BPI ရဲ့စံသတ်မှတ်ချက်တွေနဲ့အညီ UK မှာ စံချိန်တင်စာရင်းဝင်ဖြစ်လာတဲ့ BTS’s “Butter”

BTS အဖွဲ့က အနောက်တိုင်း၊ ဥရောပတခွင် ဂီတလောကတွေအထိပါ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက်ဝင်ရောက်လာခဲ့ပြီး Kpop ဆိုတာကို ပြသရင်း ကမ္ဘာ့အဆင့်ဝင်အောင်စွမ်း‌‌ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း BTS အဖွဲ့ရဲ့ Butter ဟာ UK က သတ်မှတ်ထား စံနှုန်းတွေနဲ့အညီ Silver Certification ကို ရရှိခဲ့ပြီး အဖွဲ့ရဲ့ စံချိန်တင် ၆ ပုဒ်မြောက်သီချင်းတစ်ပုဒ်ဖြစ်လာခဲ့ပါတယ်။

August 2 ရက်နေ့မှာပဲ British Phonographic Industry (BPI) ကနေ “Butter” သီချင်းရဲ့အောင်မြင်မှုကို တရားဝင်ကြေညာပေးခဲ့ပါတယ်။ ၂၀၂၁ အစောပိုင်းမှာထွက်လာခဲ့တဲ့ Butter သီချင်းဟာ BTS အဖွဲ့ရဲ့ လူသိများကျော်ကြားတဲ့ သီချင်းတစ်ပုဒ်ဖြစ်တာနဲ့အညီ Silver Certification ကို ချီးမြှင့်ပေးအပ်ခံလိုက်ရပါတယ်။

BPI ရဲ့စံသတ်မှတ်ချက်တွေအရ single သီချင်းတွေဟာ အချပ်ရေ ၂ သိန်း‌ကျော်ရောင်းချနိုင်ရင် silver Certification ပေးအပ်ပြီး album တွေကတော့ အချပ်ရေ ၆ သောင်း ရောင်းချနိုင်ရင် Silver Certification ကို ပေးအပ်တာဖြစ်ပါတယ်။

“Butter” ကတော့ BTS အဖွဲ့အတွက် ဒီလိုမှတ်တမ်းတင်ပေးအပ်ခံရတဲ့ ၆ ပုဒ်မြောက်သီချင်းဖြစ်ပြီး “Boy With Luv,” “Dynamite,” “MIC Drop,” “DNA,” နဲ့ “Fake Love” တို့ကလည်း အသီးသီး မှတ်တမ်းတင်ထားတာပါ။  “DNA” နဲ့ “Fake Love” ဆိုရင် silver certification ကို ၂၀၂၁ ဇူလိုင်လတုန်းကမှ ရရှိထားတာဖြစ်ပြီး ၂ လအတွင်းမှာပဲ BTS ဟာ silver certification ၃ ခုကို အရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါဟာလည်း Kpop အဖွဲ့အနေနဲ့ BTS အဖွဲ့သာလျှင် စွမ်း‌ဆောင်နိုင်သေးတာဖြစ်လို့ ဂုဏ်ယူနေရတာလည်းဖြစ်ပါတယ်။ “Butter” သီချင်းလေးကတော့ Megan Thee Stallion နဲ့အတူ Remix ပြုလုပ်ထားပြီး မကြာသေးခင်ကမှထွက်‌ထားတာကြောင့် နားမထောင်ရသေးရင် မြန်မြန်လေး နားဆင်ကြည့်လိုက်ပါဦးနော်။

Source: Soompi
Photos: BTS official
Translated by Julix

Tags: K-Pop Update