“Love 020” အပါအဝင် သင်ဆိုင်သမျှကို တရုတ်ဖျော်ဖြေရေး ပလက်ဖောင်းများပေါ်မှ ဖြုတ်ချခံလိုက်ရတဲ့ Zheng Shuang

တရုတ်အစိုးရရဲ့ “Cyberspace Administration of China” (CAC) ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကနေစပြီး ရိုးသားမှုနဲ့ ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့ ပရိတ်သတ်များနဲ့ ကျော်ကြားသူများရဲ့ အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူများကို ထိန်းသိမ်နှိမ်နင်းခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်မှာတော့ တရုတ်ဖျော်ဖြေရေး လောကမှာ အရှုပ်တော်ပုံတွေ များစွာရှိခဲ့ပြီး CAPA နဲ့ CTAA ကဲ့သို့သော နိုင်ငံပိုင် အဖွဲ့အစည်းများအနေနဲ့ မှတ်တမ်းဆိုးများရှိနေတဲ့ နာမည်ကျော်များကို အနုပညာလောကကနေ နာမည်ပျက် စာရင်းသွင်းရန် အကောင်အထည်ဖော်ခဲ့ပါတယ်။

သြဂုတ်လ (၂၆) ရက်နေ့မှာတော့ နာမည်ကြီး ဇာတ်လမ်းတွဲတွေဖြစ်တဲ့ Love 020, Legends of Legends, Rush to the Dead Summer, Love Weaves Through a Millennium, River Flows to You တို့ အပါအဝင် Zheng Shuang ပါဝင်ခဲ့တဲ့ အနုပညာဖန်တီးမှုများကို တရုတ်ဖျော်ဖြေရေး ပလက်ဖောင်းတွေကနေ ဖယ်ရှားခဲ့ပါတယ်။

QIYI နဲ့ Youku မှာလည်း Zheng Shuang ကို ရှာဖွေတဲ့အခါ မည်သည့်အဖြေ တစ်စုံတစ်ရာမှ ပြန်လည်ရရှိခြင်း မရှိတော့ဘူးလို့ သိရပါတယ်။ ဆက်လက်ပြီးတော့ Weibo မှာလည်း Zheng Shuang ရဲ့ super topic ကို ပိတ်ပစ်လိုက်ပါတယ်။

တရုတ်နိုင်ငံရဲ့ လူ့အသိုင်းအဝိုင်းနဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်နေတဲ့ အငှားကိုယ်ဝန်ဆောင်ခြင်းကို ပြုလုပ်ခဲ့မိတဲ့ Zheng Shuang အတွက် ဒီကိစ္စတွေဟာ သေချာပေါက် ဖြစ်လာမယ်လို့ ယူဆခဲ့ကြသလိုပဲ အမှန်တကယ် ဖြစ်ပျက်ခံစားခဲ့ရပြီ ဖြစ်ပါတယ်။ လက်ရှိမှာ သူမဟာ စာချုပ်လိမ်လည်မှုများနဲ့ အခွန်ရှောင်မှုများဖြင့်လည်း စုံစမ်းစစ်ဆေး ခံနေရတယ်လို့ သိရပါတယ်။

နာရီအနည်းငယ်အကြာမှာ Zheng Shuang ရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Zhang Heng ဟာလည်း Weibo ရဲ့ Community Convention ကို ချိုးဖောက်တာကြောင့် Weibo မှာ Post တင်ခြင်းကို ဆိုင်းငံ့ခံခဲ့ရပါတယ်။ Zhang Heng ဟာ လူအများရဲ့ ထင်မြင်ချက်ကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြောအဆိုများကို တင်လေ့ရှိတာကြောင့် Post တင်ခြင်းကို ဆိုင်းငံ့ခံခဲ့ရတာ ဖြစ်နိုင်တယ်လို့ အင်တာနက်သုံးစွဲသူများက ထင်ကြေးပေး ပြောဆိုခဲ့ကြပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : MDL