ရဖူးသမျှလက်‌ဆောင်တွေထဲမှာ Rosé ပေးခဲ့တဲ့လက်‌‌ဆောင်က အကောင်းဆုံးဆိုတဲ့ Lisa

BLACKPINK’s Lisa နဲ့ Rosé တို့ဟာ YG Entertainment ရဲ့ Trainee တွေဖြစ်ကတည်းက စတင်ခင်မင်ရင်းနှီးနေခဲ့ကြတာဖြစ်လို့ အတွင်းသိအစင်းသိ သူငယ်ချင်းအရင်းကြီးတွေလိုကို ဖြစ်နေတာပါ။ အဖွဲ့ရဲ့ အငယ်ဆုံးနှစ်ယောက်ဖြစ်တာကြောင့် အတွဲမိနေတာဖြစ်ပြီး နေ့ရက်တိုင်း၊ အချိန်တိုင်းကိုလည်း အတူတူကုန်ဆုံးကြပါတယ်။

တစ်ယောက်ကိုတစ်ယောက် ဆေးထိုးဖို့လည်း ဝန်မလေးကြသူတွေဖြစ်ပြီး လုပ်လိုက်ရင်လည်း အဆန်းတွေချည်းပါပဲ။ Penshoppe TV အင်တာဗျူးမှာတုန်းက Lisa ဟာ သူမ ရရှိဖူးသမျှ လက်‌ဆောင်တွေအနက် Rosé ပေးတဲ့လက်ဆောင်ကို အကြိုက်ဆုံးဆိုပြီး ပြောခဲ့ပါတယ်။ ပရိသတ်ကြီးကော လက်ဆောင်က ဘာဖြစ်မယ်လို့ ထင်ပါသလဲ?

Lisa က “အဲ့တုန်းက သင်တန်းသူအဖြစ်ပဲရှိသေးတယ်။ Rosé က ဘာပေးလဲဆိုတော့ အတွင်းခံတွေ လက်ဆောင်ပေးလာတာ။ သူ့လက်ဆောင်မြင်ပြီး တော်တော်လေး အံ့ဩသွားသေးတယ်။ “တကယ့်အစစ်ကြီးလား?” လို့တွေးပြီး ‘Bro, ဒါဘာကြီးလဲ?’ ဆိုပြီး ‌မေးလိုက်တာ Rosé က ဘာပြန်ပြောတယ်မှတ်လဲ…‘နင့်ကို ဒါလက်‌‌ဆောင်ပေးရင် ပျော်စရာကောင်းမယ်ထင်လို့လေ.. အဲ့တာကြောင့် ဝယ်လာတာ’ ဆိုပြီး ပြန်ဖြေရော။

ဆက်ပြီးပြောသေးတယ် ‘Oh နင်ကလည်း… ဒါလေးက ချစ်စရာကောင်းသလို ဆွဲဆောင်မှုလည်းရှိတယ်လေ။ လက်‌ဆောင်ပေးလို့ကောင်းတဲ့ ပစ္စည်းလေးပါဟဲ့’ လို့ပြောလိုက်သေးတာ။ ချစ်စရာတော့ကောင်းပေမဲ့ သူကပေးတော့ နည်းနည်းတော့ ထူးဆန်းတာပေါ့…ဟုတ်တယ်မလား။

အဲ့ထူးဆန်းတဲ့လက်‌ဆောင်ကပဲ ကျွန်မအတွက် အကောင်းဆုံးတစ်ခုဖြစ်လာတာပါ” ဆိုပြီး ပြောပြခဲ့ပါ‌တော့တယ်။ Rosé က ခရစ်စမတ်လက်‌‌ဆောင်အဖြစ် ဝယ်ပေးခဲ့တာဖြစ်ပြီး ဒါကပဲ Lisa အတွက် အချိန်ကြာသည့်တိုင်အောင် အမှတ်တရဖြစ်နေစေခဲ့ပါတယ်။ Lisa နဲ့ Rosé ရဲ့ ရင်းနှီးကျွမ်းဝင်နေမှုလေးက တကယ်ကို ချစ်စရာလေးပါပဲနော်။

Source: Koreaboo
Photos; Koreaboo
Translated by Julix

Tags: K-Pop Story