BTS အဖွဲ့ဝင်​တွေရဲ့ ​ပြောကြားချက်အရ သူတို့နဲ့ ပတ်သက်ပြီး လူ​တွေမသိ​သေးတဲ့ အချက် ၇ ချက်

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်​နေ့မှာ Billboard က သူတို့ရဲ့ သြဂုတ်လထုတ်မဂ္ဂဇင်းအတွက် BTS ရဲ့ cover story၊ ဓါတ်ပုံ​တွေနဲ့ behind the scene ဗီဒီယိုကို ထုတ်​ဖော်ပြသခဲ့ပါတယ်။ Behind The Scene ဗီဒီယိုထဲမှာ BTS အဖွဲ့ဝင်​တွေရဲ့ ​ပြောကြားချက်အရ သူတို့နဲ့ ပတ်သက်ပြီး သင်မသိ​လောက်​သေးတဲ့ အချက် ၇ ချက်ရှိ​နေပါတယ်။ အဲ့ဒါ​တွေက​တော့…

  1. RM

​ရှေးဦးစွာ RM က​ သူ့ရဲ့ ပုံပန်းသွင်ပြင်နဲ့ အကျင့်စရိုက်က မကိုက်ညီဘူးဆိုပြီး ကမ္ဘာတစ်လွှားက ပရိသတ်​တွေကို ဖွင့်ဟ​ပြောဆိုခဲ့ပါတယ်။ သူက သူ့ရဲ့ အသွင်အပြင်နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ​သေးငယ်ပြီး ချစ်စရာ​ကောင်းတဲ့အရာ​လေး​​တွေကို ကြိုက်နှစ်သက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပင်လယ်စာကို သိပ်ပြီးမကြိုက်​ပေမဲ့ sushi, sashimi နဲ့ ကင်းမွန်ကို​တော့ စားနိုင်ပါတယ်လို့ ​ပြောပြခဲ့ပါတယ်။ ကင်းမွန်ကို​တော့ အားလုံးထဲမှာ အ​တော်လ​ေး ကြိုက်နှစ်သက်ပါတယ်တဲ့။

  1. Jimin

BTS အဖွဲ့ဝင်​တွေ​ရော ARMY ​တွေပါ Jimin က ​တော်​​တော်​လေး အချိန်ကြာကြာ အိပ်နိုင်တယ်ဆိုတာကို သိထားပြီးဖြစ်ပါတယ်။ ဒါ​ပေမဲ့ Jimin က သူဟာ တစ်ခါတစ်​လေ အားလပ်တဲ့ရက်​တွေမှာ ည​နေ ၆ နာရီ ၇ နာရီအထိ ​တောက်​လျှောက်အိပ်​လေ့ရှိတယ်ဆိုပြီး ​ပြောကြားခဲ့ကာ အဖွဲ့ဝင်​တွေကို အံ့အားသင့်​​စေခဲ့ပါတယ်။

Jungkook က​တော့ ဒီ​​ပမာဏ​လောက် အနားယူတာက ​ကောင်းတယ်လို့ ထင်​ကြောင်း ​ပြောဆိုခဲ့ပြီး RM က​တော့ Jimin ဟာ ​အေးချမ်းတဲ့ဘဝကို ပိုင်ဆိုင်ထားတယ်လို့ ခံစားမိ​ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ Jimin က​တော့ ​တစ်​နေ့တာကို မနက်စာစားပြီး မစတင်ပဲ ညစာနဲ့ စတင်တဲ့ပုံပါပဲ။

  1. Jungkook

Jungkook က​တော့ အလကား​နေရင်း Golden Maknae လို့ ​ခေါ်ခံရတာမဟုတ်ပါဘူး။ သူဟာ အနုပညာ၊ ဂီတ၊ အားကစားနဲ့ တခြားနယ်ပယ်​​တွေမှာ ထူးချွန်ပါတယ်။ ဒါ​​ပေမဲ့ စိန်​ခေါ်မှုအသစ်တစ်ခုမလုပ်​ဆောင်ခင်မှာ အချိန်ယူစဉ်းစား​​လေ့ရှိပါတယ်။ Jungkook က “ကျွန်​တော်က ရည်မှန်းချက်များပြီး လုပ်ချင်တာမှန်သမျှ လုပ်နိုင်ဖို့ ကြိုးစားတယ်ဆိုတာ အားလုံးသိကြမှာပါ။

​လူ​တွေက ကျွန်​တော် တစ်စုံတစ်ခုလုပ်ဖို့ကို တုံ့ဆိုင်းခြင်းမရှိပဲ လွယ်လွယ်နဲ့ လုပ်တယ်လို့ ထင်ကြတယ်။ တကယ်​တော့ ကျွန်​တော်လည်း တုံ့ဆိုင်းမှုအများကြီးရှိပြီး စဉ်းစား​တွေး​တောရပါတယ်။ အဲ့ဒီ​နောက် ဆုံးဖြတ်ချက်ချပြီးမှသာ အ​ကောင်အထည်​ဖော်လုပ်​ဆောင်တာပါ” လို့ ရှင်းပြခဲ့ပါတယ်။

  1. Jin

အကယ်လို့ သင်ဟာ အရာဝတ္ထုအသစ်အဆန်း​တွေကို စမ်းပြီး အသုံးပြုဖို့ စိုးရိမ်​နေတတ်တယ်ဆိုရင် မပူပါနဲ့။ Jin လည်း သင့်လိုပါပဲ။ Jin က ထိုဗီဒီယိုထဲမှာ “ကျွန်​တော့်အ​ကြောင်း မသိ​သေးတာတစ်ခုရှိတယ်။ ကျွန်​တော်က အရာဝတ္ထုအ​ဟောင်း​တွေကို ပိုကြိုက်တယ်။ နည်းပညာအသစ်​တွေ၊ ပစ္စည်းအသစ်​​တွေထွက်လာတိုင်း ကျွန်​တော်နဲ့ အလှမ်း​ဝေးသလိုခံစားရတယ်။

ပစ္စည်းအသစ်အဆန်း​တွေ ထွက်လာပြီဆို စစချင်းမှာ စိုးရိမ်မိတယ်။ ဒီအရာ​တွေက ကျွန်​တော်သုံး​နေကြဟာနဲ့ မတူပဲ function အသစ်​တွေ၊ feature အသစ်​​တွေပါလာလို့ ​​ယောင်လည်လည်ဖြစ်​နေမှာ စိုးရိမ်တယ်” ဆိုပြီး သူ့ရဲ့ လူတိုင်း နားလည်​​ပေးနိုင်တဲ့ စိုးရိမ်ထိတ်လန့်မှုအ​ကြောင်းကို ​ပြောပြခဲ့ပါတယ်​။

  1. J-Hope

BTS အဖွဲ့ဝင်​တွေထဲမှာ J-Hope က မ​သောက်နိုင်ဆုံးဆိုပြီး လူသိများပါတယ်။ ဒါကလည်း မ​ပြောပ​လောက်တဲ့ အရာ​လေးပါ။ အခုအချိန်မှာ​တော့ J-Hope ဟာ သူ့ရဲ့ ခံနိုင်ရည်တိုးလာပြီဆိုပြီး behind the scene ဗီဒီယိုထဲမှာ ဂုဏ်ယူဝင့်ကြွားစွာ ​ပြောဆိုခဲ့ပါတယ်။

သူက “ကျွန်​တော်နဲ့ ပတ်သက်ပြီး မသိ​​သေးတဲ့ အရာတစ်ခုက အခက်အခဲနည်းနည်းရှိ​ပေမဲ့ ကျွန်​တော်တစ်​ယောက်တည်း ဝိုက်တစ်ပုလင်းကုန်​အောင် ​​သောက်နိုင်သွားပြီ။ အခု​တော့ ဒါက ကျွန်​​တော့်အတွက် အ​သေးအဖွဲ​လေးဖြစ်သွားပြီ” ဆိုပြီး ​ပြောပြခဲ့ပါတယ်။ အဲ့ဒီအခါ Jin က ၁ ပုလင်းထက် ပိုမ​သောက်နိုင်တာဟာ စိတ်ဓါတ်​ပျော့ညံ့လို့ဆိုပြီး J-Hope ကို စ​နောက်ခဲ့ပါတယ်။

  1. Suga

Suga ဟာ ဘတ်စ​ကတ်​ဘောအားကစားမှာ အရည်အချင်းရှိပြီး ကျွမ်းကျင် ဘတ်စ​ကတ်​ဘောကစားသမားတစ်​ယောက်ဖြစ်ချင်ခဲ့တယ် ဆိုတာကို ပရိသတ်​တွေ သိပြီးသားဖြစ်မှာပါ။ ဒီအိပ်မက်ကို လက်လွှတ်လိုက်ရတာဟာ Suga အတွက်​တော့ နာကျင်မှုတစ်ခုဖြစ်ပါတယ်။

Billboard ရဲ့ behind the scene ဗီဒီယိုထဲမှာလည်း Suga က ဒီဝမ်းနည်းစရာ အတိတ်အ​ကြောင်းနဲ့ ပတ်သက်ပြီး ​ပြောပြခဲ့ပါတယ်။ သူက “ကျွန်​တော် ငယ်ငယ်က ဘတ်စကတ်​ဘော ကစားသမားဖြစ်ချင်ခဲ့တယ်။ ဒါ​ပေမဲ့ အရပ်က ထပ်ပြီး ရှည်မလာခဲ့ဘူး။ ဒါက အရမ်းကို ဝမ်းနည်းစရာ​​ကောင်းတဲ့ မှတ်ဉာဏ်ပဲ။ ကျွန်​တော့်ရဲ့ အခုအရပ်က အလယ်တန်းဒုတိယနှစ်တုန်းက အရပ်နဲ့ အတူတူပဲ” ဆိုပြီး ​ပြောပြခဲ့ပါတယ်။

  1. V

J-Hope လိုပဲ V ကလည်း တခြားအဖွဲ့ဝင်​တွေ​လောက် မ​သောက်နိုင်ပါဘူး။ ဒါ​ပေမဲ့ အခု​တော့ သူ​သောက်နိုင်တဲ့ အ​ဖျော်ယမကာကို ရှာ​တွေ့ခဲ့ပါပြီ။ V က “ARMY အများစုက ကျွန်​တော် သိပ်မ​သောက်နိုင်ဘူးလို့ ထင်ကြတယ်။ ဒါ​ပေမဲ့ အခု တိုးတက်လာပါပြီ။ သစ်သီးဆိုဂျူလို့​​ခေါ်တဲ့အရာရှိတယ်။ အဲ့ဒီဟာကို​တော့ ကျွန်​တော်​သောက်နိုင်တယ်။ ကျွန်​​တော် ဝိုင်ကိုလည်း ကြိုက်​ပေမဲ့ ဆိုဂျူကိုလည်း ကြိုက်ပါတယ်” ဆိုပြီး သူ့ရဲ့ TMI အသစ်ကို ​ပြောပြခဲ့ပါတယ်။

Source : Koreaboo
Photo : Billboard, Lotte
Written : ZL

Tags: K-Pop Story