Celebrity News

၂၀၂၁ ခုနှစ်အတွက် ရုပ်အ​ချောဆုံး ​ယောကျ်ား​လေးအဖြစ် မီဒီယာ ၂ ခုက ​သတ်မှတ်တာကို ခံလိုက်ရတဲ့ V

BTS အဖွဲ့ဝင် V က​တော့ သူ့ရဲ့ သဘာဝလွန်ရုပ်ရည်နဲ့ ကမ္ဘာကြီးကို ညို့ငင်ဖမ်းယူ​နေဆဲပါပဲ။ ဘာလို့လဲဆို​တော့ ယခုနှစ်မှာလည်း မီဒီယာဌာန ၂ ခုက​နေ V ဟာ “၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ​ပေါ်မှာ ရုပ်ရည်အ​ချော​မောဆုံး ​ယောကျ်ား​လေး” အဖြစ် ​ကြေငြာလိုက်လို့ပါပဲ။ ​

ဖျော​်ဖြေ​ရေး website တစ်ခုဖြစ်တဲ့ ‘BESTTOPPERS’ က​တော့ မကြာ​သေးခင်ကပဲ “၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ​ပေါ်မှာ ရုပ်ရည်အ​ချော​မောဆုံး ​ယောကျ်ား​လေး ၁၀ ဦး” စာရင်းကို ထုတ်ပြန်​ကြေငြာခဲ့ပြီး V က နံပါတ် ၁ ​နေရာကို သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီမီဒီယာက V ကို “BTS အဖွဲ့ဝင်​တွေထဲမှာ အ​ချောဆုံးဖြစ်တဲ့ V ဟာ သူ့ရဲ့ အသံနဲ့ ရုပ်ရည်​ကြောင့် လူသိများပါတယ်” ဆိုပြီး အမွှန်းတင်​​ရေးသားထားပါတယ်။

​နောက်ထပ် ​ဖျော်​ဖြေ​ရေး website တစ်ခုဖြစ်တဲ့ ‘The Bulletin Times’ က​လည်း V ကို “၂၀၂၁ ခုနှစ်အတွက် ရုပ်ရည်အ​ချော​မောဆုံး ​ယောကျ်ား​လေး” အဖြစ် သတ်မှတ်ခဲ့ပြီး global handsome man ဆိုတဲ့ သူ့ရဲ့ဂုဏ်ပုဒ်ကို ပိုပြီးထင်ရှားခိုင်ခံ့​စေခဲ့ပါတယ်။ V ဟာ visual နဲ့ ပတ်သက်​တဲ့ title ​တွေကို မ​ရေမတွက်နိုင်​အောင် ရရှိထားပြီး ဒီလို title အများအပြားကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံး ကိုရီးယားအနုပညာရှင်ဖြစ်တာ​ကြောင့် “Korea ရဲ့ ဂုဏ်သိက္ခါ” လို့လည်း သတ်မှတ်​ခံထားရပါတယ်။

လက်ရှိမှာ V နဲ့ပတ်သက်တဲ့ TheQoo က post တစ်ခုကလည်း hot category ထဲဝင်​နေပြီး trend ဖြစ်​နေပါတယ်။ အဲ့ဒီ post မှာဆိုရင် Knetizen ​တွေက V ရဲ့ “၂၀၂၁ ခုနှစ်အတွက် ရုပ်ရည်အ​​​ချော​မောဆုံး ​ယောကျ်ား​လေး” အဖြစ် ​ရွေးချယ်ခံရခြင်းနဲ့ သူ့ရဲ့ visual title ​တွေနဲ့ ပတ်သက်ပြီးဆွေး​​နွေးထားတာဖြစ်ပါတယ်။ အဲ့ဒီ post ​အောက်မှာ V ကို မျက်ဝါးထင်ထင်​တွေ့မြင်ဖူးကြတဲ့သူ​တွေကလည်း “ကျွန်မ pre-recording သွားရင်း သူ့ကို အနီးကပ်မြင်ဖူးတယ်။

လုံးဝ လက်​တွေ့မဆန်တဲ့ရုပ်ရည်မျိုးပဲ။ Anime ထဲက ထွက်လာသလိုလို CG လိုလိုပဲ”၊ “ကျွန်မ သူ့ကို Lotte Concert မှာ​တွေ့ဖူးတယ်။ သူ့ရဲ့ ရုပ်ရည်က တကယ်ကို လက်​​တွေ့မဆန်ဘူး” စသဖြင့် သူတို့ရဲ့ အ​​တွေ့အကြုံကို မျှ​ဝေပြီး V ရဲ့ ရုပ်ရည်ကို ချီးမွမ်း​ပြောဆိုခဲ့ကြပါတယ်။ V က​တော့ တကယ့်ကို လူတိုင်းက အသိအမှတ်ပြုရတဲ့ visual ကို ပိုင်ဆိုင်ထားတဲ့ “visual king” ပါပဲ။

Source : Allkpop
Photo : Pinterest
Written : ZL

Tags: K-Pop Update