အားလုံးကို သပ်ချမဲ့ စာသားတွေပါတဲ့ အမိုက်စား Kpop သီချင်းများ

ပရိသတ်ကြီးတို့ ခုချိန်ခါမှာ စိတ်ဓာတ်တွေ ကျနေရင် ဒီသီချင်းလေးတွေ နားထောင်ကြည့်ကြပါအုံး။ စိတ်ကို မြှင့်တင့်ပြီး confidence အပြည့် ဖြစ်သွားမှာမို့ တကယ့် Power boost သီချင်း တွေပါဘဲ။ Kpop သီချင်းတွေက သိတဲ့အတိုင်း music gene အစုံ ပေါင်းစပ်ထားတာမို့ နားထောင်လိုက်တိုင်း ဘာမှနားမလည်ရင်တောင် လူကိုမြူးကြွစေတာတော့အမှန်ပါ။

ဒါပေမဲ့ စာသားတွေကလည်း Powerful ဖြစ်တာမို့ အဓိပ္ပာယ်သိရင် နှစ်ဆပိုတက်ကြွစေမှာ အာမခံပါတယ်။ ဒါကြောင့် အားလုံးကို သပ်ချမဲ့ Savage သီချင်းစာသားတွေပါတဲ့ Kpop သီချင်းတွေကို ခုလို ညွှန်းပေးလိုက်ပါတယ်။

  1. “Boss” by NCT U

Bass-heavy beat သံတွေ သုံးထားတဲ့ ဒီသီချင်းလေးကတော့ နားထောင်လိုက်ရင် သီချင်းနာမည်အတိုင်း boss တစ်ယောက်လို ခံစားနေရမှာပါ။ “ကမ္ဘာကြီး တခုလုံးကို မင်းနဲ့အတူ သိမ်းပိုက်မယ်.. ငါ မင်းကိုဦးဆောင်မဲ့ boss တစ်ယာက်” ဆိုတဲ့ စာသားတွေကြောင့် လွှင့်နေမှာသေချာပါတယ်။

  1. Pretty Savage by BLACKPINK

BLACKPINK သီချင်းတွေကတော့ အများအားဖြင့် confidence ဖြစ်စေတဲ့ သီချင်းတွေ များပါတယ်။ ဒီသီချင်းဆိုလည်း ကိုယ့်အလှကို အားငယ်နေတဲ့ မိန်းကလေးတွေ နားထောင်သင့်ပါတယ်နော်။ “ငါက ခပ်မိုက်မိုက်(black) ဆိုလည်း ဟုတ်တယ် .. နူးနူးညံ့ညံ့ (pink) ဆိုလည်း ဟုတ်တယ်.. ငါ အလိုရှိရာကို ငါကြိုက်သလို ပြောင်းနိုင်တယ်” ဆိုတဲ့ စာသားတွေက ပုံစံခွက်ထဲ အတင်းလိုက်သွင်းနေတဲ့သူတွေကို ရိုက်ချလိုက်သလိုပါဘဲ။

  1. “LA DI DA” by EVERGLOW

Hater တွေ ကိုယ့်ကို နှောင့်ယှက်နေရင် EVERGLOW ရဲ့ “LA DI DA” သီချင်းလေးနဲ့ ချေချလိုက်နော်။ catchy ဖြစ်ပြီး retro ပုံစံ တီးလုံးတွေ သုံးထားတဲ့ ဒီသီချင်းမှာ “Hater တွေအတွက် ငါ့မှာ အချိန်မရှိဖူး..ခု အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်ပြီ” ဆိုတဲ့စာသားတွေပါ ပါတယ်။

4.“MIC Drop” by BTS

BTS ရဲ့ Mic Drop က တော့ သီချင်းကလည်း အရမ်းမြူးသလို စာသားတွေကလည်း အလန်းကြီးပါ။ ကိုယ့်အောင်မြင်မှုကို ကြွယ်တဲ့ စာသားတွေပါလို့ တကယ့် mood booster သီချင်းပါ။ “နောက်ထပ် အောင်ပွဲဆု ရပြန်ပြီ ငါ့ရဲ့ လက်နှစ်ဖက်နဲ့ မနိုင်လောက်အောင် အရမ်းလေးပြီး မရေမတွက်နိုင်အာင် ဆုတွေက များလိုက်တာ” စတဲ့ စာသားတွေပါ ပါတယ်။

  1. “WANNABE” by ITZY

ဘေးကနေ ဘာလုပ်ပါ ညာလုပ်ပါနဲ့ အပြစ်ပြောဝေဖန်တဲ့သူတွေရှိပါတယ်။ ဘေးစကားကြောင့် စိတ်ဓာတ်မကျဘဲ ကိုယ့်ဖြစ်တည်မှုကို ယုံကြည်ချက်အပြည့်နဲ့ ရှင်သန်ဖို့ ITZY ရဲ့ wannabe သီချင်းကို နားထောင်သင့်ပါတယ်။ “ဘယ်သူ ဘယ်ဝါတွေ ဖြစ်နေဖို့ မလိုဖူး …ငါက ဒီတိုင်းလေးဘဲ ငါဖြစ်နေတဲ့အချိန်မှာ ပြီးပြည့်စုံတယ်” ဆိုတဲ့ စာသားလေးတွေက ခွန်အားဖြစ်စေမှာပါ။

6.“So What” by LOONA

Loona ရဲ့ “So What” ဆိုတဲ့ သီချင်းကတော့ ကိုယ့်အလိုရှိရာကို ဘာမှဂရုမစိုက်ဘဲ လုပ်လိုက်ဖို့ အားတက်စေမဲ့ သီချင်းလေးပါ။ “အမြင့်ထိ ပျံသန်းလိုက်… မင်းအလိုရှိရင် အားလုံးကိုအရယူလိုက် ဘာလို့လည်းဆိုတော့ မင်းက ဘာအပြစ်မှဆိုလို့မရအောင် တောက်ပနေပြီးသားလေ” စတဲ့ စာသားတွေပါ ပါတယ်။

7.”Power” By EXO

EXO ရဲ့ power သီချင်းကတော့ နားထောင်လိုက်ရင် energy အပြည့်ရလွန်းလို့ 2018 အိုလံပစ်ပွဲမှာတောင် အားကစားသမားတွေအတွက် ဖွင့်ပေးခဲ့ရတဲ့ သီချင်းပါ။ “တွန့်ဆုတ်မနေနဲ့ ရှေ့ဆက်သွားမယ်..အချိန်မရှိဖူး.. မင်းအနာဂတ်က မင်းရဲ့ စိတ်ကူးစိတ်သန်းပေါ်မူတည်တယ်..မင်းရဲ့အကြောက်တရားကို အဝေးကို လွှင့်ပစ်လိုက်” စ တဲ့ စာသားတွေကြောင့် ကြောက်စိတ်တွေကို အနိုင်ယူမဲ့ သီချင်းကောင်းပါ။

ကဲ .. သီချင်းတွေကတော့ ရှယ်ဘဲနော်။ ဘယ်ဟာကို အမြဲနားထောင်ဖြစ်ကြလည်း။အဆွေးသီချင်းတွေဘဲ နားထောင်မနေဘဲ ဒီလို သီချင်းတွေနဲ့ တနေ့တာကို energy အပြည့်နဲ့ ဖြတ်သန်းကြည့်နော်

Source: Koreaboo
Written: Violet

Tags: K-Pop Story