Lisa လေးရဲ့ Solo Debut အတွက် ပုံစံမျိုးစုံနဲ့ Support နေကြတဲ့ BLACKPINK အဖွဲ့ဝင်များ

BLACKPINK အဖွဲ့ဝင်လေး Lisa ကတော့ မကြာခင်မှာပဲ solo debut လုပ်တော့မှာပါ။ August 22 ရက်နေ့တုန်းက Lisa လေးရဲ့ ပထမဆုံး Poster ထွက်လာခဲ့တာကြောင့် ပရိသတ်တွေဆိုရင် ရုတ်ရုတ်သဲသဲဖြစ်ပြီး ပျော်ရွှင်ကာစိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ အထူးသဖြင့် BLACKPINK အဖွဲ့ဝင်တွေဟာ ပရိသတ်တွေထက်တောင် ပိုပြီး ပျော်ရွှင်နေတဲ့အပြင် Lisa လေးအတွက်လည်း ပုံစံမျိုးစုံနဲ့ကို Support နေကြပါတော့တယ်။

ပထမဆုံးသူလေးကတော့ Rosé ပါ။ Lisa’s solo debut အတွက် သူမရဲ့ ပျော်ရွှင်မှုနဲ့ စိတ်လှုပ်ရှားနေပုံလေးကို “coming soon” (မကြာခင် လာမည်) ဆိုပြီး ရိုးရှင်းစွာရေးသားကာ Instagram story မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

အကြီးဆုံးအစ်မကြီး Jisoo ကဆိုရင် YG Entertainment ကနေ teaser ဓာတ်ပုံထုတ်မပေးခင်ကတည်းက spoiler ပေးခဲ့တာပါ။ ပရိသတ်တစ်ယောက်က Lisa ရဲ့ Solo Debut က ဘယ်တော့လဲဆိုပြီး‌ Weverse ကနေတဆင့် မေးခဲ့တာကို “coming soon” လို့ ‌ပြန်ဖြေပေးခဲ့တာဖြစ်ပါတယ်။

နာရီအနည်းငယ်ကြာပြီးတဲ့နောက် သူမရဲ့ IG Story မှာ Lisa ရဲ့ ပုံလေးကို တင်ပေးခဲ့ပါတော့တယ်။ ထူးထူးခြားခြားအနေနဲ့ Lisa ရဲ့ခေါင်းပေါ်မှာ သရဖူလေးတောင် ‌ဆောင်းပေးထားခဲ့ပြီး “Lalalalisa finally 💛” လို့ရေးရင်း သူမရဲ့ ပျော်ရွှင်နေမှုကို ဖော်ပြခဲ့ပါတယ်။

ဒါ့အပြင် Jisoo ရဲ့ support မှုကြီးကတော့ တကယ်ကို အဆုံးမရှိပါပဲ။ Lisa တင်ထားတဲ့ပုံအောက်မှာကို အီမိုဂျီတွေအများကြီးနဲ့ သွားမန့်လိုက်ပါသေးတယ်။ သရဖူ၊ တလက်လက်တောက်နေတဲ့အရာလေး၊ အဝါရောင်အသည်းလေး၊ ပန်းလေးတွေနဲ့ ကြောင်ပုံလေးကိုသုံးပြီး Lisa ကို အားပေးနေကြောင်း ပြသခဲ့တာဖြစ်ပါတယ်။ Jennie ကတော့ Lisa ကို ယုံကြည်ကြောင်း “She Coming” လို့ အားပြင်းပြင်းနဲ့ရေးသားကာ Lisa ကို support ပေးခဲ့ပါတယ်။

ဆိုလိုချင်တာကတော့ Lisa ဟာ အားလုံးကို အပိုင်သိမ်းဖို့ လာနေပြီဆိုပြီး သွယ်ဝိုက်ပြောလိုက်တာပါပဲ။ Lisa ရဲ့ တကိုယ်တော်သီချင်းအတွက် တကမ္ဘာလုံးက ပရိသတ်တွေက ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်နေကြပြီး အထူးသဖြင့် BLACKPINK အဖွဲ့ဝင်တွေကတော့ ပရိသတ်တွေထက်တောင် ပိုပြီး ရင်ခုန်နေပုံပါပဲ။

Source: Koreaboo
Photos: Instagram
Translated by Julix

Tags: K-Pop Update