BTS အဖွဲ့ရဲ့ Security Team နဲ့ korea လေဆိပ် ဆင်းလာတဲ့ Miyawaki Sakura

Iz*one အဖွဲ့ဝင်ဟောင်း Miyawaki Sakura လေးဟာ Augest 27 နေ့ မှာ Korea ကိုပြန်လာခဲ့ပါတယ်။ Seoul ရဲ့ အင်ချွန်း international လေဆိပ်ကို ည၇နာရီ (KST) လောက်မှာ လေဆိပ်ဆင်းခဲ့ပြီး သူမကို ဝန်းရံကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့ Body Guard တွေကတော့ BTS အဖွဲ့ရဲ့ security team က သူတွေပါ။

ထိုသတင်းကို ကိုရီးယား မီဒီယာ OSEN က တင်ပြခဲ့တာဖြစ်ပြီး HYBE ဘက်က ဒီသတင်းကို အတည်လည်းမပြုပေးသလို ငြင်းလည်းမငြင်းခဲ့ပါဖူး။ “ကျွန်ုပ်တို့ဘက်က Miyawaki Sakura ကိုရီးယားရောက်လာတာနဲ့ BTS security team ကိစ္စနဲ့ ပက်သက်ပြီး ဘာအကြောင်းတစုံတရာမှ အတည်ပြုပေးလို့ မဖြစ်နိုင်သေးပါဖူး” ဆိုပြီး HYBE ဘက်က statement ထုတ်ခဲ့ပါတယ်။

မကြာသေးခင်က Korea media “Newsen” ရော japan media “WoW Korea” ရော Miyawaki Sakura ဟာ HYBE နဲ့ စာချုပ်ချုပ်ထားပြီ ဖြစ်ကြောင်း သတင်းတွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းနဲ့ ပက်သက်ပြီး Skakura ရဲ့ ပြောရေးဆိုခွင့်ရှိသူက ခုလို confirm ပေးခဲ့ပါတယ်။  “Miyawaki Skaura က HYBE နဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ Japan က နေ မကြာမှီ ထွက်ခွါမှာ ဖြစ်ပြီး Augest လောက်ကျရင် Korea ကိုသွားမှာပါ”

HYBE နဲ့ Source Music တို့ပေါင်းပြီး အသစ်ဖွဲ့မဲ့ Kpop Girl Group အသစ်မှာ Sakura ရော နောက်ထပ် Iz*one အဖွဲ့ဝင်ဟောင်း Chaewon ရော ပါမယ်ဆိုတဲ့ သတင်းက ခဏခဏ ထွက်နေတာပါ။ Chaewon ကတော့ Source music နဲ့ စာချုပ်ချုပ်ထားတာဖြစ်ပြီး Sakura ကတော့ HYBE ကို Join ဖို့ စီစဉ်နေတာပါ။ HYBE ဘက်ကတော့ ဘာမှ မဆုံးဖြတ်ရသေးကြောင်း ရိုးရိုးရှင်းရှင်းပြောထားပါတယ်။

Source: Koreaboo
Written: Violet

Tags: K-Pop Update