Worldwide Handsome Jin ရဲ့ အနုပညာပန်းခင်းလမ်းအစ (သို့) Big Hit မှာ trainee ဖြစ်လာပုံ

ပုံမှန်အားဖြင့် K-pop idol တစ်​ယောက်ဖြစ်လာဖို့ဆိုရင် Entertainment Company ​တွေရဲ့ လူ​ရွေးပွဲကို ​အရင်ဆုံး အောင်မြင်ဖို့ လိုအပ်ပါတယ်။ ဒါဟာ K-Pop အဖွဲ့​တွေကို မ​မွေးထုတ်​ပေးခင် အဖွဲ့ဝင်​တွေကို ​ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒါ​ပေမဲ့ လက်ရှိ ​အောင်မြင်​နေတဲ့ K-Pop Idol အချို့ကို ရုတ်တရက် လမ်း​ပေါ်မှာ (သို့)​နေရာတစ်ခုခုမှာ ရွေးချယ်ကမ်းလှမ်းခဲ့တဲ့ ဖြစ်ရပ်​​တွေလည်း ရှိပါတယ်။ အဲ့ဒီထဲမှာ BTS အဖွဲ့ဝင် Jin လည်း အပါအဝငဖြစ်ပါတယ်။

ARMY ​တွေအတွက်​တော့ Jin တစ်​ယောက် လမ်းသွားရင်း casting လုပ်ခံရတယ်ဆိုတဲ့ ဖြစ်ရပ်မှန်ဟာ သိပ်ပြီး မထူးဆန်း​တော့တဲ့ အ​ကြောင်းအရာဆို​ပေမဲ့ Jin က​​တော့ ဒီ​နေ့လို ကမ္ဘာ​ကျော် K-Pop စတားတစ်​ယောက်ဖြစ်လာရတဲ့ သူ့ရဲ့ဇာတ်​ကြောင်းကို သိပ်ပြီး ​ပြောပြ​​လေ့မရှိပါဘူး။ ဒါ​ပေမဲ့ Esquire Magazine နဲ့ အင်တာဗျူးတစ်ခုမှာ​တော့ Big Hit Entertainment က Jin ရဲ့ worldwide handsome ဆွဲ​ဆောင်မှုကို ကမ္ဘာကို ပြသဖို့ ဘယ်လို​ခေါ်ယူခဲ့တယ်ဆိုတာနဲ့ Big Hit မှာ သင်တန်းသားဖြစ်လာပုံကို ဖွင့်ဟခဲ့ဖူးပါတယ်။

Jin က သူတက္ကသိုလ်တက်​နေတုန်း Big Hit Music ရဲ့ casting director က သူ့ကို ​တွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူကျောင်းကို သွား​နေတဲ့လမ်းမှာ တစ်စုံတစ်​ယောက်က သူ့ဆီကို ​လျှောက်လာပြီး “ဒီလိုမျိုး ရုပ်ရည်နဲ့လူကို ဘဝမှာ ပထမဆုံး​တွေ့ဖူးတာပဲ” လို့ တအံ့တသြ​ပြောရင်း business card ကို ထုတ်​ပေးခဲ့တာ​ကြောင့် Jin တစ်​ယောက် အရမ်းကို ဆွံ့အသွားခဲ့ရပါတယ်။ ​နောက်​တော့ ထိုလူဟာ Big Hit Entertainment ရဲ့ casting director ဖြစ်​ကြောင်း သိရှိခဲ့ရပြီး သူနဲ့ meeting လုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ Jin က ​ပြောပြခဲ့ပါတယ်။ ဒီ meeting ​ကြောင့် ဒီက​နေ့ ARMY ​တွေရဲ့ Worldwide Handsome ဆိုတာ ​ဖြစ်​ပေါ်လာတာဖြစ်ပါတယ်။​

Jin တစ်​ယောက် ဒီလိုမျိုး လမ်း​ပေါ်မှာ ရုတ်တရက် casting လုပ်ခံရတာဟာ ဒါပထမဆုံးမဟုတ်ပါဘူး။ Jin အထက်တန်း​ကျောင်းသားဘဝတုန်းကလည်း SM Entertainment က ဝန်ထမ်းတစ်​ယောက်က လမ်း​ပေါ်မှာ သူ့ကို ​သတိထားမိပြီး ကမ်းလှမ်းခဲ့ပါ​​သေးတယ်။ ဒါ​ပေမဲ့ အဲ့ဒီအချိန်မှာ သူက ငယ်ရွယ်​​​သေးတာ​ကြောင့်ရယ် ထိုလူကို အလိမ်အညာလို့ ထင်တဲ့အတွက် SM လူ​ရွေးပွဲကို မသွား​ရောက်ခဲ့ပါဘူး။

ဖြစ်နိုင်တာက​တော့ ​ရွေးချယ်သူ​တွေဟာ Jin ရဲ့ Genius ဆန်တဲ့ အလှတရားနဲ့ ဂီတဆိုင်ရာအရည်အချင်းကို မြင်မြင်ချင်း သတိထားမိသွားပုံပါပဲ။ ဒါ​ကြောင့် တခြားကိစ္စနဲ့လမ်း​​သွား​နေရင်းက Jin ကို သင်တန်းသားလုပ်ဖို့ ဖိတ်​ခေါ်ခဲ့တာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် သူ့ရဲ့ ဆုံးဖြတ်ချက်မှန်ကန်သွားပြီး အခုအချိန်မှာ BTS အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာတာက​တော့ ကံ​ကောင်းသွားတယ်လို့ ဆိုရမှာပါပဲ။

Source : Life Of Kpop
Photo : Pinterest
Written : ZL

Tags: K-Pop Story