ပရိသတ်တွေရဲ့အကြိုက်အတိုင်း ထိုင်းဇာတ်လမ်းစုံတွဲတွေရဲ့ နောက်တစ်ကြိမ်ပေါင်းဆုံမှုများ

ကြည့်ပြီးသားထိုင်းကားတွေထဲမှာ အတွဲညီညီသရုပ်ဆောင်နိုင်တာကြောင့် အတူတူထပ်ပြီး နောက်ထပ်ဇာတ်လမ်းအသစ်ရိုက်ကူးဖို့ မျှော်လင့်ဖူးကြမှာပါ။ မကြာခင်ထွက်ရှိလာတော့မယ့်ဇာတ်လမ်းတွေကဆိုရင် ပရိသတ်တွေရဲ့အကြိုက်ဖြစ်တဲ့ ဇာတ်လမ်းစုံတွဲရဲ့ နောက်တစ်ကြိမ်ပေါင်းဆုံမှုကို မြင်ရတော့မှာပါ။

Nine Naphat & Baifern Pimchanok

၂၀၁၉ တုန်းကထွက်ခဲ့တဲ့ “Friend Zone” ဇာတ်ကားထဲမှာ Nine နဲ့ Baifern တို့ရဲ့ အပေးယူယူရှိရှိသရုပ်ဆောင်ချက်တွေကိုတော့ မမေ့နိုင်လောက်ပါဘူး။ ဒီစုံတွဲလေးကို ထပ်တွဲပြီးမြင်ချင်နေကြတဲ့ပရိသတ်ကြီးတို့ကတော့ “Sroi Sabunga” ဆိုတဲ့ ဇာတ်လမ်းသစ်လေးကို စောင့်ကြည့်အားပေးရမှာပါ။ Nine နဲ့ Baifern တို့ရဲ့ ထပ်မံပေါင်းစည်းမှုဖြစ်ပြီး ဇာတ်လမ်းရိုက်ကူးရေးက ၇၀% အထိ ပြီးစီးနေပြီလည်း ဖြစ်ပါတယ်။

Mai Warit & Oom Eisaya

ဒီချစ်စရာကောင်းတဲ့ဇာတ်လမ်းစုံတွဲလေးကတော့ “Poot Mae Nam Khong” ဆိုတဲ့ ဇာတ်လမ်းသစ်ကို တွဲဖက်ရိုက်ကူးထားပြန်ပါတယ်။ Mai Warit နဲ့ Oom Eisaya တို့ရဲ့ ပထမဆုံးလက်တွဲရိုက်ကူးခဲ့တဲ့ဇာတ်လမ်းက ၂၀၁၉ တုန်းကထွက်ခဲ့တဲ့ “Kaew Klang Dong” ဇာတ်လမ်းပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကြောင့် Mai နဲ့ Oom အတွဲလေးကိုကြိုက်သွားရင်တော့ အသစ်ထွက်လာမယ့်ကားလေးကို သေချာပေါက်ကြည့်သင့်ပါတယ်။

Pope Thanawat & Bella Ranee

ထိုင်းနိုင်ငံရဲ့အလိုက်ဖက်ဆုံးဇာတ်လမ်းစုံတွဲလို့တောင် သတ်မှတ်ခံထားရတဲ့ Pope နဲ့ Bella တို့က နောက်တစ်‌ခေါက် ထပ်မံတွဲဖက်ပြီး “Prom Likit” ကို ရိုက်ကူးထားပါတယ်။ နာမည်ကြီးခဲ့တဲ့ “Buppesunnivas” ရဲ့ Season 2 လည်း ဖြစ်ပါတယ်။

Mario Maurer & Kimmy Kimberley

ဇာတ်လမ်းသစ်ဖြစ်တဲ့ “Mor Luang” ထဲမှာ အဓိကဇာတ်လိုက်တွေအဖြစ် Mario Maurerနဲ့ Kimmy Kimberley တို့ အတူတွဲဖက်ရိုက်ကူးမယ့်သတင်းထွက်ရှိပြီးတဲ့နောက် ပရိသတ်တွေ တော်တော်ပျော်နေကြပါတယ်။ ဒီစုံတွဲကို ထပ်မံတွဲဖက်ပြီးမြင်ရဖို့ တော်တော်လေးမျှော်လင့်ခဲ့ကြတာလည်းဖြစ်ပါတယ်။

Ohm Kanin & Prim Prima

“Sapai Jao Sua” ထဲမှာ ဇာတ်လမ်းစုံတွဲတွေအဖြစ် တွဲဖက်သရုပ်ဆောင်ပြီးနောက် အားလုံးရဲ့အချစ်ကို ရရှိခဲ့တာကတော့ Ohm Kanin နဲ့ Prim Prima ပါပဲ။ ထူးထူးခြားခြားကို လိုက်ဖက်နေတာမို့လို့ ဒီအတွဲကို ထပ်ပြီးမြင်တွေ့ရဖို့ မျှော်ခဲ့ကြရပြီး အခုချိန်မှာတော့ “Pah Nang Suer” ဇာတ်လမ်းသစ်ကို ရိုက်ကူးထားပါတော့တယ်။

Kem Hussawee & Mookda Narinrak

“So Wayree” ဇာတ်လမ်းထဲမှာ လိုက်ဖက်လွန်းလို့ တကယ့်ချစ်သူ‌တွေဖြစ်လာဖို့အထိ အားပေးခဲ့ကြတဲ့ Kem Hussawee နဲ့ Mookda Narinrak တို့ကတော့ နောက်တစ်ကြိမ် ထပ်မံတွဲဖက်ပြီး “Khoei Baan Rai Sapai Hi-So” ကို ရိုက်ကူးထားပြီး ဒီဇာတ်လမ်းပြီးရင်တော့ သူတို့နှစ်ယောက် တကယ်ကိုတွဲဖြစ်သွားကြဖို့ကိုပါ ဆုတောင်းနေကြတာဖြစ်ပါတယ်။

Ko Vasin & Pinkploy Paparwadee

အတွဲညီညီသရုပ်ဆောင်နိုင်တဲ့ Ko Vasin နဲ့ Pinkploy Paparwadee တို့ကတော့ remake ဇာတ်လမ်းတွဲဖြစ်တဲ့ “Prang Sanaeha” မှာ နောက်တစ်ကြိမ်တွဲဖက်ရိုက်ကူးထားပြီး ဘယ်လိုတွေ လိုက်ဖက်ညီမှုတွေ ပြသသွားမလဲဆိုတာ ရင်ခုန်စရာပဲဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Story