Jennie နဲ့ Jisoo ‌စကားများစိတ်ကောက်ပြီးရင် ဘယ်လိုမျိုးပြန်ပြီး ပြေလည်သွားတတ်ကြသလဲ

BLACKPINK ကတော့ အဖွဲ့ဝင် (၄) ယောက်တည်းရှိတာကြောင့် အစ်မကြီးနေရာတွေကိုရောက်နေတာက Jisoo နဲ့ Jennie ပါ။ အကြီးနှစ်‌ယောက်လည်းဖြစ်သလို သူငယ်ချင်းတွေလိုမျိုး၊ ညီအစ်မတွေလိုမျိုး အပြန်အလှန်ဆက်ဆံပုံလေးကတော့ သူတို့ကမ္ဘာလေးထဲမှာ သူတို့ အဆင်ပြေနေတာပါပဲ။

တခါတရံမှာတော့ ဒီနှစ်ယောက်က သူငယ်ချင်းအရင်းတွေကြားမှာ စကားနိုင်လုသလိုမျိုး အချေအတင်တွေဖြစ်တတ်ကြပါသေးတယ်။ ဒီအချိန်တွေဆိုရင် ဘယ်လိုမျိုး ပြန်ပြီး ပြေလည်သွားသလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒီအကြောင်းကိုတော့ BLACKPINK’s Jennie က လက်မှတ်ထိုးပွဲတစ်ခုမှာ ဖြေပေးခဲ့ဖူးပါတယ်။

“Jisoo နဲ့ စကားများရင် ဘယ်လိုတွေလုပ်တတ်လဲ” ဆိုတဲ့မေးခွန်းကို ဖြေပေးခဲ့တာပါ။ မကြာခဏ အချေအတင်ဖြစ်တာမျိုးမရှိပေမဲ့ သူငယ်ချင်းတွေကြားက အပြန်အလှန်စကားနိုင်လုပြီး စိတ်ကောက်တာမျိုးတော့ ရှိတတ်ပါတယ်။ ဒါပေမဲ့လည်း Jennie ရဲ့ အဖြေကတော့ ထင်မှတ်မထားတဲ့အဖြေဖြစ်တာကြောင့် တကယ့်ကို အံ့ဩသွားပါတော့တယ်။

Jennie က “Jisoo အွန်ညီးနဲ့ အပြန်အလှန် စိတ်ကောက်ကြရင် ပြေလည်ဖို့ ဘာဘာညာညာတွေ မလုပ်ပါဘူး။ ဒီအတိုင်း အွန်ညီးကို ပြန်ပြီး ဒေါသတွေထွက်ပြလိုက်ပြီး စိတ်ဆိုးပြလိုက်တာပဲ” လို့ ဖော်ပြခဲ့ပါတယ်။ တကယ့်ကို နည်းလမ်းကောင်းပါပဲနော်။

စိတ်ကောက်လို့ ပြန်ပြီးစိတ်ဆိုးတာမျိုးက တကယ့်ကို စိတ်ချင်းနီးပြီး ရင်းနှီးလွန်းတဲ့သူတွေကြားမှာသာ လုပ်တတ်တဲ့ ပုံစံမျိုးလေးပါပဲ။ Jisoo နဲ့ Jennie နှစ်ယောက်စလုံးက “ဘူးဆိုရင် ဖရုံမသီးတတ်တဲ့ စိတ်ထားပိုင်ရှင်” တွေဖြစ်တာကြောင့် မာနတွေခံရင်း ပြန်ခေါ်ဖို့အရေး ခေါင်းမာမာနဲ့ တင်းခံနေကြမယ့် နှစ်ယောက်ပါပဲ။

ပရိသတ်တွေကတော့ အရင်ဆုံး စချော့တဲ့သူက အဖွဲ့ရဲ့အကြီးဆုံးဖြစ်သူ Jisoo ပဲဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့ကြပြီး အချစ်တော်လေး ချေပုကတော့ မမကြီး Jisoo ချော့တာကို စောင့်နေမယ့် ကောင်မလေးဖြစ်နေလောက်ပါတယ်။ ရန်ဖြစ်လိုက်.. စိတ်ကောက်လိုက်..ချော့လို့ စိတ်ဆိုးပြေသွားပြီး ပြန်ခေါ်လိုက်နဲ့ တကယ့်ညီအစ်မတွေလိုမျိုးကို ချစ်စရာကောင်းနေတော့တာပါပဲ။

Source: Koreaboo
Photos: Koreaboo
Translated by Julix

Tags: K-Pop Story