မြန်မာ့အ​ရေး​တော်ပုံအတွက် ဆု​တောင်းသီချင်းသီဆို​ပေးခဲ့ကြတဲ့ Laboum အဖွဲ့ဝင် Yujeong နဲ့ Soyeon

Laboum အဖွဲ့က​တော့ မြန်မာပရိသတ်​​တွေနဲ့ သိပ်ပြီးမရင်းနှီးတဲ့ underrated K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။၂၀၁၄ ခုနှစ် သြဂုတ်လမှာ Global H Media လက်​အောက်က​နေ ပွဲဦးထွက်ခဲ့ပြီး သူတို့ရဲ့ အဖွဲ့နာမည်က​တော့ ပြင်သစ်လို “ပါတီ” လို့ အဓိပ္ပါယ်ရပါတယ်။ အဖွဲ့ဝင် ၆ ​ယောက်ပါဝင်ပြီး “Petit Macaron” ဆိုတဲ့ single album နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ သူတို့ရဲ့ “Journey To Atlantis” ဆိုတဲ့သီချင်း​ဟောင်းတစ်ပုဒ်ဟာ ယခုနှစ်မှာ ကိုရီးယား music chart ​တွေမှာ ပြန်ပြီး ​နေရာယူခဲ့ပါ​သေးတယ်။

ယခု သြဂုတ်လ ၂၃ ရက်​နေ့မှာ ဒီ Laboum အဖွဲ့ထဲက အဖွဲ့ဝင် ၂ ဦးဖြစ်တဲ့ Yujeong နဲ့ Soyeon တို့ဟာ မြန်မာပြည်ရဲ့အ​ရေးကို သိရှိပြီး မြန်မာပြည်သူ​တွေအတွက် အား​ပေးဆု​တောင်းသီချင်း​လေးကို သီဆို​ပေးခဲ့ပါတယ်။ ဒီသီချင်း​လေးကို “မြန်မာ့​နွေဦး ၃ ခု​​မြောက် အ​ကြောင်းအရာ” လို့ ​ခေါင်းစဉ်တပ်ထားပြီး Gyeong Gi Arts Center နဲ့ ပူး​ပေါင်းပြီး ထွက်ရှိလာတဲ့ ပ​ရောဂျက်သီချင်း​လေးလို့ ယူဆရပါတယ်။ သီချင်း​လေးရဲ့ ​အမည်က​တော့ “The Prayer” ဖြစ်ပြီး ballad အမျိုးအစားသီချင်း​လေးဖြစ်ပါတယ်။

သီချင်း​လေးထဲမှာ မိုးအမြန်တိတ်ပြီး မြန်မာပြည်သူ​တွေထံ နွေဦး​ရောက်ပါ​​​စေ၊ ပန်း​လေး​တွေပွင့်လန်းပါ​စေဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့ စာသား​တွေပါဝင်​နေပြီး နိဂုံး​ရောက်ဖို့ မ​ဝေး​တော့​ကြောင်း၊ မြန်မာပြည်သူ​တွေအတွက် ဆု​တောင်း​ပေး​နေ​ကြောင်းကိုလည်း ထည့်သွင်းသီဆိုထားပါတယ်။ သီချင်း​လေးရဲ့ music video ထဲမှာဆိုရင်လည်း ​နွေဦး​​​တော်လှန်​ရေးမှာ ကျဆုံးသွားတဲ့ မကြယ်စင်ရဲ့ က​လေးဘဝက​နေ ​နောက်ဆုံးအချိန်အထိ ဇာတ်​ကြောင်း​လေးကို animation နဲ့ ဝမ်းနည်းဖွယ် သရုပ်​ဖော်ထားတာကို ​တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် သီချင်း​လေးကို ကိုရီးယားလို​​ရော မြန်မာလို​ပါ စာတန်းထိုး​ပေးထားတာ​ကြောင့် နားလည်ရလွယ်ကူ​စေမှာပါ။ ချိုသာပြီး ဆွဲငင်အား​ကောင်းတဲ့ အသံပိုင်ရှင် ၂ ​ယောက် သီဆိုထားတဲ့ ဝမ်းနည်းစရာ​ကောင်းသလို နား​ထောင်လို့ကောင်းတဲ့ သီချင်း​လေးဖြစ်တာ​ကြောင့် နားမ​ထောင်ရ​သေးရင် ခုပဲသွားပြီး နား​ထောင်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်​နော်။

Photo : Pinterest
Written : ZL

Tags: K-Pop Update