Channel 7 ရဲ့ နာမည်အကြီးဆုံး ထိပ်တန်း ထိုင်းမင်းသမီး (၅) ဦး

Thai channel 7 ကလည်း ထိုင်းဖျော်ဖြေရေးလောကမှာ နေရာတစ်ခုရယူထားတဲ့အေဂျင်စီတစ်ခုပါ။ တစ်နှစ်ပြီးတစ်နှစ် နာမည်ကြီးမင်းသမီးတွေလည်း မွေးထုတ်ပေးနိုင်ခဲ့ပြီး လက်ရှိ ပရိသတ်တွေကြားမှာ နာမည်အကြီးဆုံး CH7 ရဲ့ ထိပ်တန်းမင်းသမီး (၅) ဦးကတော့ အောက်ပါအတိုင်းပါပဲ။

Aum Patchrapa

Thai channel 7 နဲ့ လက်တွဲအလုပ်လုပ်ခဲ့တဲ့ အနှစ် (၂၀) ကျော်ရှိနေပြီဖြစ်တဲ့ ပင်တိုင်စံမင်းသမီး Aum Patchrapa ကတော့ ထိုင်းမင်းသမီးတွေထဲမှာ ထိပ်တန်းမင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ကျွမ်းကျင်မှုတွေနဲ့ သူမရဲ့ကျော်ကြားအောင်မြင်မှုကို အမြဲထိန်းထားနိုင်သူလေးပါပဲ။ သတင်းတွေအရ Aum ဟာ ဇာတ်လမ်းသစ်တစ်ခုကို ရိုက်ကူးပြီး ပရိသတ်တွေရှေ့မှောက်ကို တဖန်ပြန်ရောက်လာတော့မယ်လို့ ကြားနေရပါတယ်။

Tubtim Anyarin

မင်းသမီးကြီး Tubtim ကလည်းပဲ Thai channel 7 နဲ့ တွဲဖက်အလုပ်လုပ်နေခဲ့တာ နှစ်တွေအတော်ကြာပါပြီ။ Tubtim Anyarin လို့ပြောရင် သရုပ်ဆောင်ပီပြင်မှုတွေနဲ့ အားမာန်အပြည့်ပါတဲ့လက်စွမ်းတွေကို ပြေးမြင်ကြမှာပါ။ ဇာတ်လမ်းပေါင်းများစွာလည်း ရိုက်ကူးဖူးသူဖြစ်လို့ ထိုင်းပရိသတ်ကြီးဆိုရင် Tubtim ကို ကောင်းကောင်းသိကြပါတယ်။ လာမယ့်နှစ်မှာတော့ “Sao 5” ဆိုတဲ့ အက်ရှင်ဇာတ်ကားကို ယနေ့ခေတ်ပုံစံနဲ့ပြန်လည်ရိုက်ကူးသွားမယ့်အထဲမှာ ပါဝင်နေပါတယ်။

Thisa Varitthisa

မင်းသမီးချော Thisa Varitthisa ကို အရင်ကတည်းက ထိုင်းဇာတ်လမ်းတွေကြည့်လာတဲ့သူတွေက သေချာသိကြပါတယ်။ Thai channel 7 ရဲ့ အရည်အချင်းပြည့်မင်းသမီးတစ်လက်ဖြစ်တာကြောင့် Thisa ရိုက်သမျှကားတိုင်းက နာမည်ကြီးစမြဲပါပဲ။ မကြာခင်မှာတော့ သူမရဲ့ ဇာတ်လမ်းသစ် ၂ ခုဖြစ်တဲ့ “Sai Leurd Song Huajai” နဲ့ “Kem Sorn Plai” တို့ကို ပြသနိုင်ချေရှိနေပါတယ်။

Now Tisanart

ဇာတ်လမ်းတွဲပေါင်းများစွာမှာ သူမရဲ့ သရုပ်ဆောင်အရည်အချင်းကိုပြသနိုင်ခဲ့တဲ့ channel ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ “Mae Bia” ဒရမ်မာကလည်း ကြည့်ရှုသူတွေကို မလွတ်တမ်းကြည့်ချင်မိတဲ့အထိ ဆွဲဆောင်အားပြင်းခဲ့ပါသေးတယ်။ ဒါ့အပြင် “Sroi Nakee” ဆိုတဲ့ဇာတ်လမ်းသစ်ကိုလည်း မကြာခင် ကြည့်ရဦးမှာပါ။

Mookda Narinrak

အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာ ၅ နှစ်ကျော်လောက်ပဲ ရှိသေးတဲ့ Mookda Narinrak ကတော့ အချိန်တိုလေးအတွင်းမှာပဲ အကြီးအကျယ်အောင်မြင်ခဲ့ပြီး Thai channel 7 ရဲ့ နာမည်အကျော်ကြားဆုံး ထိပ်တန်းမင်းသမီးအဖြစ် ရပ်တည်နေပါတယ်။

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အများအပြားရရှိထားပြီး လာမယ့်နှစ်မှာတော့ သူမရဲ့ အကောင်းဆုံးတွဲဖက်မင်းသား Kem Hussawee နဲ့ ထပ်မံတွဲဖက်ရိုက်ကူးထားတဲ့ ဇာတ်လမ်းသစ် “Khoei Baan Rai Sapai Hi-So” လည်း ထွက်လာမှာမို့လို့ ယခုထက်တောင် ပိုပြီး နာမည်ကြီးလာဦးတော့မှာပါ။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Story