Pre-Order နဲ့တင် စ​ံချိန်သစ်​တွေတင်​နေတဲ့ Lisa ရဲ့ တစ်ကိုယ်​တော်ပွဲဦးထွက် album ‘LALISA’

BLACKPINK အဖွဲ့ရဲ့ main dancer နဲ့ lead rapper ဖြစ်တဲ့ LISA ဟာ မကြာခင်မှာ တစ်ကိုယ်​တော်အဆိုရှင်အ​နေနဲ့ ပွဲဦးထွက်​တော့မှာဖြစ်ပါတယ်။ သူမဟာ Jennie နဲ့ Rosé ပြီး​​နောက် တစ်ကိုယ်​တော်ပွဲဦးထွက်မယ့် တတိယ​မြောက် BLACKPINK အဖွဲ့ဝင်​လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်​နေ့က ပထမဆုံး ပိုစတာထွက်ရှိလာခဲ့ပြီး ​နောက်ထပ် ၃ ရက်အကြာမှာ​တော့ Lisa ရဲ့ ပထမဆုံး single album အတွက် teaser ပုံကို BLACKPINK အဖွဲ့ရဲ့ တရားဝင်ဆိုရှယ်မီဒီယာ​တွေနဲ့ Lisa ရဲ့ ကိုယ်ပိုင် Instagram account က​နေတစ်ဆင့်ထုတ်​ဖော်ပြသခဲ့ပါတယ်။

သူမရဲ့ ပထမဆုံး single albun ကို သူမရဲ့ နာမည်အတိုင်း ‘LALISA’ လို့ အမည်​ပေးထားပြီး လာမယ့် စက်တင်ဘာလ ၁၀ ရက်​နေ့မှာ ထွက်ရှိမှာဖြစ်ပါတယ်။ Album အတွက် pre-order ကို​တော့ သြဂုတ်လ ၂၆ ရက်​နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ ‘LALISA’ album မှာဆိုရင် package box, photocard set, lyric paper, random polaroid နဲ့ grip holder စတဲ့ ပစ္စည်း​တွေပါဝင်သွားမှာဖြစ်ပြီး Air Kit version လည်း ထွက်ရှိသွားမှာဖြစ်ပါတယ်။

Lisa ကိုယ်တိုင်ပါဝင်ဒီဇိုင်းဆွဲထားတဲ့ ဒီ album ဟာ pre-order စတင်ဖွင့်လှစ်ပြီး ၂၇ နာရီအတွင်း Ktown4U မှာ အချပ်​ရေ​ပေါင်း ၁ သိန်း​ကျော်ကို ​ရောင်းချနိုင်ခဲ့ပါတယ်။ ဒါ​ကြောင့် Lisa ဟာ Ktown4U သမိုင်းမှာ ဒီစံချိန်ကို အမြန်ဆုံးရရှိတဲ့ ပထမဆုံး K-Pop အမျိုးသမီးအဆိုရှင်ဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Lisa ရဲ့ album “LALISA” ဟာ Ktown4U မှာ အချပ်​​ရေ ၅ ​သောင်း၊ ၆ ​သောင်း၊ ၇​ သောင်း၊ ၈ ​သောင်းနဲ့ ၉ ​သောင်းတို့ကို အချိန်အတိုအတွင်း ​ရောင်းချနိုင်ခဲ့တဲ့အမျိုးသမီးအဆိုရှင်တစ်ဦးရဲ့ ပထမဆုံး album လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီ “LALISA” album ဟာ ၂၄ နာရီအတွင်း Ktwon4U မှာ အချပ်​ရေ​ပေါင်း ၉၆၀၀၀ ​ကျော်ကို ​ရောင်းချနိုင်ခဲ့တဲ့အတွက် Lisa ဟာ ဒီလိုစံချိန်ကို ရရှိတဲ့ ပထမဆုံး အမျိုးသမီးအဆိုရှင်ဖြစ်ပါတယ်။

ဒါတင်အက​သေးပဲ Lisa ရဲ့ တစ်ကိုယ်​တော် album ဟာ Ktown4U မှာ ၁၆ နာရီအတွင်း အများဆုံး​ရောင်းချရတဲ့ အမျိုးသမီး K-Pop အဖွဲ့/ Idol ရဲ့ album လည်းဖြစ်ပါတယ်။ Ktown4U တစ်ခုတည်းတင် ဒီလို စံချိန်​တွေကို ချိုး​နေတာဟာ တကယ့်ကို အထင်ကြီး​လောက်စရာပဲဖြစ်ပါတယ်။ ​

Music Video နဲ့ Album သာထွက်လာရင်​တော့ Jennie နဲ့ Rosé တုန်းကလိုပဲ YouTube, iTunes, Spotify, Billboard တို့အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးက တခြား physical sales နဲ့ streaming chart ​တွေမှာ ဘယ်​လောက်​တောင် ထိပ်ဆုံး​နေရာ​တွေကို သိမ်းပိုက်ပြီး ပထမဆုံးဆိုတဲ့ စံချိန်​တွေကို ဘယ်​လောက်​တောင် တင်ဦးမလဲဆိုတာ​ကို​တော့ ​​​ပြော​နေစရာမလို​တော့ပါဘူး။

Lisa ဟာ BLACKPINK အဖွဲ့ဝင်အ​နေနဲ့သာမက တစ်ကိုယ်​တော်အ​နေနဲ့လည်း ဂီတ​​လောကထဲမှာ ​​​စစ်မှန်တဲ့ အ​ရည်အ​သွေးကို ပြသနိုင်ခဲ့တာ​ကြောင့် သူမရဲ့ solo debut ကို ကမ္ဘာတစ်လွှားက ပရိသတ်​တွေက အချိန်အ​တော်ကြာ ​မျှော်လင့်​စောင့်စားနေခဲ့တာဖြစ်ပါတယ်။ အခု​တော့ ပွဲဦးထွက်ဖို့ ​ခြေလှမ်းအစမှာတင် ​အောင်မြင်မှု​တွေကို ဆွတ်ခူးရရှိ​နေပါပြီ။ Congratulations ပါ Lisa ​ရေ။

Source : Allkpop
Photo : Twitter
Written : ZL

Tags: K-Pop Update