Brand Promotion ​တွေမှာ Jisoo ပုံကို ဖယ်ချန်ထားခဲ့တာ​ကြောင့် ​​​ဝေဖန်ပြစ်တင်ခံ​နေရပြန်တဲ့ Adidas

ကမ္ဘာ​ကျော် K-Pop မိန်းက​လေးအဖွဲတစ်ဖွဲ့ဖြစ်တဲ့ BLACKPINK ဟာ Adidas brand အတွက် ambassador ​တွေဖြစ်တယ်ဆိုတာကို​တော့ အားလုံးသိပြီးသားဖြစ်မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း BLACKPINK အဖွဲ့ဝင်​တွေဟာ သူတို့ရဲ့ ​ပေါ်ပြူလာဖြစ်မှုနဲ့ ​တောက်ပတဲ့ visual ​တွေကို အသုံးပြုကာ Adidas အတွက် campaign များစွာမှာပါဝင်ခဲ့ပြီး ပရိုမိုးရှင်းလုပ်​ပေးခဲ့ပါတယ်။

ဒါ​ပေမဲ့ လက်ရှိမှာ ဒီ brand ဟာ သူတို့ရဲ့ ပရိုမိုးရှင်းပုံ​တွေမှာ Jisoo ရဲ့ ပုံကို တမင်ဖယ်ချန်ထားခဲ့တယ်လို့ BLACKPINK ပရိသတ်​​တွေက ​ပြောဆို​နေကြပြီး စိတ်ဆိုး​ဒေါသထွက်​နေကြပါတယ်။ BLINK ​တွေဟာ Adidas ရဲ့ အမျိုးမျိုး​သော ​ကြော်ငြာပုံ​တွေကို ဆိုရှယ်မီဒီယာမှာ မျှ​ဝေခဲ့ပြီး Jisoo ရဲ့ပုံ​တွေကို ဖယ်ချန်ထားမှုအ​ပေါ် စိတ်ဆိုး​ဒေါသထွက်​နေ​ကြောင်းကို ပြသခဲ့ပါတယ်။

ပရိသတ်တစ်​ယောက်ဟာဆိုရင်ခည်း Adidas gear မှာရှိတဲ့ ​အောက်ပါပုံကို Twitter မှာ မျှ​ဝေခဲ့ပါတယ်။ ပုံမှာ​တွေ့ရတဲ့အတိုင်း ကျန်တဲ့အဖွဲ့ဝင် ၃ ​ယောက်အတွက် တစ်ဦးချင်းပုံ​တွေကို ချိတ်ဆွဲထားပြီး Jisoo ရဲ့ တစ်​ယောက်တည်းပုံကို​တော့ ချိတ်ဆွဲထားတာမ​တွေ့ရပဲ အဖွဲ့လိုက်ပုံမှာသာ Jisoo ကို ​တွေ့ရပါတယ်။

ဒီပုံကို ​တွေ့ပြီး​နောက် တခြား BLINK ​တွေကလည်း အလားတူဖြစ်ရပ်​​တွေကို မျှ​ဝေခဲ့ပါတယ်။ Adidas ဟာ သူတို့ရဲ့ website, video နဲ့ marketing /branding ​တွေမှာ Jisoo ကို ဖယ်ချန်ထားခဲ့တဲ့ ဖြစ်ရပ်​တွေ ယခင်ကလည်း ရှိခဲ့ပါတယ်။

Jisoo က​​တော့ သူမရဲ့ ဆိုရှယ်မီဒီယာ​မှာ​ရော ​နေ့စဉ်ဝတ်စားဆင်ယင်တဲ့​နေရာမှာပါ Adidas ကို ပရိုမိုးရှင်းလုပ်​ပေး​ပေမဲ့ Adidas က​တော့ ခုလိုဆက်ဆံတာ​ကြောင့် များစွာ​​သော ပရိသတ်​တွေဟာ အရမ်းကို စိတ်ဆိုး​နေကြပါတယ်။ ဒါ့အပြင် Jisoo စီးပြခဲ့ဖူးတဲ့ Adidas ဖိနပ်တစ်မျိုးဟာ စင်ကာပူနိုင်ငံရဲ့ online store နဲ့ offline store ၂ ခုလုံးမှာ sold out ဖြစ်ခဲ့ဖူးပါတယ်။

ဒီပြဿနာဟာ အာရုံစိုက်မှုရလာတာနဲ့အမျှ “ADIDAS RESPECT JISOO” ဆိုတဲ့ စာသားဟာ ကမ္ဘာတစ်လွှားက ပရိသတ်​တွေရဲ့ tweet ၁ သိန်း​ကျော်နဲ့အတူ worldwide trending ဖြစ်လာခဲ့ပါတယ်။ ပရိသတ်​တွေဟာ Adidas ဆီက ​တရားဝင်ဖြေရှင်းချက်နဲ့ ​တောင်းပန်မှုကို လိုချင်ရုံသာမက YG Entertainment က တစ်စုံတစ်ရာ လုပ်​ပေးဖို့ကိုလည်း ​မျှော်လင့်​နေကြပါတယ်။

ဘာလို့လဲဆို​တော့ အဖွဲ့ဝင်​တွေအားလုံး တန်းတူအခွင့်အ​ရေးရဖို့နဲ့ မမျှမတဆက်ဆံမခံရဖို့ကို YG ဘက်က အာရုံမစိုက်ခဲ့တာ​ကြောင့် သူတို့မှာ တာဝန်ရှိတယ်လို့ ယုံကြည်ထားလို့ပါပဲ။ Adidas နဲ့ YG Entertainment ဘက်က ခုထိ တုံ့ပြန်မှုတစ်စုံတစ်ရာ မရှိ​သေး​​ပေမဲ့ မကြာခင်မှာ ဒီပြဿနာကို ​ဖြေရှင်း​ပေးဖို့ ပရိသတ်​တွေက ​မျှော်လင့်​နေကြပါတယ်။

Source : Koreaboo
Photo : Koreaboo
Written : ZL

Tags: K-Pop Update