Lisa ရဲ့ solo debut အတွက် ရင်ခုန်စိတ်လှုပ်ရှား​နေ​ကြောင်း ​ပြောပြခဲ့တဲ့ BLINK ​လေး Jessi

K-Pop အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် Idol ၁ဦးဦး comeback ပြုလုပ်​တော့မယ်လို့ ​ကြေငြာလိုက်ပြီဆိုတာနဲ့ ပရိသတ်​တွေဟာ သူတို့ရဲ့ ​ပျော်ရွှင်စိတ်လှုပ်ရှားမှုကို ဆိုရှယ်မီဒီယာ​​တွေမှာ ​ဖော်ပြ​လေ့ရှိပါတယ်။ လတ်​တ​လောမှာ​တော့ Idol ​တွေ debut သို့ comeback ပြုလုပ်မယ်ဆိုတာနဲ့ fan ​တွေဟာ Twitter ကို​ပြေးပြီး Idol ​တွေရဲ့ ​အေဂျင်စီ​တွေကို အရာတစ်ခု​တောင်းဆိုတတ်ကြပါတယ်။

အဲ့ဒါက​တော့K-Pop Idol/Rapper Jessi ရဲ့ အပတ်စဉ်ပြသ​နေကြ အင်တာဗျူးရှိုးတစ်ခုဖြစ်တဲ့ “Showtertview With Jessi” မှာ ပါဝင်ဖို့ပါပဲ။ Jessi ဟာ မကြာ​သေးခင်ကပဲ သူမရဲ့ ပရိသတ်​တွေနဲ့ စကားစမြည်​ပြောဖို့ Instagram မှာ Live လွှင့်ခဲ့ပါတယ်။ ထုံးစံအတိုင်းပဲ ပရိသတ်​တွေဟာ သူတို့နှစ်သက်တဲ့ Idol ​တွေကို Jessi ရဲ့ ရှိုးမှာ ပါဝင်ခွင့်ရဖို့ ​comment ​တွေ မန့်ပြီး ​တောင်းဆိုကြပါ​တော့တယ်။

အဲ့ဒီ comment ​တွေထဲမှာ ပုံမှန်​တောင်းဆို​နေကြဖြစ်တဲ့ ATEEZ, Stray Kids နဲ့ GOT7 တို့အပြင် Lisa အတွက်လည်း ပါဝင်လာခဲ့ပါတယ်။ BLACKPINK အဖွဲ့ဝင် Lisa တစ်​ယောက် တစ်ကိုယ်​တော်ပွဲဦးထွက်ပြုလုပ်​တော့မယ်ဆိုတဲ့ ​သေချာသွားတဲ့အချိန်မှာ ပရိသတ်​တွေဟာ သူမကို Jessi ရဲ့ ရှိုးမှာ မြင်​တွေ့ရဖို့ ​မျှော်လင့်​နေကြပါတယ်။

ဒါ​ပေမဲ့ Lisa ကို အဲ့ဒီရှိူးမှာ မြင်​တွေ့ချင်တာ BLINK ​တွေတင်မကပါဘူး။ Jessi ရဲ့ Instagram Live အတွင်း ပရိသတ်​တွေက Lisa ကို Showterview ကို ဖိတ်ကြားဖို့ ထပ်တလဲလဲ ​တောင်းဆို​နေတာ​​ကို Jessi က သတိထားမိသွားပြီး သူမလည်း Lisa ကို သူမရဲ့ရှိုးမှာ မြင်​တွေ့ချင်တဲ့အတွက် ဒီကိစ္စကို အ​ကောင်အထည်​ဖော်​ပေးဖို့ ပရိသတ်​တွေရဲ့ အကူအညီကို​တောင် ပြန်​တောင်းခံခဲ့ပါတယ်။

Jessi က “Lisa ကို Jessi ရဲ့ Showterview မှာ မြင်ချင်ပါတယ်” ဆိုပြီး YG ကို email ပို့ကြဖို့ ပရိသတ်​တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒီလိုအကြံ​ပေးပြီး​နောက်မှာ​တော့ Jessi က Lisa ကို ဘယ်​လောက်ထိ ချစ်မြတ်နိုးပြီး Lisa ရဲ့ debut အတွက် ဘယ်​လောက်ထိ စိတ်လှုပ်ရှား​နေ​ကြောင်း ​ဖော်ပြခဲ့ပါတယ်။

Jessi က “သူမ debut လုပ်​တော့မယ်။ ကျွန်မအရမ်းစိတ်လှုပ်ရှား​နေတယ်။ မင်းတို့သိတဲ့အတိုင်းပဲ ကျွန်မ Lisa ကို ချစ်တယ်။ သူမက အရမ်း talent ရှိတယ်။ သူမဟာ ကျွန်မအတွက်​တော့ အ​​​ကောင်းဆုံး​တွေထဲက တစ်​ယောက်ပဲ။ ဒါ​ပေမဲ့ လူတိုင်းရဲ့ အကြိုက်က​တော့ မတူနိုင်ဘူး​ပေါ့​လေ” လို့ ​ပြောကြားရင်း သူမဟာ BLINK တစ်ဦးဖြစ်​ကြောင်း သက်​သေပြခဲ့ပါတယ်။

ဆက်လက်ပြီး Jessi က Lisa ရဲ့ talent ကို ချီးကျူးခဲ့ပါ​သေးတယ်။ “သူမက အ​ကောင်းဆုံး dancer ​တွေထဲကတစ်​ယောက်ပဲ။ သူမက ရုပ်ရည်​ရော အရာအားလုံးကို ပိုင်ဆိုင်ထားတယ်။ ကျွန်မ သူ့ရဲ့ debut ကို မ​စောင့်နိုင်​တော့ဘူး” ဆိုပြီး သူမရဲ့ စိတ်လှုပ်ရှားမှုကို ​ဖော်ပြခဲ့ပါတယ်။

Jessi ဟာ သူမရဲ့ ရှိုးမှာ BLACKPINK ကို မြင်​တွေ့ချင်​ကြောင်း ယခင်ကလည်း ​ပြောပြဖူးပြီး Lisa ကို ချစ်စရာ​ကောင်းတယ်လို့လည်း မကြာမကြာ ချီးကျူးဖူးပါတယ်။ ဒါ့အပြင် Lisa နဲ့ Jisoo တို့ဟာ Jessi ရဲ့ “NUNU NANA” challenge အတွက် SBS Inkigayo backstage မှာ Jessi နဲ့အတူ တွဲကခဲ့ဖူးပါ​တယ်။

Jessi နဲ့ Lisa တို့ဟာ အမှီအခိုကင်းပြီး သန်မာတဲ့ မိန်းမသား​တွေဖြစ်တာ​ကြောင့် သူတို့ ၂ ဦးကို ရှိုးတစ်ခုတည်းမှာ မြင်ရရင် အရမ်းကို စိတ်ဝင်စားစရာ​ကောင်းမှာအ​သေအချာပါပဲ။ ယခင်ကလည်း Chungha, Solar, Tiffany, Joy နဲ့ Soyeon တို့လို solo artist ​တွေဟာ Jessi ရဲ့ Showterview မှာ ပါဝင်ခဲ့ဖူးပြီး ​ပျော်စရာအချိန်ကို ပိုင်ဆိုင်ခဲ့သလို အ​တွေ့အကြုံ​တွေလည်း ရရှိခဲ့ပါတယ်။

ဒါ​ကြောင့် Lisa လည်း ဒီရှိုးမှာ ပါဝင်ခဲ့မယ်ဆိုရင် သူမရဲ့ solo promotion အတွင်း ​ပျော်စရာအချိန်ကို ရရှိမှာဖြစ်သလို သူမရဲ့ personality ကိုလည်း အပြည့်အဝပြသနိုင်မှာဖြစ်ပါတယ်။ ဒါ​ပေမဲ့ ဒီကိစ္စကို အ​ကောင်အထည်​ဖော်ဖို့အတွက်က​တော့ Jessi နဲ့ BLACKPINK ပရိသတ်​​တွေက YG ကို ​ပြင်းပြင်းထန်ထန် တောင်းဆိုရမှာဖြစ်ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Tags: K-Pop Update