ကြွယ်ဝပြီး အဆင်းရောအချင်းပါပြည့်စုံပေမဲ့ အချစ်သစ်မရှာတော့တဲ့ single ထိုင်းမင်းသမီး (၁၀) ဦး

ထိုင်းဖျော်ဖြေရေးလောကထဲမှာ Dating လုပ်နေတဲ့ အနုပညာရှင်တွေအများကြီးရှိသလို အချစ်သစ်ကိုမရှာဖွေတော့ဘဲ Single ဘဝနဲ့ ရှေ့ဆက်နေတဲ့မင်းသမီးတွေ တပုံတပင်ပါပဲ။ ဒီလိုမျိုး Shining Solo လုပ်နေတဲ့ ထိပ်တန်းမင်းသမီး (၁၀) ဦးကတော့…

Min Pechaya

ထိုင်းမင်းသမီးချော Min Pechaya ရဲ့အချစ်ရေးကတော့ တော်တော်များများ ဒွိဟဖြစ်နေကြပါတယ်။ single status တင်ထားတဲ့အပြင် သူမရဲ့ ကျိကျိတက်ချမ်းသာတဲ့ ချစ်သူနဲ့အတူတွဲရိုက်ထားတဲ့ဓာတ်ပုံတွေကို တင်မပေးတော့တာလည်း အတော်ကြာပါပြီ။

အရင်တုန်းက ထူးထူးခြားခြားရှိတိုင်း နှစ်ယောက်တွဲပုံလေးတွေ တင်ပေးနေကျဖြစ်ပေမဲ့ အခုချိန်မှာမတွေ့ရတော့တာကြောင့် Min ဟာ သူ့ရည်းစားနဲ့ ပြတ်သွားပြီလို့ ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ နေ့ရက်တွေကိုတစ်ယောက်တည်းဖြတ်သန်းနေတဲ့ Min Pechaya ကတော့ အရင်ကထက်တောင် ပိုပြီးလန်း၊ ပိုပြီးဟော့ နေပါတော့တယ်။

Bow Maylada

Bow Maylada ကတော့ တစ်နှစ်ကျော်ကြာတွဲခဲ့တဲ့ ချစ်သူ Mik Thongraya နဲ့ ဩဂုတ်လ လလယ်လောက်ကပဲ လမ်းခွဲပြတ်စဲခဲ့ပါတယ်။ single ဘဝကို ပြန်ရောက်လာတဲ့ Bow ကတော့ ပိုလို့တောင် တောက်ပလန်းဆန်းနေပြီး တက်ကြွနေပုံပေါ်နေပါတယ်။ သူမရဲ့ ဒဏ်ရာရသွားတဲ့နှလုံးသားလေးကို ကုစားရဦးမှာဖြစ်လို့ အချစ်သစ်ကိုမရှာသေးဘူးလို့လည်း ပြောခဲ့ပါသေးတယ်။

Pimmy Pimprapa

လှပချောမောပြီး အရည်အချင်းရှိသူလေး Pimmy Pimprapa ရဲ့အချစ်ရေးကတော့ သတင်းတစွန်းတစတောင် ထွက်မလာခဲ့ပါဘူး။ အဆင်းရော၊အချင်းပါ လုံးဝပြီးပြည့်စုံနေသူလေးဖြစ်ပေမဲ့ တကိုယ်တော်ဘဝကြီးကို ကျေကျေနပ်နပ်ကြီးဖြတ်သန်းနေသူဖြစ်တာကြောင့် မကြာခင် အချစ်စစ်အချစ်မှန်ကို ရှာတွေဖို့လည်း ဆုတောင်းပေးလိုက်ပါတယ်။

Baifern Pimchanok

၂၀၁၈ ကတည်းက ရည်းစားဟောင်းနဲ့ပြတ်ပြီးနောက်ပိုင်း ထိပ်တန်းမင်းသမီးချော Baifern ဟာ Shining Solo ဆိုတဲ့ စကားလုံးကို ကိုင်စွဲပြီး အချစ်သစ်မရှာဖွေတော့ဘဲ တကိုယ်တော်အပျိုကြီးလုပ်နေခဲ့တာပါ။ အလုပ်တွေကိုပဲ ရေကုန်ရေခမ်းလုပ်နေတဲ့ အသက် ၂၉ နှစ်အရွယ် Baifern ကတော့ လှပ၊ ပျော်ရွှင်၊ ချမ်းသာ၊ အောင်မြင်စွာနဲ့ ‌နေ့ရက်တွေကို ဖြတ်သန်းနေတော့တာပါပဲ။

Namwan Raknapak

ခပ်လန်းလန်းမင်းသမီး Namwan Raknapak ကတော့ သူ့ရဲ့ ဘောစိချစ်သူနဲ့ ပြတ်သွားပြီဖြစ်ကြောင်း မီဒီယာတွေရှေ့မှာ ပွင့်ပွင့်လင်းလင်းထုတ်ပြောခဲ့သူပါ။ ခရီးတွေထွက်ပြီး ပျော်ရွှင်နေတဲ့ သူမရဲ့ပုံစံဟာ အသည်းကွဲ‌လို့ သိပ်ပြီးခံစားနေမယ့်သူမဟုတ်ဘူးလို့ ပြသနေသလိုပါပဲ။

Toey Jarinporn
Toey Jarinporn နဲ့ Alek Teeradetch တို့ဟာ ၃ နှစ်နီးပါးတွဲခဲ့ပြီးနောက် ၂၀၂၀ မှာပဲ လမ်းခွဲပြတ်စဲခဲ့ပါတယ်။ အဲ့အချိန်ကစပြီး အချစ်ရေးနဲ့ပတ်သက်လို့ ဘာသတင်းမှမကြားရတော့ဘဲ သူမရဲ့ မိသားစု၊ အပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်တဲ့အချိန်တွေကို ဖြတ်သန်းနေပါတယ်။

Pinky Savika
လက်ထပ်ထားတဲ့ယောက်ျားနဲ့ ကွာရှင်းလိုက်တဲ့ ထိုင်းကြယ်ပွင့် Pinky Savika ကတော့ နောက်ထပ်အချစ်တစ်ခုတည်ဆောက်ဖို့ အာရုံမရှိတော့ပုံပါပဲ။ မကြာသေးခင်ကတောင် အလုပ်တွေများလွန်းတဲ့ Single ဘဝနဲ့ အဆင်ပြေနေကြောင်း၊ အချစ်ဆိုတာလုပ်ယူလို့မ‌ရကြောင်းနဲ့ တကိုယ်တော်နေရတာ လုံးဝပျင်းစရာ‌မကောင်းကြောင်း ပြောခဲ့ပါသေးတယ်။

Pooklook Fonthip
ချစ်ရသူ Mike Pattaradet နဲ့ လမ်းခွဲလိုက်တာကြောင့် single စစ်စစ်ပြန်ဖြစ်သွားတဲ့ Pooklook Fonthip ရဲ့ သတင်းကတော့ ပရိသတ်တွေကို အံ့ဩစေခဲ့ပါတယ်။ ဘဝနေထိုင်တဲ့ပုံစံချင်းမတူတဲ့အပြင် သူမရဲ့မိခင်နေမကောင်းဖြစ်တုန်းက အဖြစ်အပျက်တွေဟာ အချစ်ရေးတစ်ခု ရပ်စဲဖို့ အကြောင်းအရင်းတွေဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ Pooklook ရဲ့ခံစားချက်တွေ အမြန်ဆုံးတည်ငြိမ်သွားဖို့ မျှော်လင့်ပါတယ်။

Ice Preechaya
၂၀၁၉ နိုဝင်ဘာလကတည်းက Ice Preechaya နဲ့ သူ့ကောင်လေးပုံတွေကို ဘယ်မှာမှ မတွေ့ရတော့ပါဘူး။ အချစ်ရေးအကြောင်း လူသိရှင်ကြားထုတ်ပြောလေ့မရှိတဲ့အတွဲဖြစ်ပေမဲ့ ပရိသတ်တွေကတော့ ပြတ်သွားတာဖြစ်နိုင်ကြောင်း ခန့်မှန်းနေကြပါတယ်။ လက်ရှိမှာတော့ Ice Preechaya ဟာ သူမရဲ့အလုပ်တွေကိုပဲ အချိန်ပြည့်လုပ်နေပါတော့တယ်။

Chippy Sirin
၂၀၁၉ နှစ်လယ်လောက်တုန်းက Chippy Sirin နဲ့ Antoine Pinto တို့ရဲ့အချစ်ရေးဟာ တတိယလူပေါ်လာတာကြောင့် ပြတ်စဲလိုက်ကြောင်း ကြေညာခဲ့ပါတယ်။ တော်တော်လေးလည်းချစ်ခဲ့တာကြောင့် Chippy ဟာ ကုစားဖို့အတွက် အချိန်အကြာကြီး ယူခဲ့ရရှာပါတယ်။ လမ်းခွဲပြီးနောက် Chippy နဲ့ နောက်ထပ်အချစ်ရေးတစ်ခုတည်‌‌ဆောက်ဖို့ ကြိုးစားနေတဲ့ကောင်လေးတွေရှိနေပေမဲ့လည်း မင်းသမီးကတော့ ဘယ်သူ့ကိုမှ လက်မခံသေးပါဘူး။

Source: Saostar
Photos: Saostar
Translated by Julix

Tags: Thai Story