K-Pop ​လောကထဲက နာမည်ကြီး Idol ​​တွေနဲ့ သူတို့ ​မွေးမြူထားတဲ့ အချစ်​တော် ပါပီလေးများ

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်​​နေ့ဟာ အပြည်ပြည်ဆိုင်ရာ ​ခွေး​လေးများ​နေ့ဖြစ်ပါတယ်။ ​ခွေး​လေး​တွေဟာ လူသား​တွေအတွက် အ​ကောင်းဆုံး အ​ဖော်မွန်ဖြစ်သလို သစ္စာရှိပြီး ဉာဏ်​ကောင်းကြပါတယ်။ ဒါ​ကြောင့်ကမ္ဘာ​ပေါ်က လူ​အများစုဟာ ​အိမ်​မွေးတိရစ္ဆာန်​တွေထဲကမှ ခွေး​လေး​တွေကို ပိုပြီး ချစ်ခင်နှစ်သက်ကြပါတယ်။

K-Pop Idol ​​တွေဟာလည်း လူသား​တွေပဲဖြစ်တာ​ကြောင့် သာမန်လူ​တွေလိုပဲ အ​ဖော်ရ​အောင် အပျင်း​ပြေ​အောင်လို့ပဲဖြစ်ဖြစ်၊ ​ခွေး​လေး​တွေကို ချစ်လို့ပဲဖြစ်ဖြစ် ​မွေးမြူတတ်ကြပါတယ်။ ဒီတစ်ခါမှာ​တော့ ထို​နေ့ကို ဂုဏ်ပြုတဲ့အ​နေနဲ့ K-Pop ​လောကထဲက နာမည်ကြီး Idol ​​တွေနဲ့ သူတို့ရဲ့ အချစ်​တော် ​ခွေး​လေး​တွေကို ​ဖော်ပြ​ပေးလိုက်ရပါတယ်။

  1. WayV & Bella

WayV က​တော့ သူတို့ရဲ့ ​ခွေးမ​လေး Bella ကို တုန်​​နေ​အောင်ချစ်ပြီး တစ်ခါတစ်ရံ အလိုလို​နေရင်းသွားပြီး စ​နောက်​လေ့ရှိပါတယ်။ ဒီ​ခွေး​လေးဟာ WayV ရဲ့ အိမ်မှာ တစ်ဦးတည်း​သော female ဖြစ်ပါတယ်။ WayV ရဲ့ ပရိသတ်​တွေကလည်း WayV အဖွဲ့ဝင်​တွေလိုပဲ Bella ​လေးကို ချစ်မြတ်နိုးကြပါတယ်။

  1. BLACKPINK’s Rosé & Hank

BLACKPINK အဖွဲ့ဝင်​တွေအားလုံးဟာ ​ခွေးချစ်သူ​တွေဖြစ်ကြပါတယ်။ Jennie cocker spaniel မျိုးနွယ် Kai နဲ့ pomeranian မျိုးနွယ် Kuma ဆိုတဲ့ ​ခွေး​လေး ၂ ​​ကောင်ရှိသလို Jisoo မှာလည်း Dalgom ဆိုတဲ့ ​အဖြူ​ရောင် maltese ခွေး​လေးရှိပါတယ်။

Lisa ဟာလည်း မကြာ​သေးခင်က Love ဆိုတဲ့ ​ခွေး​လေးကို ​မွေးမြူလိုက်ပါတယ်။ ဒါ​ပေမဲ့ Rosé နဲ့ Hank က​တော့Hank ​လေးကို ယခင်ပိုင်ရှင်က စွန့်ပစ်လိုက်လို့ Rosé က ​မွေးမြူလိုက်တည်းက ပရိသတ်​တွေရဲ့ ရင်ထဲမှာ အထူး​နေရာတစ်ခု ရရှိလာတာဖြစ်ပါတယ်။

  1. NCT’s Chenle & Daegal

Daegal ​လေးက​တော့ Chenle သာမက NCT နဲ့ ပရိသတ်​​တွေဆီကပါ အချစ်ခံရတဲ့ ကံ​ကောင်းတဲ့ ​ခွေး​မလေးဖြစ်ပါတယ်။ Daegal ​လေး ဗီဒီယို​တွေ၊ တိုက်ရိုက်ထုတ်လွှင့်မှု​တွေမှာ ပါလာတိုင်း အဖွဲ့ဝင်​တွေ ဘယ်​လောက်ထိ သည်းသည်းလှုပ်ကြလဲဆိုတာကို ​​တွေ့ရမှာပါ။ Daegal ​လေးဟာလည်း သူမကို ​Chenle စပြီး ​မွေးမြူစဉ် ​သေး​ကွေးတဲ့အရွယ်​လေးထဲက ပရိသတ်​တွေရဲ့ ​မေတ္တာကို ခံယူရရှိခဲ့တာဖြစ်ပါတယ်။

  1. EXO’s Sehun & Vivi and Monsieur

EXO အဖွဲ့ထဲမှာလည်း ​ခွေးပိုင်ရှင်​တွေအများကြီးရှိ​နေပါတယ်။ Kai မှာ poodle မိသားစုရှိလို Baekhyun မှာလည်း ချစ်စရာ​ကောင်းတဲ့ corgi ​လေးရှိပါတယ်။ ဒါ​ပေမဲ့ Sehun ရဲ့ ​ခွေး​လေး​တွေက​တော့ ကမ္ဘာ​ကျော်​တွေပါ။ Sehun ရဲ့ Vivi အ​ပေါ်အချစ်က အဆုံးအစမရှိသလို Vivi အ​ဖော်ရ​အောင် Monsieur ​လေးကို ​မွေးပြီးတည်းက သူ့ကိုလည်း အရမ်းသံ​​ယောဇဉ်တွယ်လာခဲ့ပါတယ်။

  1. STRAY KIDS’ Hyunjin & Kkami

Hyunjin ရဲ့ ​ခွေး​လေး Kkami ကို​တော့ သူ့ရဲ့ အရင်​ခွေး​လေး Kkomi ဆုံးပါးသွားပြီး​နောက် ​​မွေးမြူခဲ့တာဖြစ်ပါတယ်။ Kkomi ကို သတိရတဲ့အ​နေနဲ့ ​​ခွေး​လေးကို Kkami လို့အမည်​ပေးခဲ့ပြီး Kkami ​လေးက Hyunjin အ​ပေါ်မှာ နည်းနည်း​ချေ​ပေမဲ့ Hyunjin က​တော့ ၂ ဆပိုပြီး ချစ်​ပေးခဲ့ပါတယ်။ ဒါ​ပေမဲ့ Kkami ​လေးကလည်း Hyunjin နားမှာ ​နေရတာ ​ပျော်ပြီး သူ့ကို သံ​ယောဇဉ်ရှိတယ်ဆိုတာ အ​သေအချာပါပဲ။

  1. TWICE’s Momo & Boo, Dobby, Petco, Pudding, and Lucky

TWICE အဖွဲ့မှာလည်း ​ခွေးချစ်တဲ့သူ​တွေရှိ​ပေမဲ့ Momo က​​တော့ ​​ခွေး​လေး​တွေကို ​တခြားသူ​တွေထက် တော်​တော်ချစ်တယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆို​တော့ သူမမှာ ​ခွေး ၅ ​ကောင်​တောင်ရှိလို့ပါတယ်။ Lucky, Pudding နဲ့ Petco တို့က​တော့ မိသားစု​တွေဖြစ်ကြပြီး ၂၀၂၀ ခုနှစ်မှာ Boo ဆိုတဲ့ ​ခွေး​လေးကို ပရိသတ်​တွေထံ ပထမဆုံး ထုတ်ပြခဲ့ပါတယ်။ Dobby က​တော့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကမှ Momo ရဲ့ မိသားစုဝင်အသစ်ဖြစ်လာတာဖြစ်ပါတယ်။

  1. GOT7’s Youngjae & Coco

Youngjae နဲ့ Mark တို့ဟာ သူတို့ရဲ့ အ​ဆောင်နဲ့ သင့်​တော်ပြီး Youngjae ကို ဓါတ်မတည့်မှု မဖြစ်​စေမယ့် မယ့် ​ခွေး​လေးကိုရှာ​ဖွေရင်း Coco ​လေးကို ​မွေးစားခဲ့ပါတယ်။ အခုချိန်မှာ​တော့ GOT7 အဖွဲ့ဝင်​​တွေဟာ သီးခြား​နေထိုင်ကြတာ​ကြောင့် Coco ​လေးဟာ Youngjae နဲ့ ​နေထိုင်ပြီး Youngjae က သူမရဲ့ လှုပ်ရှားမှု​ပုံရိပ်တွေကို ပရိသတ်​တွေထံ update လုပ်ပေးတတ်ပါတယ်။

  1. SHINee’s Key & Comme Des and Garcon

Key က​တော့ သူ့ရဲ့ ​ခွေး​လေး ၂ ​ကောင်ကို ဂျပန်နိုင်ငံထုတ် ဒီဇိုင်နာ brand တစ်ခုဖြစ်တဲ့ Comme des Garcons ရဲ့ နာမည်ကို ယူပြီး အမည်မှည့်ထားတာဖြစ်ပါတယ်။ သူတို့ဟာ Key ရဲ့ ဆိုရှယ်မီဒီယာ update ​တွေမှာ မကြာခဏပါလာ​လေ့ရှိပါတယ်။ Key က သူတို့အတွက် သီးသန့် Instagram account ​တောင် ဖွင့်ထား​ပေးပါ​သေးတယ်။ သူတို့​ဟာ တကယ့်ကို ပြိုင်ဘက်ကင်းတဲ့ မိသားစု​လေးဖြစ်ပါတယ်။

  1. Red Velvet’s Joy & Haetnim

Joy ကလည်း ​ခွေး​တွေကို အ​တော်​လေးချစ်တဲ့သူတစ်​ယောက်ပါ။ သူမသာ Idol ဖြစ်မလာခဲ့ရင် dog trainer တစ်​ယောက်ဖြစ်လာနိုင်ပါတယ်။ သူမဟာ ​ခွေး​ဂေဟာ​​တွေမှာ ပရဟိတလုပ်ရင်း အချိန်ကုန်ဆုံး​လေ့ရှိပါတယ်။ Joy ဟာ Haetnim ​လေးကို ၂၀၁၈ ခုနှစ်မှာ ​မွေးမြူခဲ့ပြီး သူမအတွက် သီးသန့် Instagram account လည်း ဖွင့်​ပေးထားပါတယ်။ Haetnim ​လေးဟာ သူမရဲ့သခင်လိုပဲ လှပပြီး ချစ်စရာ​ကောင်းပါတယ်။

  1. BTS’s V & Yeontan

BTS အဖွဲ့ထဲမှာလည်း ​ခွေးပိုင်ရှင်​တွေ အ​တော်​လေးများပါတယ်။ RM မှာ Monie, J-Hope မှာ Mickey, Suga မှာ Holly, Jin မှာ ​Gulmuk နဲ့ Jungkook မှာ Gureum စသဖြင့် ​ခွေး​လေး​တွေရှိကြပါတယ်။ ဒါ​ပေမဲ့ V ရဲ့ Yeontan က​တော့ ရုတ်တရက် ပွဲဦးထွက်ခဲ့တဲ့အတွက် ပရိသတ်​တွေအတွက်​တော့ အမြဲစပါယ်ရှယ်ဖြစ်​နေမှာပါ။

သူဟာ V ရဲ့ ​ခွေး ၃ ​ကောင်ထဲမှာ လူသိအများဆုံးလည်းဖြစ်ပါတယ်။ Yeontan ဟာ ပရိသတ်​တွေထံ တရားဝင်မိတ်ဆက်မ​ပေးရ​သေးခင် တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုမှာ ပထမဆုံး ​ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ​အချိန်ကစလို့ Yeontan ​လေးရဲ့ ကြီးထွားမှုဖြစ်စဉ်ကို V နဲ့အတူ မြင်​တွေ့ခဲ့ရတဲ့ ARMY ​တွေဟာ V လိုပဲ Yeontan ​လေးကို သံ​ယောဇဉ်ဖြစ်​နေပါပြီ။

Source : Koreaboo
Photo : Twitter, Pinterest, Instagram
Written : ZL

Tags: K-Pop Story