Spotify မှာ follower ၇ သန်း​ကျော်ရရှိတဲ့ တစ်ဦးတည်း​သော ကိုရီးယား solo artist ဖြစ်လာတဲ့ J-Hope

Spotify မှာ ပထမဆုံးဆိုတဲ့မှတ်တမ်း​တွေကို သိမ်းပိုက်ထားတဲ့ BTS အဖွဲ့ဝင် J-Hope ဟာ မကြာ​သေးခင်ရက်ပိုင်းကပဲ ကမ္ဘာ့အကြီးဆုံး music streaming platform ၁ခုဖြစ်တဲ့ Spotify မှာ follower ၇ သန်း​ကျော်ရရှိတဲ့ ပထမဆုံးနဲ့ တစ်ဦးတည်း​သော ကိုရီးယား တစ်ကိုယ်​​တော်အနုပညာရှင်အဖြစ် မှတ်တမ်းသစ်ကို တင်လိုက်နိုင်ပြန်ပါတယ်။ ဒါ​ကြောင့် J-Hope ဟာ follower အများဆုံး ကိုရီးယား တစ်ကိုယ်​​တော်အဆိုရှင်ဆိုတဲ့ မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလ ၇ ရက်​နေ့တုန်းက J-Hope ဟာ follower 1,367,980 ကို ရရှိပြီး follower 1,341,954 ကို ပိုင်ဆိုင်ထားတဲ့ G Dragon ကို ​ကျော်တက်ကာ Spotify မှာ follower အများဆုံး ကိုရီးယား solo artist ဖြစ်လာခဲ့ပါတယ်။ J-Hope ဟာ ဒီစံချိန်ကို ၂ နှစ်နဲ့ ၄ လ​ကျော်ကြာ​အောင် ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး ပရိုမိုးရှင်းမရှိ physical album မရှိပဲ Spotify မှာ follower ၇ သန်းကို ရရှိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ​နောက်ဆုံးထွက်ရှိထားတဲ့ တစ်ကိုယ်​တော်သီချင်းက​တော့ ၂၀၁၉ ခုနှစ် စက်တင်ဘာလက Becky G နဲ့ အတူသီဆိုထားတဲ့ Chicken Noodle Soup ဖြစ်ပြီး အဲ့ဒါမတိုင်ခင် ၂၀၁၈ ခုနှစ် မတ်လတုန်းက ‘Hope World’ ဆိုတဲ့ mixtape ကို music platform ​တွေမှာ အခမဲ့ဖြန့်ချီခဲ့ပါတယ်။ J-Hope ဟာ တစ်ကိုယ်​တော်သီချင်း ၈ ပုဒ်တည်းနဲ့ follower ၇ သန်းကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် J-Hope ဟာ ပထမဆုံးဆိုတဲ့ မှတ်တမ်း​တွေကို အများကြီး ပိုင်ဆိုင်ထားပါ​သေးတယ်။ သူဟာ “Hope World” mixtape နဲ့ Spotify မှာ stream တဲ့အကြိမ်​​ရေ ၁၀၀ မီလီယံ၊ ၂၀၀ မီလီယံ၊ ၃၀၀ မီလီယံထိ ​​ရောက်ရှိခဲ့တဲ့ ပထမဆုံး ကိုရီးယား solo artist ဖြစ်သလို ပွဲဦးထွက် album/mixtape နဲ့ ၃၀၀ မီလီယံ stream ကို ရရှိထားတဲ့ ပထမဆုံး ကိုရီးယားတစ်ကိုယ်​တော်အဆိုရှင်ဖြစ်ပါတယ်။J-Hope ဟာ Spotify မှာ ၅၀ မီလီယံ stream ​​ကျော်လွန်တဲ့ သီချင်း ၈ ပုဒ်ကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယား solo artist လည်းဖြစ်ပါတယ်။

ဒါတင်မက​သေးပဲ သူဟာ Spotify မှာ ၅၀ မီလီယံ stream ​​ရှိတဲ့ သီချင်း အများဆုံးကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယား solo artist လည်းဖြစ်သလို Spotify မှာ follower အများဆုံး အနုပညာရှင် အ​ယောက် ၂၀၀ ထဲမှာ ပါဝင်တဲ့ ပထမဆုံး ကိုရီးယားအဆိုရှင်ဖြစ်ပါတယ်။ J-Hope ဟာ Spotify မှာ follow အလုပ်ခံရဆုံး ကိုရီးယားအနုပညာရှင် ငါး​ယောက်ထဲမှာ အပါအဝင်လည်းဖြစ်ပါတယ်။ အခြား ၄ ​ယောက်က​တော့ BTS (37.35 မီလီယံ follower), BLACKPINK (23.95 မီလီယံ follower), TWICE (10 မီလီယံ follower) နဲ့ EXO (8.2 မီလီယံ follower) တို့ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်​နေ့တုန်းကလည်း Spotify မှာ follower အများဆုံး global artist စာရင်းထဲမှာ အဆင့် ၁၂၅ ချိတ်ခဲ့ပါတယ်။ BTS အဖွဲ့လိုက်​ရော အဖွဲ့ဝင် တစ်​ယောက်ချင်းစီရဲ့ ​အောင်မြင်မှု​တွေက​တော့ တကယ့်ကို အံ့မခန်းပါပဲ။ ဒါကလည်း အဖွဲ့ဝင်​တွေရဲ့ အစည်အချင်းနဲ့ ကြိုးစားအားထုတ်မှု​ကြောင့်သာမက ပရိသတ်​တွေရဲ့ အချစ်နဲ့အား​ပေးမှု​ကြောင့်လည်း ဖြစ်ပါတယ်။ Congratulations ပါ Hobi​ ​ရေ။ ​နောက်လည်း ဒီထက်မက ​အောင်မြင်မှု​တွေ ရရှိပါ​စေ​နော်။

Source : Allkpop
Photo : Twitter
Written : ZL

Tags: K-Pop Update