Celebrity News

အမေရိကန်က Movie ဝေဖန်ရေးသမားတွေတောင် ချီးကျူးနေကြတဲ့ Chanyeol ရဲ့ “The Box” Movie

EXO အဖွဲ့ဝင် Chanyeol ပါဝင်သရုပ်ဆောင်ထားတဲ့ “The Box” movie ကတော့ ထွက်ရှိတာ နှစ်တစ်ဝက်တောင် ရှိပါပြီ။ တောင်ကိုရီးယားက ပရိတ်သတ်တွေရဲ့ ကြည့်ရှုနှုန်းကို NAVER Movie Database က ခုလို ထုတ်ပြန်ပေးခဲ့ပါတယ်။

K netizen တွေရဲ့ rating တွေ အားလုံး ခြုံကြည့်ရင် 8.76/10 တောင် ရထားပါတယ်။ ကြည့်ရှုသူတွေရဲ့ အသက်အရွယ်နဲ့ gender ကို ဆန်းစစ်ကြည့်လိုက်တဲ့အခါမှာ male နဲ့ female က 50:50 ထပ်တူအချိုးကျနေတာကို တွေ့ရပါတယ်။ အသက် 10 နှစ်အရွယ်ကနေ 50 ကျော်တဲ့သူတွေပါ ကြည့်ကြတာကို အံ့အားသင့်ဖွယ်တွေ့ရပါတယ်။

စဆုံး သေချာကြည့်ရှုတဲ့သူတွေကတော့ rating ကြယ်တွေပါ ပေးခဲ့ကြပြီး ဇာတ်ကားမှာပါတဲ့ OST တွေ သီချင်းတွေကြောင့် ကြည့်ရတာ ဇာတ်ရှိန်တက်တယ်လို့ဆိုကြပါတယ်။ သူတို့ရဲ့ review တွေကိုလည်း ခုလိုချန်ခဲ့ပါတယ်။

“ဇာတ်ကားရဲ့ plot ကနေ OST တွေ အဆုံး အရမ်းကောင်းတယ်။ တီးလုံးသံကြားရထဲက စိတ်ကျေနပ်မှုအပြည့်ရတယ်။ အခွင့်အရေးရှိရင် သေချာပေါက် နောက်တစ်ခေါက်ထပ်ကြည့်အုံးမှာ” “ဘယ်လောက်တောင် ကောင်းတဲ့ movie လည်း .. တကယ်လို့ မင်းရဲ့စိတ်ဝိဥာဉ်ကို မြှင့်တင့်ဖို့ heart warming movie ကြည့်ဖို့ လိုနေတယ်ဆိုရင် ဒီကားကိုကြည့် ကြည့်”

“ကောင်းမွန်တဲ့ musical movie ဘဲ။ ကြည့်ရတာ အရမ်းတန်တယ်.. ဒီကားကိုကြည့်တာ ငါကိုယ်တိုင် trip ထွက်နေရသလို ခံစားရတယ်။ မိုက်တယ်” “ခုလိုကပ်ရောဂါဆိုက်နေတုန်း အပြင်မသွားရတဲ့အချိန်မှာ ကြည့်သင့်တဲ့ Perfect movie တခုပါ”

ဒီဇာတ်ကားဟာ moive ဝေဖန်ရေးသမားတွေရဲ့ အညွှန်းတွေ အများကြီးရခဲ့ပါတယ်။American ရဲ့ Yahoo Lifestyle က Brayan Tan ဆိုတဲ့ ဇာတ်ကားဝေဖန်ရေးသမားဆိုလည်း Chanyeol ရဲ့ acting skill နဲ့ vocal ကို ခုလို ဝေဖန်ခဲ့ပါတယ်။

“တီးလုံးငြိမ်ငြိမ်လေးနဲ့ Chanyeol ရဲ့ အသံဟာ လိုက်ဖက်လွန်းလို့ ဒီ ဇာတ်လမ်းလေးဟာ heart warming ဖြစ်စေခဲ့တယ်။ Chanyeol ရဲ့ သီးခြားနေလိုပြီး ချစ်စရာကောင်းပြီး ရှက်ကြောက်တတ်တဲ့ သရုပ်ဆောင်ချက်တွေဟာ Ji-hoon Character နဲ့ကွက်တိဘဲ” Korean site တခုကလည်း ခုလို ဝေဖန်ခဲ့ပါတယ် “Chanyeol ရဲ့ husky voice နဲ့ တူရိယာမျိုးစုံကို တီးခတ်နိုင်တဲ့ သူ့ talent ဟာ တကယ့်ကို အထင်ကြီးစရာပါဘဲ။

ကြည့်ရှုသူတွေဟာ သူရဲ့ သီချင်းဆိုစွမ်းရည်အောက်မှာ ကျရှုံးသွားတယ် ထင်ပါတယ်။ သူ့ရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကလည်း စွဲမက်စရာဘဲလေ” အညွှန်းတွေကတော့ ရှယ်မိုက်နေပြီနော်။ မကြည့်ရသေးရင်ကြည့်ကြည့်ကြပါအုံး။ ကြည့်ပြီးတဲ့သူတွေလည်း ထပ်ကြည့်ဖို့ အစီအစဉ်ရှိကြမယ်ထင်ပါတယိ။

source: koreaboo
written: violet