ပရိသတ်တွေ ရူးခါနေအောင်ကြိုက်နေကြတဲ့ Jennie ရဲ့ 2021 ဆံပင်ကေ အသစ်

BLACKPINK’s Jennie ကတော့ အဖွဲ့ရဲ့ 2021 Summer Diary မှာ ပုံစံအသစ်တမျိုးနဲ့ပေါ်ထွက်လာပြီးနောက် ပရိသတ်တွေကို အရူးအမူးကိုဖြစ်စေခဲ့ပြန်ပါပြီ။ August 26 ရက်နေ့က ထွက်လာခဲ့တဲ့ Jennie ရဲ့ ပုံလေးတစ်ပုံဟာဆိုရင် အွန်လိုင်းရဲ့ နေရာစုံမှာ တော်တော်ရေပန်းစားသွားပြီး အာရုံစိုက်မှုတွေအများအပြားဖြစ်ပေါ်လာခဲ့ပါတော့တယ်။

Seasonal Greeting DVD အတွက် ပေါ်ထွက်လာခဲ့တဲ့ပုံထဲမှာ Jennie ဟာ ဆံပင်ကို ရှေ့ကိုညှပ်ထားပြီး ဆံမြိတ်ချထားခဲ့တာပါ။ အဖွဲ့ရဲ့ DVD ဖြစ်တဲ့ ‘BLACKPINK 5th ANNIVERSARY [4+1] 2021 SUMMER DIARY’ ကတော့ ဩဂုတ် ၂၅ ရက်နေ့ကတည်းက ထွက်ရှိထားတာဖြစ်ပါတယ်။

Jennie က ပုံမှန်အားဖြင့် အရှည်ပဲထားလေ့ရှိပြီး ဆံမြိတ်ချလေ့ သိပ်ပြီးမရှိတာကြောင့် အခုလို Bangs နဲ့ မြင်လိုက်ရတဲ့အခါ တကယ့်ကို လိုက်ဖက်ပြီး အသစ်အဆန်းလိုဖြစ်နေခဲ့ပါတော့တယ်။ BLINK တွေကဆိုရင် အများအပြားမှတ်ချက်ပေးခဲ့ကြပြီး Jennie ရဲ့ အသစ်ပြောင်းလဲသွားတဲ့ hairstyle ကို မြင်ရဖို့ မစောင့်နိုင်တော့ကြောင်း စိတ်လှုပ်ရှားစွာဖော်ပြပြောဆိုခဲ့ကြပါတော့တယ်။

ပြောထားတဲ့ comment အချို့ကိုဖော်ပြရရင် “summer diary ကို မဝယ်မိလိုက်တာ နောင်တတွေရနေပါပြီ.. သိပ်ကိုလှတာပဲ”, “Jennie နဲ့ လိုက်ဖက်လိုက်တာနော်… တက်ကြွနေတဲ့ ကြောင်မလေးလိုပဲ”, “Jennie ရဲ့ မျက်နှာပုံစံက သိပ်ကိုဆွဲဆောင်နိုင်လိုက်တာ.. တစ်ချိန်တည်းမှာပဲ ကွဲပြားနေတဲ့ခံစားချက်တွေကို ဖော်ဆောင်နိုင်တယ်”, “bangs တွေနဲ့ မလိုက်လောက်ဘူးလို့ထင်ထားတာ.. အခုကျတော့ သူလေးနဲ့ တအားကိုကြည့်ကောင်းနေရော”, “တရားဝင် promotion လုပ်တဲ့အချိန်မဟုတ်သေးတာတောင် Jennie ရဲ့အလှက ပြိုင်စံရှားပဲ” စသဖြင့် မှတ်ချက်ကောင်းတွေပေးခဲ့ကြပါတယ်။

မြန်မာကပရိသတ်ကြီးကော Jennie ရဲ့ hairstyle အသစ်ကို ကြိုက်ကြရဲ့လား? အမြဲမြင်နေကျပုံစံမျိုးလေးမဟုတ်ဘဲ ရှေ့ဆံပင်ချထားတဲ့ ပုံစံအသစ်ဟာ မိန်းမဆန်ဆန်နဲ့ ပိုပြီးဆွဲဆောင်မှုရှိနေတယ်လို့တောင် ထင်မြင်မိပါတော့တယ်။

 

Source: Allkpop
Photos: Allkpop
Translated by Julix

Tags: K-Pop Update