Online ပေါ်မှာ ပျံ့နှံ့နေတာတွေနဲ့ ပက်သက်ပြီး လက်ရေးစာနဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့တဲ့ Lucas

WayV အဖွဲ့ဝင်ဖြစ်တဲ့ Lucas ဟာ လတ်တလောမှာ နောက်ထပ် WayV အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Hendery နဲ့ တွဲပြီး “Jalapeño” ဆိုတဲ့ Single song ကို ဟိုးတလောထဲက ထွက်ရှိဖို့စီစဉ်နေတာပါ။ ဒီနေ့ 25 ရက်နေ့မှာ MV ထွက်မယ်လို့ အသိပေးထားပေမဲ့ ခုတော့ အဆိုပါ သီချင်းထွက်ရှိဖို့ကို Label V က အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ပါတယ်။

ဖြစ်ပုံကတော့ မနေ့တနေ့လောက်က စပြီး Lucas ရဲ့ ရည်းစားဟောင်းဆိုပြီး internet ပေါ်မှာ rumor တွေ ပြန့်လာတာပါ။ Rumor တွေနဲ့ ပက်သက်ပြီး Fan တချို့ကတော့ ဒါဟာ edit တွေပါဆိုတာ သက်သေပြခဲ့ကြပေမဲ့ SM ကတော့ Artist ကို မကာကွယ်တဲ့အပြင် ထုံးစံအတိုင်း လုံလောက်တဲ့ ဖြေရှင်းချက်တွေ statement တွေကို မထုတ်ပေးခဲ့ပါဖူး။

Lucas ဘက်ကတော့ ဒီကနေ့မှာ သူ့ကိုယ်ပိုင် Instagram ကနေ ခုလို လက်ရေးစာကို တင်ပေးလာခဲ့ပါတယ်။ “Lucas Wong Yuk Hei ပါ။ ကျွန်တော်ကြောင့် နာကျင်ရတဲ့ ပရိသတ်တွေကို အနူးအညွှတ်တောင်းပန်ပါတယ်။ တောင်းပန်ဖို့ ကျေးဇူးပြု၍ အခွင့်အရေးပေးပါ။ ကျွန်တော်တကယ်ဘဲ စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော့်ကို အမြဲတမ်း support ပေးပြီး အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို တကယ်တောင်းပန်ပါတယ်။

အားလုံးကို စိတ်ပျက်အောင်လုပ်မိလို့ အားနာမိပါတယ်။ ပြီးခဲ့တဲ့ရက်တွေက ကျွန်တော် အတိတ်မှာ လုပ်ခဲ့တဲ့ကိစ္စတွေကို ပြန်သုံးသပ်ဆင်ခြင်နေတာပါ။ ကျွန်တော်ရဲ့ အမှားတွေကြောင့် ကျွန်တော့်ကို အားပေးနေတဲ့ ပရိသတ်တွေလျော့ကုန်တာကို ကျွန်တော် ရှင်းရှင်းလင်းလင်း သဘောပေါက်ပါတယ်။

ကျွန်တော့်ရဲ့ လုပ်ရပ်တွေကြောင့် စိတ်ထိခိုက်ရတဲ့သူတွေကို ထပ်ပြီး လေးလေးနက်နက်တောင်းပန်ပါတယ်။ ဒါမျိုးတွေ လုံးဝထပ်မဖြစ်ရဖို့ ကျွန်တော်အာမခံပါတယ်။ ကျွန်တော့်လုပ်ရပ်တွေ သေချာသုံးသပ်ဖို့ ကျွန်တော့်ရဲ့ activities တွေကို အချိန်အတိုင်းအတာတခုလောက် နားမှာပါ။ နောက်ဆုံးအနေနဲ့ ကျွန်တော်ရဲ့ member တွေ, ကျွန်တော်ရဲ့ စီးပွါးဖက် partner တွေနဲ့ Company Staff, TV Show Staff တွေကိုလည်း ကျွန်တော်ကြောင့် အဆင်မပြေဖြစ်စေတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် တကယ် စိတ်မကောင်းပါဖူး”

SM Artist တွေဘက်က rumor တွေ ဒီလို ခဏခဏ ကြုံနေရတာဟာ စိတ်ထိခိုက်စရာပါဘဲ။ SM Entertainment ဘက်က ဖြေရှင်းချက်တွေ တာဝန်ယူမှုတွေ နှောင့်နှေးတာက ပိုစိတ်ကုန်စရာကောင်းပါတယ်။ Artist တွေက တော်သလောက် SM က သိပ်ကာကွယ်မပေးနိုင်တာ တော်တော်ဆိုးဆိုးပါဘဲ။

Source: Koreaboo
Written: Violet

Tags: K-Pop Update