ပေါ့​ပေါ့ပါးပါး Rom-Com ဇာတ်လမ်းတွဲအသစ်မှာ ပုံစံအဆန်းနဲ့ မြင်​တွေ့ရဖို့ ရှိ​နေတဲ့ Cha Eun Woo

ယ​နေ့ သြဂုတ်လ ၂၆ ရက်​နေ့မှာ ကိုရီးယားသတင်းမီဒီယာတစ်ခုဖြစ်တဲ့ News1 က ASTRO အဖွဲ့ဝင်တစ်ဦးဖြစ်သလို သရုပ်ဆောင်မင်းသားတစ်ဦးဖြစ်တဲ့ Cha Eun Woo ဟာ “Dak Gang Jeong” ဆိုတဲ့ ဇာတ်လမ်းတွဲအသစ်အတွက် ကမ်းလှမ်းခံထားရတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။ “Dak Gang Jeong” ဆိုတာက​​တော့ကိုရီးယားကြက်ချိုချဉ်​ကြော်လို့ အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်ကားဟာ နာမည်တူ webtoon ​ပေါ်မှာ အ​ခြေခံထားပြီး ဇာတ်လမ်းတွဲအဖြစ် ပြန်လည်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး​ Cha Eun Woo ရဲ့ ​အေဂျင်စီဖြစ်တဲ့ Fantagio က​တော့ “ဒါရိုက်တာ Lee Byung Hun ရဲ့ ‘Dak Gang Jeong’ ဇာတ်လမ်းတွဲဟာ Chan Eun Woo ကမ်းလှမ်းခံထားရတဲ့ များစွာ​သော ပ​ရောဂျက်​တွေထဲက တစ်ခုဖြစ်ပါတယ်။ အခုထိ​တော့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာမချရ​သေးပဲ ​ဆွေး​နွေး​နေဆဲအဆင့်သာ ရှိပါ​သေးတယ်” ​ပြောကြားခဲ့ပြီး ဒီဇာတ်ကားအတွက် ကမ်းလှမ်းခံထားရတယ်ဆိုတာ မှန်ကန်​ကြောင်း အတည်ပြု​ပေးခဲ့ပါတယ်။

Webtoon မှာဆိုရင်​တော့ Minah ဆိုတဲ့​ ဇာတ်​ဆောင်ကောင်မ​လေးဟာ ထူးခြားဆန်းကြယ်တဲ့ စက်ပစ္စည်းတစ်ခုကို ​​ဆော့ကစားမိရင်းက Minah ဟာ လှပတဲ့ ​ကောင်မ​လေးအဖြစ်က​နေ ကြက်​ကြော်တုံးအဖြစ် ​ပြောင်းလဲသွားပါ​တော့တယ်။ အဲ့ဒီ​နောက်မှာ​တော့ Minah ရဲ့အ​ဖေနဲ့ သူ့ရဲ့ အလုပ်သင်​ကောင်​လေးတို့ဟာ Minah ကို လူသားအဖြစ် ပြန်လည်​ပြောင်းလဲဖို့ အစွမ်းကုန်ကြိုးစားကြပုံကို ဟာသဆန်ဆန် ​ရေးသားထားတာဖြစ်ပါတယ်။ Cha Eun Woo ကို​တော့ အလုပ်သင်​ကောင်​လေး​နေရာက​နေ သရုပ်​​ဆောင်ဖို့ ကမ်းလှမ်းထားတယ်လို့ ယူဆရပါတယ်။

ဒီ “Dak Gang Jeong” ဇာတ်လမ်းတွဲကို​တော့ “Melo Is My Nature” (“Be Melodramatic”), “Extreme Job,” နဲ့ “Twenty” ဇာတ်လမ်းတွဲ​တွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Byung Hun က ဇာတ်ညွှန်း​ရေးသားပြီး ရိုက်ကူးထုတ်လုပ်သွားမှာဖြစ်ပါတယ်။ အပိုင်းအားဖြင့်​တော့ ၁၂ ပိုင်းပါဝင်သွားမှာဖြစ်ပြီး သရုပ်​ဆောင်​တွေကို casting လုပ်​နေတဲ့ အဆင့်မှာပဲ ရှိပါ​သေးတယ်။ တစ်ဖက်မှာ Cha Eun Woo က “Decibel” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ဒီနှစ်ထဲမှာ ရိုက်ကူးထားသလို ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်ထဲမှာ ထုတ်လွှင့်မယ့် “Island” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်​ဆောင်တစ်ဦးအ​ဖြစ် သရုပ်​ဆောင်ဖို့လည်း ကမ်းလှမ်းခံထားရပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Tags: K-Pop Update