ပိုမိုပြင်းထန်လာတဲ့စွပ်စွဲချက်တွေနဲ့ တစ်ဖက်သတ်လုပ်ဆောင်ချက်တွေကို ငြင်းချက် မရှိခံယူနေရတဲ့ Kris Wu

တရုတ်နိုင်ငံသုံး Sina Weibo မှာ ဩဂုတ်လ ၂၄ ရက်နေ့တုန်းက အကောင့်ပေါင်း ၁၄၅ ခုကို ပိတ်ချခဲ့တယ်လို့ဆိုပါတယ်။ ဒီအကောင့်တွေထဲမှာတော့ Kris Wu ကို ယုံကြည်စွာနဲ့ အဆုံးထိကာကွယ်ပြောဆိုပေးနေတဲ့အကောင့်တွေပါ ပါဝင်ခဲ့ပြီး “လူ့အသိုက်အဝန်းကို ထိန်းသိမ်းစောင့်ရှောက်နေမှုအား ပျက်ပြားစေသည့် သတင်းမှားဖြန့်ခြင်း” ဆိုတဲ့မှတ်ချက်နဲ့ ပိတ်ချပစ်တာဖြစ်ပါတယ်။

တရုတ်-ကနေဒါနိုင်ငံသား Kris Wu ဟာဆိုရင် “မိန်းမငယ်လေးတွေအား ဆွဲဆောင်ဖြားယောင်းပြီး အလိုမတူဘဲ အကြိမ်ကြိမ်ဖျက်ဆီးတယ်” ဆိုတဲ့ စွပ်စွဲချက်တွေကို ခံခဲ့ရပြီး ဒီအမှုကိုစုံစမ်းဖို့အတွက် ဇူလိုင် ၃၁ ရက်နေ့ကတည်းက ထိန်းသိမ်းခံလိုက်ရတာဖြစ်ပါတယ်။ တရုတ်အာဏာပိုင်တွေရဲ့ (၂)ပတ်ကြာ တစ်ဖက်သတ်စုံစမ်းမှုတွေပြုလုပ်ခဲ့ပြီးနောက် ပြစ်မှုကျူးလွန်ကြောင်းသံသယဖြင့် Kris ကို ဖမ်းဆီးထိန်းချုပ်ဖို့ အမိန့်ချခံလိုက်ရပါတယ်။ Kris ကတော့ တရားဝင်လူမှုစာမျက်နှာအားလုံးကို ပိတ်ချခံလိုက်ရတာဖြစ်တဲ့အတွက် ဘာတစ်ခုမှ လျှောက်လဲပြောဆိုခွင့်မရခဲ့ပါဘူး။

အခုတစ်ခါမှာလည်း Kris မှာ အပြစ်မရှိကြောင်း ယုံကြည်မှုတာကြောင့် ကာကွယ်ပြောဆိုပေးနေတဲ့အကောင့်တွေကိုပါ Weibo ကနေ ဖျက်ချခံလိုက်ရပါတယ်။ အကောင့်ပေါင်း ၁၄၅ ခုထဲမှာ Kris Wu ရဲ့ ဘက်တော်သားပရိသတ်တွေ ဘယ်နှစ်ယောက်ပါဝင်သွားသလဲဆို‌တာကိုတော့ အတိအကျ သေချာမသိရသေးတဲ့အခြေအနေဖြစ်ပါတယ်။ ဒီအဖြစ်မျိုးက အခုမှဖြစ်ခဲ့တာမျိုးတော့မဟုတ်ပါဘူး။ ၂၀၁၆ တုန်းကလည်း Kris နဲ့ပတ်သက်တဲ့ စွပ်စွဲခံရမှုတွေကို ကာကွယ်ငြင်းဆိုပေးခဲ့တဲ့သူတွေကိုလည်း အကောင့်တွေအား ရပ်တန့်ပစ်ဖူးပြီး သူတို့ရဲ့လုပ်ရပ်အတွက်တောင်းပန်ပြီးခါမှ ပြန်လည်သုံးစွဲခွင့်ရခဲ့မျိုးလည်း ဖြစ်ဖူးခဲ့ပါသေးတယ်။ ယခုတစ်ခါ အကောင့်ပေါင်း ၁၄၅ ခုကိုလည်း သတင်းမှားတွေနဲ့ အုံကြွအောင်လုပ်တယ်,လို့ မှတ်ချက်ပေးကာ ဖျက်ချပစ်ခဲ့တာဖြစ်ပါတော့တယ်။

Kris ကော ထာဝရယုံကြည်နေတဲ့ပရိသတ်တွေပါ ကျဉ်းကြပ်တဲ့အခြေအနေထဲရောက်နေတဲ့အချိန်မှာပဲ နောက်ထပ် ကောလဟာလသတင်းတွေက Webio မှာ ထပ်ပြီးပြန့်လာခဲ့ပြန်ပါတယ်။ Kris ဟာ မိန်းမယူပြီးသားဖြစ်ပြီး သူရဲ့မိန်းမဂာ လက်ရှိမှာ ၂ နှစ်အရွယ်သမီးလေးကို တစ်ယောက်တည်း ပြုစုပျိုးထောင်နေရတယ်,လို့ သတင်းတွေထပ်ပြီး ထွက်လာခဲ့ပြန်ပါတယ်။ Kris ဖက်က ဘာမှငြင်းဆိုပိုင်ခွင့်မရသေးတဲ့အချိန်မှာ ဒီလိုကောလဟာလသတင်းကြီးကတော့ တော်တော်ဆိုးရွားလွန်းလှပါတယ်။ ထပ်ပြီး ပြောနေကြတဲ့စွပ်စွဲချက်တွေကိုပြောရရင် – Kris ရဲ့ မိန်းမဖြစ်ပုံပေါ်တဲ့ကောင်မလေးဟာ နာမည်ကြီးသူလေးဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ဂုဏ်သတင်းအမွှေးဆုံးတက္ကသိုလ်မှာလည်း တက်ရောက်ထားသူဖြစ်ပါတယ်တဲ့။ အခုတော့ Kris နဲ့ရတဲ့ ၂ နှစ်အရွယ်သမီးလေးကို တစ်ယောက်တည်း စောင့်ရှောက်နေရတယ်, ဆိုပြီး သတင်းပြန့်နေပြန်ပါတယ်။ ဘာတစ်ခုကိုမှ တုန့်ပြန်လို့မရအောင် ပိတ်ပင်ခံထားရတဲ့ Kris အနေနဲ့ ဒီလိုသက်သေမရှိတဲ့ ကောလဟာလစွပ်စွဲချက်ကြီးကို ဘယ်လိုမျိုးရင်ဆိုင်သွားရဦးမလဲဆိုတာ တကယ်ကိုစိတ်ပူစရာပါပဲ။ မျိုးစုံပေါ်ထွက်နေတဲ့ ကောလဟာလတွေဟာ Kris ကို အဆုံးထိ ဆွဲချဖျက်ဆီးဖို့များ အကွက်ချထားသလားလို့တောင် ထင်မှတ်နေရပါပြီ။

Source: GlobalTimes, Allkpop
Photos: Twitter
Translated by Julix