လတ်​တ​လောမှာ Jimin ရဲ့ စိတ်ကို အလွှမ်းမိုးထားနိုင်ဆုံးနဲ့ အ​ပြောအများဆုံးအရာက ဘာများဖြစ်မလဲ

သြဂုတ်လ ၁၉ ရက်​နေ့တုန်းက Vanity Fair YouTube Channel ဟာ “The BTS Game Show” ဆိုတဲ့ ဗီဒီယိုအသစ်တစ်ခုကို မျှ​ဝေခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုထဲမှာ BTS အဖွဲ့ဝင်​တွေဟာ တစ်​ယောက်အ​ကြောင်း တစ်​ယောက် ဘယ်​လောက်ထိသိလဲဆိုတာကို စမ်းသပ်ခဲ့ကြပါတယ်။

အဖွဲ့ဝင်တစ်​ယောက်ချင်းစီဟာ သူတို့နဲ့သက်ဆိုင်တဲ့ ပုဂ္ဂိုလ်​ရေး​မေးခွန်း​တွေကို ​မေးကြပြီး တခြားအဖွဲ့ဝင်​တွေက အ​ဖြေမှန်ကို ခန့်မှန်းတာဖြစ်ပါတယ်။ Jimin ရဲ့ အလှည့်အ​ရောက်မှာ​တော့ Jimin က လတ်တ​လောမှာ သူအ​ပြောအများဆုံးအ​ကြောင်းအရာက ဘာလဲဆိုတာကို ​မေးမြန်းခဲ့ပါတယ်။ V က​တော့ လတ်တ​လောမှာ Jimin ​ပြောခဲ့တဲ့အ​ကြောင်းအရာ​တွေက အများကြီးပဲလို့ဆိုပါတယ်။

RM က​တော့ “အားကစားလုပ်ခြင်း” လို့ ​ဖြေဆိုခဲ့ပြီး RM ရဲ့အ​ဖြေက မှန်သွားခဲ့ပါတယ်။ အဲ့ဒီအခါ J-hope ကလည်း Jimin က လတ်တ​လောမှာ သူ့ရဲ့ ခန္ဓါကိုယ်နဲ့ အားကစားလုပ်ခြင်းအ​ကြောင်းကို မကြာခဏ​ပြော​ကြောင်း ဝင်ပြီး ​ထောက်ခံခဲ့ပါတယ်။ အဲ့ဒီ​နောက် J-Hope, V နဲ့ Jungkook တို့က Jimin မနက်တိုင်း လုပ်​နေကြ အ​ကြော​လျှော့တဲ့ပုံစံကို လိုက်တုပပြီး သရုပ်​ဖော်ပြခဲ့ကြပါ​​သေးတယ်။

RM ကလည်း Jimin ဟာ ခုတ​လော သူ့ရဲ့ abs ​တွေကို အမြဲတမ်း ထိ​တွေ့ကိုင်တွယ်​နေတတ်တယ်လို့ ​ပြောပြခဲ့ပြီး Suga ကလည်း Jimin က သူ့ရဲ့ ဝမ်းဗိုက်ကြွက်သား​တွေ တိုးတက်လာပြီဆိုပြီး ကြွား​ဝါ​နေတတ်​ကြောင်း ​ပြောပြခဲ့ပါတယ်။ ထိုအခါ Jin ကလည်း “လွန်ခဲ့တဲ့တစ်လက​တောင်မှ အားကစားလုပ်တာက ငါနဲ့ မကိုက်ဘူး။

မလုပ်ချင်​တော့ဘူး” လို့ Jimin က ​ပြောခဲ့ဖူး​ကြောင်း ဝင်ပြီး မှတ်ချက်ပြုခဲ့ပါ​တော့တယ်။ Jimin က​တော့ အားကစားစလုပ်ပြီးနောက် ပိုပြီး ကျန်းမာလာတယ်လို့ ဆိုပါတယ်။ အဲ့အချိန်မှာ ရုတ်တရက် J-hope က Jimin ကို ခါးမတ်မတ်ထိုင်ဖို့ ​လှမ်းပြောခဲ့ပြီး ထိုစကားကို ကြားလိုက်တဲ့ တခြားအဖွဲ့ဝင်​တွေကလည်း သူတို့ရဲ့ ကိုယ်​နေဟန်ထားကို ချက်ချင်းပြင်ထိုင်ခဲ့ကြပါတယ်။

အဲ့ဒီ​နောက် Suga ကလည်း သူဗီဒီယိုတစ်ခုကြည့်ပြီး​နောက် သူတို့အားလုံး လက်ပြင်ကုန်း​နေတာကို သတိထားမိခဲ့တယ်လို့ဆိုပြီး ခါးကို မတ်မတ်ထိုင်သင့်​ကြောင်း ​အကြံပြုခဲ့ပါတယ်။ ​နောက်ဆုံးအ​နေနဲ့ Jimin က စိတ်ဓါတ်ကျတဲ့အခါ စိတ်မကြည်မလင်ဖြစ်တဲ့အခါ အားကစားလုပ်ကြဖို့ ARMY ​တွေကို အကြံ​ပေးခဲ့ပါ​​သေးတယ်။

Source : Kpopstarz
Photo : Vanity Fair
Written : ZL

Tags: K-Pop Update