အဓိကဇာတ်လိုက်ထက်‌တောင် အကြင်နာပိုကာသနားခဲ့ရတဲ့ အရံဇာတ်ကောင်မင်းသားများ

ကိုရီးယားဇာတ်လမ်းတွေတင်မကဘဲ တရုတ်ကားတွေမှာလည်း Second Lead Syndrome ဖြစ်စေတဲ့ ဇာတ်ကောင်တွေရှိပါတယ်။ အဓိကဇာတ်လိုက်တွေထက်တောင်မှ အရံမင်းသားတွေကိုကြည့်ပြီး သူတို့တွေကိုပဲ အချစ်ပိုကာ သဘောကျခဲ့ရတဲ့မင်းသားတွေပဲဖြစ်ပါတယ်။ ဖော်ပြပေးမယ့်မင်းသား (၄) ဦးကတော့ ပရိသတ်တွေက အဓိကဇာတ်လိုက်ထက်တောင် ပိုပြီးအကြိုက်ခံရတဲ့ အရံမင်းသား (၄)ယောက်ပါပဲ။

Xiao Zhan

လက်ရှိအချိန်မှာ ထိပ်တန်းမင်းသားအဖြစ် ဇာတ်လိုက်နေရာကချည်း သရုပ်ဆောင်နေရသူ Xiao Zhan ကတော့ အတိတ်တုန်းက အရံမင်းသားအဖြစ်လည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ကျန့်ကော,ဆိုပြီး အများကချစ်စနိုးနဲ့အခေါ်ခံရတဲ့ Xiao Zhan ကတော့ Joy of life, Oh my Emperor နဲ့ The Wolf ဇာတ်လမ်းတွေထဲက ဇာတ်ကောင်တွေကို အများကတော်တော်သဘောကျခဲ့ကြပါတယ်။ ခပ်ဆိုးဆိုးခပ်တည်တည် ပုံစံလေးနဲ့ အချစ်လူဆိုးလေးပုံစံကတော့ အဓိကမင်းသားတွေထက်တောင် သူ့ကို အချစ်ပိုစေခဲ့ပါတော့တယ်။

Liu Xueyi

မင်းသား Liu Xueyi ကိုတော့ The Destiny of White Snake နဲ့ Love & Redemption ထဲမှာ မကြိုက်တဲ့သူမရှိတဲ့အထိ စွဲလန်းခဲ့ကြပါတယ်။ အချစ်စစ်နဲ့ချစ်ခဲ့ပြီး ကိုယ်မြတ်နိုးတဲ့မိန်းမ‌တစ်ယောက်အတွက် အနစ်နာခံစွန့်လွှတ်ပြီး ချစ်ပြသွားတဲ့ပုံစံလေးသာ ကြည့်နေသူတိုင်းကို ကြွေစေခဲ့တာပါ။ အဓိကဇာတ်လိုက်လိုကို သဘောကျခံခဲ့ရတဲ့ ဇာတ်ကောင်ပါပဲ။

Bi Wenjun

Idol group ဖြစ်တဲ့ NEXT ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Bi Wenjun ဟာဆိုရင် In a Class of Her Own ထဲမှာ ပါဝင်သရုပ်‌ဆောင်ပြီးနောက်ပိုင်း ပရိသတ်အချစ်တော်လေးဖြစ်လာခဲ့ပါတယ်။ ပညာတတ်ကုန်သည်မိသားစုအသိုင်းအဝိုင်းရဲ့ သခင်လေးအဖြစ်သရုပ်ဆောင်ရင်း ဇာတ်လမ်းတစ်ခုလုံးကို ပိုမိုကြည့်ကောင်း ပံ့ပိုးဆွဲဆောင်နိုင်ခဲ့တဲ့ အရန်ဇာတ်လိုက်လေးကို မချစ်ဘဲ မနေနိုင်လောက်အောင်ပါပဲ။

Luo Yunxi

လက်ရှိမှာ နာမည်ကြီးမင်းသားဖြစ်နေတဲ့ Luo Yunxi နာမည်ကြီးဇာတ်လမ်းတွဲ Ash of Love ထဲမှာ အရံမင်းသားအဖြစ် ပါဝင်ရိုက်ကူးပြီး ပရိသတ်အချစ်ကို ရရှိခဲ့သူပါ။ ဇာတ်လိုက်မင်းသမီးရဲ့ အယုံကြည်ရဆုံးမိတ်ဆွေဖြစ်ပြီး အရာရာကို ကိုယ်ကျိုးစွန့်အ‌နစ်နာခံဖို့ အသင့်ဖြစ်နေခဲ့တဲ့ ဇာတ်ကောင်ပုံစံကို အဓိကဇာတ်လိုက်မင်းသားထက်တောင် ပိုပြီး နှစ်သက်ခဲ့ကြပါသေးတယ်။ ဒီဇာတ်ကောင်ကြောင့် Luo Yunxi ရဲ့ ပရိသတ်တွေဖြစ်လာခဲ့သူတွေ အများကြီးပါပဲ။

Source: Cdramabase
Photos: Weibo
Translated by Julix