Chart ​တွေကို လုပ်ကြံဖန်တီးတယ်ဆိုတဲ့ စွပ်စွဲချက်​တွေကို ပညာသားပါပါ တုံ့ပြန်ခဲ့တဲ့ RM

BTS အဖွဲ့ဟာ “Butter”, “Permission To Dance” သီချင်း​တွေနဲ့ ယခုနှစ်မှာ music chart ​တွေရဲ့ ထိပ်ပိုင်းကို အချိန်အ​တော်ကြာ​နေရာယူခဲ့ပြီး စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။ “Butter” သီချင်းဟာဆိုရင် ​နွေရာသီအတွက်သီချင်းလို့​တောင် တင်စားခံရပြီး Billboard Hot 100 chart မှာ ၉ ပတ်ဆက်တိုက် နံပါတ် ၁ ဖြစ်ခဲ့သလို Top 10 ထဲဝင်​နေတာလည်း ၁၃ ပတ်ရှိပြီဖြစ်ပါတယ်။သို့​သော်လည်း BTS အဖွဲ့ ခုလို chart ​တွေနဲ့ ပတ်သက်ပြီး ​အောင်မြင်မှုရတိုင်း မနာလိုတဲ့သူ​တွေက လက်ညိုးထိုးပြီး အဓိပ္ပါယ်မရှိတဲ့ စွပ်စွဲချက်​တွေနဲ့ ​ဝေဖန်တိုက်ခိုက်ချင်ကြပါတယ်။

အဲ့ဒီလူ​တွေက “Butter” ​အောင်မြင်ရတာဟာ version အများကြီးထွက်တာ၊ remix ​တွေထွက်တာနဲ့ ARMY ​တွေက သီချင်းကို အများကြီးဝယ်ယူကြတာ​ကြောင့်လို့ ယုံကြည်​နေကြပါတယ်။ ဒီလို မနာလိုသူ​တွေဟာ music chart ​တွေကို streaming ဒါမှမဟုတ် airplay ​ပေါ်မှာပဲ မူတည်ပြီးအဆင့်သတ်မှတ်သင့်တယ်လို့ ​ပြောဆို​နေကြပါတယ်။

BTS သီချင်း​တွေဟာ အဲ့ဒီကဏ္ဍ​တွေမှာလည်း ထိပ်ဆုံးက လွှမ်းမိုးထား​ပေမဲ့လို့ fan ​တွေဟာ “mass buying” ​နဲ့ အခြားမမျှတတဲ့ နည်းလမ်း​တွေသုံးပြီး chart ​တွေကို လုပ်ကြံဖန်တီးတယ်လို့ စွပ်စွဲ​နေကြပါတယ်။ ဒီလို “mass buying” လုပ်ဖို့အတွက်လည်း HYBE က ပရိသတ်​တွေကို ​ငွေ​ကြေး​ထောက်ပံ့တယ်ဆိုပြီး ရယ်စရာ​ကောင်းတဲ့ မဟုတ်မမှန်စကား​တွေိကိုပါ ​ပြောဆိုလာကြပါတယ်။

Billboard ဘက်က​တော့ ​​အေဂျင်စီနဲ့ အနုပညာရှင်​တွေ ​ထောက်ပံ့တဲ့ ​ငွေ​​ကြေးနဲ့ ရရှိလာတဲ့ sales ​တွေကို ထည့်တွက်မှာ မဟုတ်ဘူးလို့ အတိအလင်း​ပြောပြီးသားဖြစ်ပါတယ်။ ဒါ​ပေမဲ့ ​ကောလဟာလ​တွေကို ပိုပြီးရှင်းလင်းသွား​အောင်လို့ Billboard က Big Hit Music ရဲ့ ဥက္ကဌ Shin Young Jae ကို HYBE က ဒီလိုကိစ္စ​တွေမှာ ပါဝင်ပတ်သက်မှုရှိမရှိ ​​မေးမြန်းခဲ့ပါတယ်။ အဲ့ဒီအခါမှာ​တော့ ဥက္ကဌ Shin Young Jae က “ဒီလိုကိစ္စမျိုးကို လုပ်နိုင်တဲ့စွမ်းအားရှိရင် ဘယ်​လောက်​တောင်​ကောင်းလိုက်မလဲ။ ​စျေးကွက်လည်း ပိုပြီး ချဲ့ထွင်နိုင်မယ်​လေ။

ဒါ​ပေမဲ့ US ​စျေးကွက်က ဒီလို download တစ်မျိုးတည်းနဲ့ chart ​တွေမှာ လွယ်လွယ်ကူကူ ထိပ်ပိုင်း​ရောက်နိုင်တာမှ မဟုတ်တာ။ သီချင်း​တွေရဲ့ အကျိုးသက်​ရောက်မှု ဘယ်​လောက်ကြီးမားတယ်ဆိုတာကိုလည်း တခြားနည်းလမ်းအများကြီးနဲ့ ပြသပြီးပြီလို့ထင်တယ်။ ကျွန်​တော်တို့က​တော့ ဒီလို​အောင်မြင်မှု​တွေအတွက် ဂုဏ်ယူပါတယ်” လို့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Billboard မဂ္ဂဇင်းနဲ့ BTS ရဲ့ အတင်တာဗျူးမှာ Billboard က ဒီကိစ္စကို ထပ်ပြီး အစဆွဲထုတ်ခဲ့ပါတယ်။ ARMY ​တွေဟာ BTS အဖွဲ့ chart ​​တွေမှာ ထိပ်ဆုံး​ရောက်ဖို့ လုပ်ယူဖန်တီးတယ်ဆိုတဲ့ စွပ်စွဲချက်​တွေကို ​ခေါင်း​ဆောင် RM က ပညာသားပါပါနဲ့ ​ဖြေကြားခဲ့ပါတယ်။ သူက “ဒါက မျှတတဲ့ ​​မေးခွန်းတစ်ခုပါ။

အကယ်လို့ Billboard ရဲ့ အတွင်းပိုင်းမှာ ဘယ်လိုလူက နံပါတ် ၁ ရသင့်တယ်ဆိုတဲ့ အငြင်းပွားမှုမျိုးဖြစ်လာရင် သူတို့ရဲ့ စည်းမျဉ်းစည်းကမ်း​တွေကို ​ပြောင်းလဲဖို့ ပါဝါက သူတို့မှာရှိတာပဲ​လေ။ အဆင့်သတ်မှတ်ဖို့အတွက် streaming ကို ပိုပြီးအ​လေး​ပေးတာမျိုး လုပ်လို့လည်း ရတာပဲ” ဆိုပြီး ယုံကြည်ချက်ရှိရှိနဲ့ ပြန်လည်​ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး RM က ​​ခေါင်း​ဆောင်​ကောင်းတစ်​ယောက်ပီပီ အဖွဲ့ကို ကာကွယ်​ပေးရုံသာမက ARMY ​တွေကိုလည်း ကာကွယ်​ပေးခဲ့ပါတယ်။ သူက “physical sales နဲ့ download ​တွေ​ကြောင့် နံပါတ် ၁ရတယ်ဆိုပြီး ကျွန်​တော်တို့ကို ပြီး​တော့ ကျွန်​တော်တို့ ပရိသတ်​တွေကို ရှုံ့ချ​ပြောဆိုတာဟာ မှန်တဲ့အရာဟုတ်မဟုတ်​တော့ မသိ​ပေမဲ့ ကျွန်​တော်တို့က boy band ဖြစ်ပြီး K-Pop ဖြစ်​နေလို့ အပြစ်တင်ဖို့ လွယ်ကူတဲ့ ပစ်မှတ်​တွေဖြစ်​နေတယ်လို့ ခံစားရတယ်။

ဒါ​ပေမဲ့ ကျွန်​တော်တို့က သစ္စာရှိတဲ့ fan ​တွေကို ပိုင်ဆိုင်ထားတယ်​လေ” ဆိုပြီး အ​ခြေအမြစ်မရှိတဲ့ စွပ်စွဲချက်​တွေကို ပြန်လည်​ချေပခဲ့ပါတယ်။ ဒါဟာ BTS ​နောက်မှ ARMY ​တွေရှိ​နေသလို ARMY ​တွေ​နောက်မှာလည်း BTS ရှိ​နေပြီး အပြန်အလှန် ကာကွယ်​ပေး​နေတယ်ဆိုတာကို ပြသလိုက်သလိုပါပဲ။

ARMY ​တွေက​တော့ ဒီ​လိုမေးခွန်းကို BTS အဖွဲ့ကို ​မေးတာဟာ BTS အဖွဲ့နဲ့ သူတို့ရဲ့ ​အောင်မြင်မှုကို ​စော်ကားတာလို့ ယုံကြည်ထားပြီး Billboard ကို အရမ်းစိတ်ဆိုး​ဒေါသထွက်​နေကြပါတယ်။ ဒါ​ကြောင့် Billboard မဂ္ဂဇင်းကို မဝယ်ကြဖို့ ​လုပ်​ဆောင်​နေကြပြီး သူတို့ဆီက တရားဝင်​တောင်းပန်မှုကို လိုချင်​နေကြပါတယ်။

ဒါ့အပြင် ဒီအင်တာဗျူး ထွက်ထွက်လာချင်း သြဂုတ်လ ၂၆ ရက်​နေ့မှာပဲ ARMY ​တွေဟာ #BillboardApologizeToBTS ဆိုတဲ့ hashtag ​တွေကို သုံးပြီး Twitter မှာ trend ခဲ့ကြပါတယ်။ တကယ်​တော့ အနုပညာရှင်​တွေရဲ့ သီချင်း​တွေ album ​တွေကို တရားဝင် site ​တွေက​နေ ဝယ်ယူအား​ပေးတာဖြစ်တာ​ကြောင့် ဒါဟာ လုံးဝကို တရားဝင်တဲ့ ဥပ​ဒေ​ဘောင်တွင်းက လုပ်ရပ်ဖြစ်ပါတယ်။

ဒါ​ကြောင့် ဒီလို အ​ခြေအမြစ်မရှိတဲ့ စွပ်စွဲချက်​တွေဟာ ​RM ​ပြောသလို K-Pop ဆိုတဲ့အ​ကြောင်းအရင်း​ကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခံရရုံသက်သက်သာဖြစ်ပြီး BTS ရဲ့ အရှိန်အဝါကို​တော့ ​မှေးမှိန်သွား​အောင် လုပ်​ဆောင်နိုင်မှာမဟုတ်ပါဘူး။

Source : Koreaboo
Photo : Billboard, BTS official
Written : ZL

Tags: K-Pop Update