ပထမဆုံး Single Album ထွက်ရှိလာမယ့်နေ့ရက်နဲ့ အချိန်ကို ချပြလိုက်ပြီဖြစ်တဲ့ BLACKPINK’s Lisa

Comeback လုပ်ဖို့ အကြာကြီးစောင့်မျှော်နေခဲ့ရတဲ့ BLACKPINK အဖွဲ့ကတော့ အရင်ဦးဆုံး Lisa ရဲ့ Solo Debut နဲ့ ပရိသတ်တွေရှေ့‌မှောက်ကိုရောက်ရှိလာတော့မှာပါ။ အကဘုရင်မဖြစ်သလို အဖွဲ့ရဲ့ Rapper တစ်‌ယောက်ဖြစ်တာကြောင့် Lisa အနေနဲ့ ဘယ်လိုမျိုး သီချင်းပုံစံကိုရွေးချယ်ပြီး ဆန်းသစ်တီထွင်ထားတဲ့ ကကွက်အသစ်တွေထွက်ရှိလာဦးမလားဆိုတာကိုတော့ ပရိသတ်တွေက တော်တော်လေး ရင်ခုန်နေကြပါပြီ။

Lisa ရဲ့ ပထမဆုံးသော single album နဲ့ပတ်သက်လို့ ကနဦးဓာတ်ပုံလေးတွေထွက်ရှိလာတဲ့အပြင် YG Entertainment ကလည်း ထွက်ရှိလာမယ့် နေ့ရက်နဲ့ အချိန်ကိုပါ တစ်ခါတည်းဖော်ပြခဲ့ပါတယ်။ Lisa ဟာ လာမယ့် စက်တင်ဘာလ (၁၀) ရက်နေ့ ကိုရီးယားစံတော်ချိန် နေ့လည် ၁ နာရီ (မြန်မာစံတော်ချိန် မနက် ၁၀ နာရီခွဲ) မှာ တကိုယ်တော်သီချင်းသစ်နဲ့ ပရိသတ်တွေရှေ့မှောက်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ်။

ပထမဆုံး poster ကိုတော့ ဩဂုတ်လ ၂၂ ရက်နေ့တုန်းက ချပြခဲ့ပြီး ဩဂုတ် ၂၆ ရက်နေ့တုန်းက ထွက်လာခဲ့တဲ့ဓာတ်ပုံတွေထဲမှာဆိုရင် အနီရောင်ဝတ်စုံလေးနဲ့ ကျစ်ဆံမြီးကျစ်ထားတဲ့ ငွေရောင်ဆံပင်ရှည်ကြီးဟာ Lisa ရဲ့ Concept အတိုင်း အလွန်ကို မိမိုက်နေခဲ့တာပါ။

ဓာတ်ပုံလေးတွေနဲ့တင် Lisa တစ်ယောက် ကြိုးစားဖန်တီးထားတဲ့သီချင်းသစ်တွေကို အားပေးဖို့ မစောင့်နိုင်လောက်အောင်ဖြစ်နေကြပြီမို့လို့ နောက်လ (၁၀) ရက်နေ့ကို မြန်မြန်ရောက်လာဖို့ လက်ချိုးရေတွက်ရင်း ရင်ခုန်စွာနဲ့မျှော်လင့်နေကြပြီထင်ပါတယ်။

Source: Koreaboo
Photos: BLACKPINKOFFICIAL
Translated by Julix

Tags: K-Pop Update