စိတ်ဝင်စားမှုတွေ မြင်တက်နေတဲ့ မင်းသားချော Li Xian ရဲ့ သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲတို

သြဂုတ်လ (၂၁) ရက်နေ့က မင်းသားချော Li Xian ရဲ့ အဖွဲ့ဟာ (၃) ရက်အတွင်း တရားဝင် ထုတ်လွှင့်ပြသမယ့် Li Xian ပါဝင်သရုပ်ဆောင်ထားတဲ့ သည်းထိပ်ရင်ဖို အခန်းဆက်ဇာတ်လမ်းတို (mini series) ရဲ့ Poster ကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖြန့်ဝေခဲ့ပါတယ်။ “11 LEFT” လို့အမည်ရတဲ့ ဒီဇာတ်လမ်းတိုဟာ တရုတ်နိုင်ငံက မင်းသားတစ်ယောက်ရဲ့ ပထမဆုံး ကိုယ်ပိုင် သည်းထိပ်ရင်ဖို ဇာတ်လမ်းတို ဖြစ်ပါတယ်။ ဩဂုတ်လ (၂၄) ရက်နေ့မှာ စတင်ထုတ်လွှင့်ပြသမယ့် ဒီဇာတ်ကားဟာ စတင်ရိုက်ကူးနေပြီဆိုတဲ့ အချိန်တည်းက စောင့်မျှော်နေသူတွေ များစွာရှိနေခဲ့တာ ဖြစ်ပါတယ်။

ဇာတ်လမ်းရဲ့ ပုံစံကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆော့ဝဲတစ်ခုကြောင့် ဂိမ်းတစ်ခုမှာ မတော်တဆပါဝင်သွားခဲ့ပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ အမျိုးမျိုးသော ပုံစံတူ ဂိမ်းဇာတ်ကောင်တွေကို အသုံးပြုကာ ပြဿနာတွေကို ကျော်လွှားရင်း ရှုပ်ထွေးမှုတွေကို ရှင်းလင်းရမှာ ဖြစ်ပါတယ်။ “11 LEFT” ဇာတ်လမ်းတွဲတိုရဲ့ တစ်ပိုင်းချင်းစီဟာ အချိန် (၅) မိနစ်၊ (၆) မိနစ်ခန့်သာ ကြာမှာဖြစ်ပေမယ့် သည်းထိပ်ရင်ဖို ဇာတ်လမ်းတွဲ ပုံစံအသစ်ကို ပရိတ်သတ်တွေ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဇာတ်အိမ်ဟာလည်း စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နက်နေပြီး အမျိုးမျိုးသော အနေအထား ပြောင်းလဲမှုတွေနဲ့ အချက်အလက်တွေကိုလည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ပုံမှန်မြင်နေကျ TV Drama ဇာတ်လမ်းတွဲတွေမှာ တွေ့ရလေ့ရှိတဲ့ ပုံစံမျိုးတွေကနေ ကွဲထွက်ပြီး လူတစ်ယောက်တည်းကို ဇာတ်ကောင်အခန်းကဏ္ဍ (၁၁) မျိုးနဲ့ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ဒီဇာတ်လမ်းတိုကို “AiYouTeng” ဆိုတဲ့ ထိပ်တန်းပလက်ဖောင်းကြီး သုံးခုဖြစ်တဲ့ IQIYI, Youku, Tencent တို့ကနေ ထုတ်လွှင့်ပြသမှာ မဟုတ်ပဲ အခြား ပလက်ဖောင်းတစ်ခုကနေ ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။ Li Xian ရဲ့ ကျော်ကြားမှုနဲ့ ထုတ်လွှင့်ပြသမယ့် ပလက်ဖောင်းရဲ့ လူသိများမှုတို့ကြောင့် Paly Volume နဲ့ပတ်သက်ပြီး စိုးရိမ်စရာ ပြဿနာကြီးကြီးမားမား မရှိဘူးလို့ ဆိုပါတယ်။

မင်းသားချော Li Xian အနေနဲ့လည်း ကိုယ်ပိုင်ပုံစံ (၁၁) ခုနဲ့ စရိုက် (၁၁) မျိုးကို ပြသရမယ့် လူတစ်ယောက်အနေနဲ့ ဒီလိုဇာတ်ညွှန်းကို လက်ခံတာ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ဇာတ်ကောင်တစ်ဦးရဲ့ အခန်းကဏ္ဍအရေအတွက်ကို မဆိုထားနဲ့ ဇာတ်ကောင်အားလုံးရဲ့ နာမည်တွေကို ပေါင်းပြီး နာမည်တပ်လိုက်ရုံနဲ့ လူတိုင်းကို လွယ်လွယ်ကူကူ ခေါင်းမူးသွားစေနိုင်ပါတယ်။ စိန်ခေါ်မှုတိုင်းဟာ အခွင့်အလမ်းများ ဖြစ်တာကြောင့် Li Xian အနေနဲ့ ဇာတ်ကောင်စရိုက် (၁၁) ခုကို ကောင်းစွာချပြမှု ပြီးမြောက်ခြင်းဟာ သူ့ရဲ့ အနာဂတ်မှာ ပိုမိုတောက်ပတဲ့ အခွင့်အလမ်းတွေအတွက် များစွာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ “11 LEFT” ဇာတ်လမ်းတွဲဟာ Li Xian အတွက် ပြည်တွင်းရုပ်ရှင်နဲ့ ရုပ်မြင်သံကြားနယ်ပယ်မှာ နောက်ထပ် မှတ်တိုင်သစ်တစ်ခုကို ဖန်တီးပေးနိုင်လိမ့်မယ်လို့လည်း ယုံကြည်စွာ ပြောဆိုနေကြပါတယ်။

Written : Nair Nair
Source : Sohu
Photos : Sohu