“4 Huajai Haeng Koon Kao” ထဲက မင်းသမီး (၄) ယောက်ရဲ့ ထွက်လာဖို့ရှိနေတဲ့ ဇာတ်လမ်းများ

“4Huajai Haeng Koon Kao” (မတူညီသော နှလုံးသားများ) ဆိုတဲ့ ထိုင်းကားလေးကို မှတ်မိကြပါသလား? ဒီထိုင်းကားလေးထဲက စုံတွဲ ၄ တွဲကြောင့် ထိုင်းကားတွေ၊ ထိုင်းသီချင်းတွေကို ကြိုက်လာတဲ့သူတွေ များလှပါတယ်။ Yaya, Kimmy, Margie နဲ့ Mint တို့ကို နာမည်ကြီးစေခဲ့တဲ့ ဇာတ်လမ်းလေးလို့လည်းပြောလို့ရပါတယ်။ အခုချိန်မှာ ဒီဇာတ်လိုက်မင်းသမီးလေး (၄) ယောက်ရဲ့ အသစ်ထွက်လာမယ့်ဇာတ်လမ်းတွေကို ဖော်ပြပေးပါမယ်။

Yaya Urassaya

ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်နေပြီဖြစ်တဲ့ Yaya Urassaya ကတော့ “Bad Romeo” ဇာတ်လမ်းသစ်ကို Mario Maurer နဲ့ တွဲဖက်ရိုက်ကူးနေပါတယ်။ ပထမဆုံးအကြိမ်ပေါင်းစည်းမှုဖြစ်လို့ မျှော်နေသူများတဲ့ ဇာတ်လမ်းလည်းဖြစ်နေပြန်ပါတယ်။ ဒါ့အပြင် သတင်းတွေအရ Yaya ဟာ Mark Prin နဲ့အတူ နောက်ထပ်ဇာတ်လမ်းသစ်တစ်ခုလည်း ရိုက်ကူးဖို့ရှိနေတယ်လို့လည်း အပြောများနေပြန်ပါတယ်။

Kimmy Kimberley

“Song Sanaeha” ဇာတ်လမ်းနဲ့ ကြည့်ရှုသူတိုင်းကို တသသဖြစ်နေစေခဲ့သူလေး Kimmy Kimberley ကတော့ “Mor Luang” ဆိုတဲ့ ဇာတ်လမ်းသစ်မှာ ကမ်းလှမ်ခံထားရတယ်လို့ ဆိုပါတယ်။ ဒီကားကတော့ “Thong Aek: The Herbal Master” ရဲ့ Season (2) ဖြစ်တာကြောင့် ပထမကားကိုကြည့်ဖူးပြီးသားသူတိုင်းကို မတူတဲ့ခံစားချက်တွေပေးစွမ်းဦးတော့မှာပါ။

Margie Rasri

၃ နှစ်ကျော်ကြာ အနားယူနေတဲ့ မင်းသမီးချော Margie Rasri ကတော့ ဖန်သားပြင်ထက်မှာ တဖန်ပြန်လည်ပေါ်လာပါတော့မယ်။ “Mummy Tee Ruk” ဇာတ်လမ်းသစ်မှာ March Chutavuth နဲ့ တွဲဖက်ရိုက်ကူးထားပြီး မကြာခင်ကြည့်ရှုနိုင်တော့မယ်လို့ ထင်ပါတယ်။

Mint Chalida

နောက်ဆုံးအနေနဲ့ မင်းသမီးချော Mint Chalida ကတော့ လက်ရှိအချိန်မှာ “Saan Sanaeha” ဇာတ်ကားကို ရိုက်ကူးနေပါတယ်။ တွဲဖက်မင်းသားကတော့ Toey Pongsakorn ဖြစ်လို့ ဇာတ်ဆောင်နှစ်ယောက်ရဲ့ chemistry မိမှုကို စိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

Source: Thaiupdate
Photos: Thaiupdate
Translated by Julix

Tags: Thai Update