Billboard ရဲ့ K-pop Hot 100 Chart မှာ နံပါတ် ၁ ​နေရာကို အကြိမ်​ရေအများဆုံး ရရှိခဲ့တဲ့ K-Pop Idol ​များ

Billboard ရဲ့ K-pop Hot 100 ဆိုတာက​တော့ ​တောင်ကိုရီးယားက music singles chart ဖြစ်ပြီး Billboard နဲ့ Billboard တို့ ပူး​ပေါင်းကာ ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၅ ရက်​နေ့မှာ စတင်လုပ်​ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီ chart ဟာ ယခုနှစ် သြဂုတ်လ ၂၅ ရက်​နေ့မှာ ၁၀ နှစ်ပြည့်သွားပြီဖြစ်တဲ့အတွက် US Hot 100 နဲ့နည်းတူ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ထို chart မှာ နံပါတ် ၁ ​နေရာကို အကြိမ်အများဆုံးရရှိခဲ့တဲ့ K-Pop အနုပညာရှင်​တွေကို စစ်တမ်း​ကောက်ယူခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း K-pop Hot 100 chart မှာ နံပါတ် ၁ ကို အများဆုံးရရှိခဲ့တဲ့ K-Pop Idol ​တွေက​တော့

  1. K.Will (သ​ရေ)

​ယောကျ်ား​လေး တစ်ကိုယ်​တော်အဆိုရှင် K.Will ဟာ “Please Don’t,” “Love Blossom,” “You Don’t Know Love” နဲ့ “Like a Star” စတဲ့ သီချင်း ၄ ပုဒ်နဲ့ K-Pop Hot 100 chart မှာ နံပါတ် ၁ ရရှိခဲ့ဖူးပါတယ်။

  1. Busker Busker (သ​ရေ)

Boy Band တစ်ခုဖြစ်တဲ့ Busker Busker ဟာလည်း ထို chart မှာ နံပါတ် ၁ ရရှိတဲ့ သီချင်း ၄ ပုဒ်ကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီသီချင်း​တွေက​တော့ “Tokyo Girl,” “Cherry Blossom,” “If You Really Love Me” နဲ့ “Love, at First” တို့ပဲဖြစ်ပါတယ်။

  1. Sistar (သ​ရေ)

နာမည်​ကျော် မိန်းက​လေးအဖွဲ့ဖြစ်တဲ့ Sistar အဖွဲ့ကလည်း K.Will, Busker Busker တို့လို နံပါတ် ၁ ရရှိတဲ့သီချင်း ၄ ပုဒ်ကို ပိုင်ဆိုင်ထားပြီး သ​ရေကျခဲ့ပါတယ်။ အဲ့ဒီ သီချင်း ၄ ပုဒ်က​တော့ Sistar ရဲ့ နာမည်ကြီးသီချင်း​တွေဖြစ်တဲ့ “So Cool,” “Alone,” “Loving U” နဲ့ “Give It to Me” စတာ​တွေပဲဖြစ်ပါတယ်။

  1. EXO

နံပါတ် ၄ ​နေရာမှာ ရှိ​နေတာက​တော့ EXO အဖွဲ့ဖြစ်ပြီး “Ko Ko Bop,” “Power,” “Universe,” “Tempo” နဲ့ “Love Shot” စတဲ့ သူတို့ရဲ့ သီချင်း ၅ ပုဒ်က K-Pop Hot 100 chart မှာ နံပါတ် ၁ ဖြစ်ခဲ့တာပါ။ EXO ဟာ ၂၀၁၇ တစ်နှစ်တည်းမှာ နံပါတ် ၁ ရရှိတဲ့ သီချင်း ၃ ပုဒ်ကို ထုတ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံး ​ယောကျ်ား​လေးအဖွဲ့လည်း ဖြစ်ပါတယ်။

  1. TWICE

TWICE က​တော့ နံပါတ် ၁ ရရှိတဲ့ သီချင်း ၆ ပုဒ်နဲ့ တတိယ​နေရာမှာ ရပ်တည်​နေပါတယ်။ အဲ့ဒီသီချင်း ၆ ပုဒ်က​တော့ “Signal,” “Likey,” “Heart Shaker,” “What Is Love?”, “Dance The Night Away” နဲ့ “Feel Special” တို့ပဲဖြစ်ပါတယ်။ TWICE ဟာ K-Pop Hot 100 chart မှာ နံပါတ် ၁ ရရှိတဲ့ သီချင်းအများဆုံးကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံးနဲ့ တစ်ဉီးတည်း​သော မိန်းက​လေးအဖွဲ့ဖြစ်ပါတယ်။ TWICE အဖွဲ့ရဲ့ ၂၀၁၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ​ခေါင်းစီးသီချင်း ၃ ပုဒ်လုံးဟာ နံပါတ် ၁ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

  1. BTS

BTS အဖွဲ့က​တော့ နံပါတ် ၁ ရရှိတဲ့ သီချင်းအများဆုံးကို ပိုင်ဆိုင်ထားတဲ့ ​ယောကျ်ား​လေးအဖွဲ့ဖြစ်ပြီး ဒီစာရင်းရဲ့ နံပါတ် ၂ ​နေရာမှာ ရှိ​နေပါတယ်။ သူတို့ရဲ့ ကမ္ဘာ​ကျော်သီချင်း​တွေဖြစ်တဲ့ “DNA,” “Fake Love,” “Idol,” “Boy with Luv (with Halsey),” “On,” “Dynamite,” “Butter” နဲ့ “Permission to Dance” စတဲ့ သီချင်း​တွေက Billboard ရဲ့ K-Pop Hot 100 Chart မှာ နံပါတ် ၁ ရရှိခဲ့တာပါ။

  1. IU

IU က​တော့ သီချင်း ၁၅ ပုဒ်နဲ့ K-Pop အနုပညာရှင်​တွေထဲမှာ နံပါတ် ၁ ရရှိတဲ့ သီချင်းအများဆုံးကို ပိုင်ဆိုင်ထားပါတယ်။ အဲ့ဒီသီချင်း​တွေက​တော့ “You & I,” “Every End of the Day,” “The Red Shoes,” “Friday,” “Not Spring, Love or Cherry Blossoms” (with High4), “My Old Story,” “Love Story” (with Epik High), “SoulMate” (with Zico), “Bbibbi,” “Love Poem,” “Blueming,” “Eight” (with Suga), “Celebrity,” “Lilac” နဲ့ “Nakka” (with AKMU) တို့ပဲဖြစ်ပါတယ်။ IU ဟာ K-pop Hot 100 သမိုင်းမှာ နံပါတ် ၁ ရရှိတဲ့ သီချင်း ၁၀ ပုဒ်​ကျော်ကို ပိုင်ဆိုင်ထားတဲ့ ပထမဆုံးအဆို​တော်ဖြစ်ပါတယ်။

Source : Allkpop
Photo : kpopping
Written : ZL

Tags: K-Pop Story