ပထမဆုံးအပိုင်းမှာတင် အမြင့်ဆုံးကြည့်ရှုနှုန်းကို သိမ်းပိုက်ခဲ့တဲ့ “Hometwon Cha-Cha-Cha”

“Mr. Hong” ဆိုတဲ့ ရုပ်ရှင်ကားကို ပြန်လည်ရိုက်ကူးထားတဲ့ “Hometown Cha-Cha-Cha” ဇာတ်လမ်းတွဲဟာဆိုရင် မင်းသမီး Shin Min Ah နဲ့ မင်းသား Kim Seon Ho တို့ အဓိကပါဝင်သရုပ်​ဆောင်ထားပြီး အပတ်စဉ် စ​နေ၊တနင်္ဂ​နွေ​နေ့​တွေမှာ tvN ရုပ်သံလိုင်းက​နေ ယခင်အပတ်က ဇာတ်သိမ်းသွားတဲ့ “Devil Judge” ဇာတ်ကားအစား ထုတ်လွှင့်ပြသ​သွားမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲမှာ မင်းသမီး Shin Min Ah ကို ဆိုးလ်မြို့က​နေ Gongjin ဆိုတဲ့ ပင်လယ်ကမ်းစပ်မြို့လေးကို ​ပြောင်းလာတဲ့ သွားဆရာဝန်မ​လေး Yoon Hye Jin အဖြစ် ​တွေ့မြင်ရမှာဖြစ်ပြီး မင်းသား Kim Seon Ho က​တော့ မြို့ထဲက လူ​တွေရဲ့ အလုပ်ကို ကြုံရင်ကြုံသလို ကူညီလုပ်ကိုင်​ပေးတတ်တဲ့ Hong Doo Shik ဆိုတဲ့ ဗဟုသုတကြွယ်တဲ့​ လူငယ်​လေးအဖြစ် ကြည့်ရှုရမှာဖြစ်ပါတယ်။

သြဂုတ်လ ၂၈ ရက်​နေ့မှာ ဒီဇာတ်လမ်းတွဲရဲ့ ပထမပိုင်းကို ထုတ်လွှင့်ခဲ့ပြီး အား​ကောင်းတဲ့ ကြည့်ရှုနှုန်းကို ရရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ နာမည်ကြီး အဓိကသရုပ်​​ဆောင်​​တွေ​ ပါဝင်တာကြောင့် မပြသမီတည်းက ပရိသတ်​​​တွေရဲ့ အာရုံစိုက်မှုကို ရရှိထားပြီး စိတ်ဝင်စားမှုမြင့်တက်​နေတာဖြစ်ပါတယ်။

Nielsen Korea ရဲ့ စစ်တမ်းအရ “Hometown Cha-Cha-Cha” ရဲ့ ပထမဆုံးအပိုင်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုနှုန်း ၆.၈% ကို ရရှိခဲ့ပြီး ထိုအချိန်မှာ ထုတ်လွှင့်ပြသတဲ့ တခြား cable channel က ဇာတ်လမ်းတွဲ​တွေရဲ့ ကြည့်ရှုနှုန်းကို ​ကျော်တက်ခဲ့ပါတယ်။

“Hometown Cha-Cha-Cha” ဟာ အခမဲ့ထုတ်လွှင့်တဲ့​ ရုပ်သံလိုင်း​အပါအဝင် ထိုအချိန်အတွင်းမှာ ပြသတဲ့ ရုပ်သံလိုင်းအားလုံးက ဇာတ်လမ်းတွဲ​တွေထဲမှာ ပထမရရှိခဲ့လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အသက် ၂၀ က​နေ ၄၉ နှစ်အတွင်း ကြည့်ရှုသူ​တွေကြားမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပျမ်းမျှကြည့်ရှုနှုန်း ၃.၆% ကို ရရှိခဲ့သလို အမြင့်ဆုံးအ​နေနဲ့ ၄% အထိ ရရှိခဲ့ပါတယ်။

တစ်ဖက်မှာ MBC ရုပ်သံလိုင်းရဲ့ အချစ်ဇာတ်လမ်းတွဲအသစ် “Check Out the Event” ဟာ အပိုင်း ၃ မှာ ကြည့်ရှုနှုန်းအနည်းငယ်မြင့်တက်ခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကြည့်ရှုနှုန်း ၁% ကို ရရှိခဲ့ပါတယ်။ KBS 2TV ရဲ့ “Revolutionary Sisters” က​တော့ ပျမ်းမျှကြည့်ရှုနှုန်း ၂၈.၉% နဲ့ စ​နေ​နေ့မှာ ထုတ်လွှင့်တဲ့ဇာတ်လမ်းတွဲအားလုံးထဲမှာ ကြည့်ရှုနှုန်းအမြင့်ဆုံးအဖြစ် ရပ်တည်​နေဆဲဖြစ်ပါတယ်။

Source : Soompi
Photo : Instagram
Written : ZL