စိတ်အပန်းပြေဖို့ တီးခတ်လေ့ရှိတဲ့တူရိယာတစ်ခုကို ဖော်ပြခဲ့တဲ့ ဂီတနတ်မိမယ်လေး Rosé

BLACKPINK’s Rosé လေးက ဂီတနဲ့ပတ်သက်လာရင် စွယ်စုံရပညာရှင်လေးတစ်ဦးဖြစ်ပါတယ်။ ညင်သာချိုမြနေတဲ့အသံလေးနဲ့ သီချင်းတွေကို အကောင်းဆုံးသီဆိုနိုင်သလို အက,ကတဲ့အခါမှာလည်း မြင်သူတကာ တိမ်းညွတ်သွားအောင်ကနိုင်တဲ့အပြင် တူရီယာပေါင်းများစွာကိုလည်း ကျွမ်းကျင်စွာတီးခတ်တတ်ပါသေးတယ်။

Elle Korea နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာဆိုရင် ဂီတနတ်မိမယ်လေး Rosé က ပင်ပန်းလာတဲ့အချိန်တိုင်း စိတ်ပေါ့ပါးသက်သာဖို့အတွက် တီးခတ်လေ့ရှိတဲ့ တူရိယာတစ်ခုကို ပြောပြခဲ့ပါတယ်။ Rosé က စန္ဒရားနဲ့ဂစ်တာကို ကောင်းမွန်ကျွမ်းကျင်စွာ တီးခတ်တတ်သူလေးဖြစ်လို့ သူမရဲ့အဖြေက စိတ်ဝင်စားစရာပါပဲ။

Rosé လေးက “ကျွန်မအတွက် သက်တောင့်သက်သာအဖြစ်ဆုံး တူရိယာကတော့ keyboard ပါ။ စန္ဒရားလိုမျိုးပုံစံ ခေတ်ပေါ်တူရိယာတစ်မျိုးကို ရွေးရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စန္ဒရားက ကျွန်မ ပထမဆုံးတီးခတ်တတ်တဲ့ တူရိယာမို့လို့ပါ” လို့ ဖြေပေးခဲ့ပါတယ်။

နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ “အနာဂတ်မှာ Rosé လေးရဲ့ piano cover တွေကို အများကြီးမျှော်လင့်ထားလို့ရလား?” ဆိုပြီးမေးခဲ့ပါတယ်။ Rosé က “ဒါပေါ့..သေချာပေါက် မျှော်လင့်နေပါနော်။ အနာဂတ်မှာလည်း ကျွန်မရဲ့ piano cover တွေကို အများကြီး၊ အများကြီးမျှော်လင့်နေကြပါ” လို့ပြောရင်း မျှော်လင့်ချက်တွေ ပေးခဲ့ပြန်ပါတယ်။

Rosé က စန္ဒရားတီးလိုက်တဲ့အခါတိုင်း သူမရဲ့ ရှုပ်ထွေးပြီး မွန်းကြပ်နေတဲ့ စိတ်နှလုံးသားလေးကို ကုစားပေးနိုင်ကြောင်း အခုလိုလေး ပြောခဲ့ပါတယ်။ “ကျွန်မက စန္ဒရားတီးရတာကို သိပ်ကြိုက်တယ်။ ကျွန်မအနေနဲ့ စိတ်ဖိအားတွေ ခံစားလာရတဲ့အခါတိုင်း စန္ဒရားတီးလိုက်တာက ‌အမြဲတမ်းဖြေလျှော့ပေးနိုင်တယ်။

Rosé နဲ့ စန္ဒရားဆိုတာ ခွဲခြားလို့မရပါဘူး။ ကျွန်မရဲ့ ဘဝအစိတ်အပိုင်းလို့ထင်တာပဲ.. အဲ့လိုပဲဖြစ်ဖို့မျှော်လင့်ပါတယ်!” ဆိုပြီး သေချာလေး ပြောပြခဲ့ပါတယ်။ Rosé ရဲ့ စန္ဒရားတီးခတ်ပြီး‌ ဖျော်ဖြေနေတဲ့ပုံစံလေးကို အနာဂတ်မှာ အများကြီးတွေ့ရဖို့ မျှော်လင့်နေပါပြီ။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Story