“Girls Planet 999” ရဲ့ connect mission မှာ ကြည့်ရှူသူအများဆုံး ပြိုင်ပွဲဝင် (၁၅) ယောက်

Girls Planet 999 survival show အစီအစဉ်ဟာ လတ်တလောမှာ ပရိသတ်တွေ စိတ်ဝင်စားမှုမြှင့်တက်နေပါတယ်။ K , C, J ဆိုပြီး korea, China , Japan အစရှိတဲ့ 3 နိုင်ငံက ကောင်မလေး 999 ယောက် အကြိတ်အနယ် ယှဉ်ပြိုင်ပြီး နောက်ဆုံး ၉ ယောက်ဘဲ ကျန်တဲ့အထိ ပြိုင်ရမှာ ဖြစ်ပါတယ်။

ထို 9 ယောက်ကို kpop group တခုအနေနဲ့ debut ပေးမှာ ဖြစ်ပါတယ်။ Episode 3 နဲ့ episode 4 မှာတော့ cell 3 ခုပေါင်းပြီး connect mission ကို ပြိုင်ကြရပါတယ်။ Result တွေလည်း ထွက်လာပြီး ဖြစ်ပြီး “Yes or Yes” team 1 ကတော့ Mcountdown stage မှာ သွားရောက်ဖျော်ဖြေခွင့်ရခဲ့ပါပြီ။

Planet 999 အစီအစဉ်ဟာ ဒိုင်တွေရဲ့ သုံးသပ်ချက်အပြင် ပရိသတ်တွေရဲ့ voting စနစ်နဲ့ တစ်ယောက်ပြီး တစ်ယောက် ဖြုတ်မှာ ဖြစ်ပါတယ်။ Vote များတဲ့သူက နောက်တဆင့် auto တက်မှာဖြစ်ပါတယ်။ ဒီ တစ်ပတ် connect mission ရဲ့ တစ်ဦးချင်း fan cam တွေကို YouTube မှာလည်း တင်ထားပါတယ်။ ကြည့်ရှုသူအများဆုံး 15 ယောက်ကို ခုလို ဖော်ပြပေးလိုက်ပါတယ်။

  1. Kim Suyeon

Kim Suyeon ကတော့ Korea မလေး ဖြစ်ပြီး EXO ရဲ့ the eve ကို ဖျော်ဖြေခဲ့ပါတယ်။ ဒိုင်တွေရဲ့ သုံးသပ်ချက်ကောင်းကောင်းရခဲ့ပြီးသူမရဲ့ Fan cam ကတော့ 349.3 views နဲ့ 22.4k like ရ ထားပါတယ်။

  1. Chen Hsinwei

Ep 1 ထဲက Visual ကြောင့် နာမည်ကြီးတဲ့ တရုတ်မလေး ဖြစ်ပါတယ်။ Iz*one ရဲ့ “Fiesta” ကို ဖျော်ဖြေခဲ့ပြီး သူမ fan cam ကတော့ 392.7k view နဲ့ 18.0k like ရထားပါတယ်။

  1. Kim Bora

OH MY GIRL ရဲ့ “The Fifth Season” ကို ယှဉ်ပြိုင်ခဲ့ပြီး team leader လည်း ဖြစ်သလို အဖွဲ့ကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့လို့ ဒိုင်တွေရဲ့ မှတ်ချက်ကောင်းရခဲ့ပါတယ်။ သူမ fan cam ကတော့ 425.4k view နဲ့ 26.4k like ရထားပါတယ်။

  1. Liang Jiao

OH MY GIRL ရဲ့ “The Fifth Season” ကို ပြိုင်ခဲ့ပြီး ချစ်ဖို့ကောင်းတဲ့ တရုတ်မလေးမို့ အားလုံးသတိထားမိတဲ့သူပါ။ သူမရဲ့ fan cam ကတော့ 447.7k နဲ့ 20.8k like ရထားပါတယ်။

  1. You Dayeon

EXO အဖွဲ့ရဲ့ “The Eve” ကို ဖျော်ဖြေခဲ့ပြီး သူမကတော့ debut ပြီးတဲ့သူလည်း လည်းဖြစ်ပါတယ်။ သူမရဲ့ fancam ကတော့ 440.9k views နဲ့ 24.7k like ရထားပါတယ်။

  1. Fu Yaning

EXO အဖွဲ့ရဲ့ The Eve ဖျော်ဖြေတဲ့ team မှာ သူမဟာ leader ဖြစ်ပါတယ်။ သူမရဲ့ fancam ကတော့ 461.3k views နဲ့ 28.5k like ရထားပါတယ်။

  1. Kawaguchi Yurina

Yurina လည်း visual ကြောင့် နာမည်ကြီးတဲ့ Japan မ လေးပါ။ သူမကတော့ BLACKPINK အဖွဲ့ရဲ့ “How You Like That” ဖျော်ဖြေတဲ့ team 1 မှာ ပါခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 524.2k viwes နဲ့ 37.3k like ရ ထားပါတယ်။

  1. An Jeongmin

BTS အဖွဲ့ရဲ့ “Mic Drop” ဖျော်ဖြေတဲ့ team မှာ rapper အဖြစ် ဆိုခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 523.4k views နဲ့ 23.4k likes ရ ထားပါတယ်။

  1. Guinn Myah

SEVENTEEN အဖွဲ့ရဲ့ “Pretty U” ဖျော်ဖြေတဲ့ team မှာ killing part နေရာက သီဆိုခဲ့တာဖြစ်ပြီး သူမရဲ့ တက်ကြွတဲ့ energy ကြောင့် ဒိုင်တွေ အရမ်းချီးကျူးခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 558.9k views နဲ့ 38.8k likes ရ ထားပါတယ်။

  1. Kang Yeseo

Kang Yeso ကတော့ IZ*ONE အဖွဲ့ရဲ့ “Fiesta” ဖျော်ဖြေတဲ့ team 2 မှာ ပါခဲ့ပါတယ်။ သူမရဲ့ fan cam က 729.1k views, နဲ့ 43.0k likes ရထားပါတယ်။

  1. Su Ruiqi

Su Ruiqi ကတော့ တရုတ်မလေး ဖြစ်ပြီး EXO အဖွဲ့ The eve ဖျော်ဖြေတဲ့ team မှာ killing part နေရာကနေ သီဆိုတဲ့သူပါ။ သူမရဲ့ fan cam ကတော့ 804.9k views နဲ့ 49.7k likes ရ ထားပါတယ်။

  1. Sakamoto Mashiro

Mashiro ကတော့ vocal အရမ်းကောင်းတဲ့ japan မ လေး ဖြစ်ပြီး IZ*ONE အဖွဲ့ရဲ့ ဖျော်ဖြေတဲ့ team 2 မှာ ပါခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 887.2k views နဲ့ 40.4k likes ရ ထားပါတယ်။

  1. Choi Yujin

Yujin ကတော့ CLC အဖွဲ့ဝင် ဖြစ်ပြီး Ep 1 ထဲက အားလုံးရဲ့ စိတ်ဝငိစားချစ်ခင်အားပေးမှုကို ရ ထားသူပါ။ သူမကတော့ “How You Like That” ဖျော်ဖြေတဲ့ team 1 ရဲ့ leader အဖြစ် လုပ်ခဲ့ပါတယ်။ သူမရဲ့ fan cam ဟာ 882.2k views နဲ့ 85.3k likes ရ ထားပါတယ်။

  1. Ezaki Hikaru

Hikaru ကတော့ သူမရဲ့ charisma ကြောင့် အားလုံးကြွေကြတဲ့ Japan မ လေးပါ။ သူမဟာ top 1 လည်း ရ ထားသူ ဖြစ်ပြီး connect mission အတွက် EXO အဖွဲ့ရဲ့ “The Eve” team မှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 1.68 million views နဲ့ 80.5k likes ရ ထားပါတယ်။

  1. Huening Bahiyyih

Bahiyyih ကတော့ TXT အဖွဲ့ဝင် Hueningkai ရဲ့ ညီမလေးပါ။ သူမကတော့ IZ*ONE အဖွဲ့ရဲ့ “Fiesta” ဖျော်ဖြေတဲ့ team 1 မှာ ပါဝင်ဖျော်ဖြေခဲ့ပါတယ်။ သူမရဲ့ fan cam ကတော့ 2.44 million views နဲ့ 203.7k likes တောင် ရ ထားပါတယ်။ YouTube viewers အများဆုံးပိုင်ရှင် တွေ ကတော့ ထွက်လာပြီနော်။ ပရိတ်သတ်ကြီးရော ဘယ်သူ့ အကြိုက်ဆုံးလည်း။ ကိုယ့် pick လေးတွေရော ပါရဲ့လား …?

Source: Koreaboo
Written: Violet

Tags: K-Pop Story