့ သူငယ်ချင်းနဲ့ အ​ဖော်လိုက်သွား​ပေးရင်း သူငယ်ချင်းက ဝင်ပြိုင်ဖို့ အား​ပေးတာ​ကြောင့် အ​​ပျော်အ​နေနဲ့ ဝင်ပြိုင်ဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့ပြီး SM Entertainment မှာ သင်တန်းသားဖြစ်ဖို့ အခွင့်အ​ရေးကို ရရှိခဲ့ပါတယ်။ ဒီအဖြစ်အပျက်မတိုင်ခင်က သီချင်းဆိုခြင်းဟာ Xiumin အတွက် ဝါသနာတစ်ခုအဖြစ်သာ ရှိ​နေခဲ့ပြီး အားကစားတက္ကသိုလ်ကို တက်​ရောက်ဖို့ စီစဉ်ထားတာဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Tags: K-Pop Story