ယခုနှစ်ထဲမှာ မင်္ဂလာသတင်းကြားရမယ်လို့ ထင်​ကြေး​ပေးခံ​နေရတဲ့ ကိုရီးယားမင်းသမီး ၃ ဦး

၂၀၂၁ ခုနှစ်ဟာ ကိုရီးယား idol ​တွေနဲ့ မင်းသားမင်းသမီး​တွေရဲ့ အချစ်​ရေးနဲ့ ပတ်သက်ပြီး အံ့အားသင့်စရာ သတင်း​တွေ ​ကောလဟာ​လ​တွေ အများကြီး ထွက်​ပေါ်ခဲ့တဲ့ နှစ်တစ်နှစ်ဖြစ်ပါတယ်။ တချို့ကလည်း ဒီနှစ်ထဲမှာ ကိုယ့်ရဲ့ ​ပျော်ရွှင်စရာ အချစ်​ရေးကို ​ဖော်ထုတ်ခဲ့ကြသလို တချို့အနုပညာရှင်စုံတွဲ​တွေက​တော့ အ​ကြောင်းအမျိုးမျိုး​ကြောင့် လမ်းခွဲခဲ့ကြပါတယ်။ ဒီလိုအနုပညာရှင်စုံတွဲ​တွေထဲမှာမှ ပရိသတ်အား​ပေး​ထောက်ခံမှုကို ရရှိပြီး နှစ်အ​တော်ကြာ ခိုင်မာစွာလက်တွဲထားတဲ့ စုံတွဲ​တွေလည်းရှိပါတယ်။ ယခု​ဖော်ပြ​ပေးချင်တာက​တော့ ယခုနှစ်ထဲမှာ မင်္ဂလာသတင်းကြားရမယ်လို့ ​ထင်​ကြေး​ပေးခံနေရတဲ့ ကိုရီးယားမင်းသမီး ၃ ဦးဖြစ်ပါတယ်။ အဲ့ဒီမင်းသမီး​တွေက​တော့

1. Son Ye Jin

Son Ye Jin နဲ့ Hyun Bin တို့ရဲ့ dating သတင်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်​နေ့မှာ Dispatch က ထုတ်​ဖော်ခဲ့ပြီး​နောက် ၂၀၂၁ ခုနှစ်ရဲ့ အ​​ကောင်းဆုံးစုံတွဲလို့​တောင် ​တင်စား​ခေါ်ဆိုခံခဲ့ရပါတယ်။ ဘာလို့လဲဆို​တော့ သူတို့ ၂ ဦး လူသိရှင်ကြား စတွဲပြီး​နောက် ကမ္ဘာတစ်လွှားက ပရိသတ်​တွေရဲ့ တစ်ခဲနက် အား​ပေး​ထောက်ခံမှုကို ရရှိခဲ့လို့ပါပဲ။ သူတို့ ၂ ဦးဟာ “Crash Landing On You” ဇာတ်ကားရိုက်ကူးရင်း ​​မေတ္တာမျှပြီး သာယာတဲ့ အချစ်ခရီးလမ်းကို အတူ​လျှေုာက်လှမ်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။Hyun Bin နဲ့ Son Ye Jin တို့ရဲ့ မင်္ဂလာသတင်းနဲ့ ပတ်သက်ပြီး ယခုနှစ်ထဲမှာ ကိုရီးယားသတင်းမီဒီယာ​တွေက​နေ ​ကောလဟာလမျိုးစုံ ​ပေါ်ထွက်ခဲ့သလို သူတို့ ၂ ဦးကလည်း အိမ်​ထောင်ပြုဖို့ အသင့်​တော်​ဆုံးအရွယ်ကို ​ရောက်​နေပြီမို့ ပရိသတ်​တွေဟာ ဒီနှစ်ထဲမှာ Son Ye Jin ကို သတို့သမီးဝတ်စုံနဲ့ မြင်ရဖို့ စိတ်အားထက်သန်စွာ ​စောင့်​မျှော်​နေကြပါတယ်။

2. Park Shin Hye

Park Shin Hye နဲ့ Choi Tae Joon တို့ ၂ ​ယောက် တွဲ​နေကြတာဟာ ယခုဆို ၃ နှစ်​ခန့်ရှိပြီဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ Chung Ang University ကို အတူတက်​ရောက်ရင်း စတင်သိကျွမ်းခဲ့ကြတာဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ ၂ ​ယောက်ဟာ ဘိုးလင်းပစ်တဲ့ ကစားနည်းကို ဝါသနာပါကြပါတယ်။ Park Shin Hye နဲ့ Choi Tae Joon တို့ဟာ သူတို့ရဲ့ ​နေအိမ်အနီးအနားက ပန်းခြံနဲ့ ဆိုင်​တွေမှာ ချိန်း​တွေ့တတ်ကြပြီး သူငယ်ချင်း​တွေနဲ့ ​လျှောက်လည်တတ်တယ်လို့ ကိုရီးယားသတင်းဌာန​တွေက ​ဖော်ပြဖူးပါတယ်။ ယခုနှစ် ​မေလ ၁၈ ရက်​နေ့မှာ မင်းသား Choi Tae Joon ဟာ စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီဖြစ်တဲ့အတွက် သူတို့ ၂ ဦးရဲ့ လက်ထပ်ပွဲအတွက် လျှို့ဝှက်ပြင်ဆင်​နေပြီလို့ ပရိသတ်​တွေက ယူဆ​နေကြပါတယ်။ အကယ်လို့ ဒီ​ကောလဟာသသာ မှန်ခဲ့မယ်ဆိုရင် Park Shin Hye ဟာလည်း ယခုနှစ်ရဲ့ အလှဆုံးသတို့သမီး​တွေထဲကတစ်ဦးဖြစ်လာ​တော့မှာပါ။

3. Shin Min Ah

Shin Min Ah နဲ့ Kim Woo Bin တို့ဟာလည်း ပရိသတ်အား​ပေး​ထောက်ခံမှုအများဆုံးရရှိထားပြီး အချစ်ခံရဆုံး အနုပညာရှင်စုံတွဲတစ်တွဲဖြစ်ပါတယ်။ သူတို့ရဲ့ အချစ်စစ်က​တော့ တကယ်ကို ​လေးစားအားကျစရာပဲဖြစ်ပါတယ်။ မင်းသား Kim Woo Bin ဟာ သူ့ရဲ့ချစ်သူ Shin Min Ah ရဲ့ အကူအညီနဲ့ ယခုနှစ်အ​စောပိုင်းမှာ သူ့ရဲ့လည်ပင်းကင်ဆာ​​ရောဂါကို အရှင်း​ပျောက်ကင်း​အောင် ကုသနိုင်ခဲ့ပြီး အနုပညာအလုပ်​​တွေကို ပြန်လည်လုပ်ကိုင်​နေပြီဖြစ်ပါတယ်။ သူတို့ ၂ ဦးဟာ ​သေခြင်းတရားကို အနိုင်ယူဖို့အတွက် အတူလက်တွဲပြီး ၃ နှစ်ခန့် တိုက်ပွဲဝင်ခဲ့ရပါတယ်။ ဒါ​ကြောင့် သူတို့ ၂ ဦးရဲ့ အချစ်စစ်ကို ​အား​ပေး​ထောက်ခံတဲ့ ပရိသတ်​တွေဟာ ယခုနှစ်ထဲမှာ Shin Min Ah ကို ကမ္ဘာ​ပေါ်မှာ အလှဆုံး သတို့သမီး​လေးအဖြစ် ​မြင်​တွေ့ရဖို့ ​​မျှော်လင့်​နေကြပါတယ်။

Source : lovekpop95
Photo : Pinterest
Written : ZL

Tags: K-Pop Story