စည်းကမ်းတင်းကြပ်မှုတွေ ပိုတိုးလာတဲ့ တရုတ်ဖျော်ဖြေရေးလောက နဲ့ Idol Survival Show များကို ပယ်ဖျက်လိုက်ရတဲ့ IQIYI

IQIYI ဟာ သူတို့ရဲ့ စတုတ္ထမြောက် Idol Survival Show တွေနဲ့ ဒီနှစ်ရဲ့ အကြီးမားဆုံး အငြင်းပွားစရာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ “Youth With You 3” နောက်ဆုံးပိုင်း ပြီးဆုံးခဲ့တာ လေးရက်ပဲ ရှိသေးတဲ့ IQIYI ကို Beijing Municipal Bureau of Television and Radio (ပေကျင်းမြူနီစီပယ် ရုပ်မြင်သံကြားနှင့် ရေဒီယိုဗျူရို) က ပြဿနာတွေကြောင့် ရိုက်ကူးရေးတွေကို ရပ်နားဖို့ အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။

နောက်ဆုံး ပွဲဦးထွက်ဆိုတာ မရှိခဲ့ဖူးပေမယ့် အဖွဲ့ဝင် (၉) ယောက်ပါဝင်တဲ့ IXFORM အဖွဲ့ဟာ နောက်ဆုံးအနေနဲ့ ဇူလိုင်လမှာ ပွဲဦးထွက်ခဲ့ပါတယ်။ ဇွန်လကနေ စတင်ပြီး တရုတ်အစိုးရရဲ့ “Cyberspace Administration of China” (CAC) ဟာ ရိုးသားမှုနဲ့ ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့ ပရိတ်သတ်များနဲ့ ကျော်ကြားသူများရဲ့ အနှောက်အယှက်ဖြစ်စေတဲ့ အပြုအမူများ၊ Yin Yang စာချုပ်များ၊ ဆိုးရွားတဲ့ မှတ်တမ်းများနဲ့ ကျော်ကြားသူများကို ရှင်းလင်းဖယ်ရှားမှုတွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။

ထိန်းသိမ်းဖယ်ရှားမှုတွေကို Weibo, Douyin, Tencent, IQIYI, Youku, NetEase Music, QQ, Baidu နဲ့ အခြားဖျော်ဖြေရေး ပလက်ဖောင်းများအထိ ဖြန်ကျက်ခဲ့ပါတယ်။ သြဂုတ်လ (၂၅) ရက်နေ့မှာ China TV Artists Association (CTAA) ဟာ ဖျော်ဖြေရေးနယ်ပယ်က ကိုယ်စားလှယ် များစွာနဲ့အတူ စာတမ်းဖတ်ပွဲတစ်ခု ကျင်းပခဲ့ပြီး ပရိတ်သတ်များရဲ့ အလေ့အထ၊ ပရိသတ်ရရှိမှု စွမ်းအား၊ liuliang ( မြင့်မားတဲ့ လမ်းကြောင်း၊ မြင့်မားတဲ့ ရောင်းအားပမာဏ) နာမည်ကြီးများ၊ Yin Yang စာချုပ်များ၊ တီဗီနဲ့ရုပ်ရှင် လစာမြင့်မားမှု၊ အွန်လိုင်းရသစုံရှိုးများနဲ့ အခြားအကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါတယ်။

CTAA ကောင်စီ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ IQIYI ရဲ့ တည်ထောင်သူ အမှုဆောင် အရာရှိချုပ် Gong Yu လည်း စာတမ်းဖတ်ပွဲကို တက်ရောက်ခဲ့ပြီး IQIYI နဲ့ အခြားပလက်ဖောင်းများအနေနဲ့ အကျိုးအကြောင်းမဆီလျော်တဲ့ လစာများကို ကန့်ကွက်ခြင်း၊ နယ်ပယ်အတွင်းက ကျင့်ဝတ်နဲ့ မညီညွတ်တဲ့ ခေတ်ရေစီးကြောင်းများကို ကန့်ကွက်ခြင်း၊ အခွန်ရှောင်ခြင်းကို ကန့်ကွက်ခြင်း၊ လာမယ့် နှစ်အနည်းငယ်အတွင်း Idol Survival Show များနဲ့ အွန်လိုင်းမဲပေးခြင်း စနစ်များကို ဖျက်သိမ်းခြင်း စတဲ့ ကိစ္စရပ်များမှာ ပူးပေါင်းပါဝင်ကြရန် ဖော်ပြခဲ့ပါတယ်။

တရုတ်စာပေနှင့် အနုပညာအသိုင်းအဝိုင်း အဖွဲ့ချုပ် (CFLAC) ရဲ့ ဒုတိယဥက္ကဌဖြစ်သူ Hu Zhanfan ကလည်း ကျင့်ဝတ်များနဲ့ မညီညွတ်တဲ့ ဖြစ်ရပ်များနဲ့ အပျက်သဘောဆောင်တဲ့ အဖြစ်အပျက်များ အားလုံးကို ပစ်မှတ်ထားဖို့ အကြံပြုခဲ့ပါတယ်။  ​ပြတ်သားစွာ သပိတ်မှောက်ကြဖို့နဲ့ ခိုင်ခံ့ရှင်းလင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ဖို့အတွက် မှားယွင်းတဲ့ အပြုအမူကြောင့် အပြစ်ရှိတဲ့ သရုပ်ဆောင်များ အပါအဝင် ပတ်သက်ဆက်နွှယ်ရာ သရုပ်ဆောင်များကို နယ်ပယ်အတွင်းမှာ ဆက်လက်ရှင်သန်ရန် နေရာမရှိစေဘဲ ဖျော်ဖြေရေးလောကကနေ အပြီးတိုင် စွန့်ခွာစေဖို့ အချိန်နဲ့တပြေးညီ ကြေငြာချက်များ ထုတ်ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

IQIYI ရဲ့ Idol Survival Show များကို ဖျက်သိမ်းခြင်းဟာ အချိန်မည်မျှကြာနိုင်မလဲ မသေချာသေးသလို သူတို့ရဲ့ ဆုံးဖြတ်ချက်ဟာ Tencent နဲ့ Youku တို့ကဲ့သို့ အခြားပလက်ဖောင်းတွေကို ဖျန့်ကျက်ဆုံးဖြတ်ခြင်း ရှိမရှိဟာလည်း မသိရသေးတာကို တွေ့ရပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : IQIYI