Twitter မှာ မိတ်ကပ်မပါတဲ့ selfie ပုံတင်ပြီး ARMY ​တွေကို ရူးခါ​သွားအောင် ပြုစားခဲ့တဲ့ Jin

BTS အဖွဲ့ဝင် Jin ဟာ တကယ့်ကို သဘာဝလွန်လူသားတစ်​ယောက်ဖြစ်ပါတယ်။ ဘာ​ကြောင့်လဲဆို​​တော့ သူဟာ သူ့ရဲ့ တည်ငြိမ်တဲ့ သီချင်းဆိုစွမ်းရည်​​ကြောင့် လူသိများသလို ​webtoon ထဲက ထွက်လာသလို ​ချော​မောလွန်းတဲ့ ရုပ်ရည်​ကြောင့် နာမည်ကြီးပြီး ပရိသတ်​တွေတင်သာမက ကမ္ဘာ​ပေါ်က ဆယ်လီ​တွေနဲ့ အလှအပဆိုင်ရာ ပညာရှင်​​တွေ​တောင်မှ မကြာခဏ ချီးကျူး​ပြောဆိုကြလို့ပါပဲ။

သူ့ရဲ့ မျက်နှာဟာ Golden Ratio နဲ့ ကိုက်ညီတယ်လို့ သတ်မှတ်ခံထားရသလို “Worldwide Handsome” ဆိုတဲ့ ဂုဏ်ပုဒ်ကိုလည်း ရရှိထားပါတယ်။ ဒါ့အပြင် ပွဲတစ်ပွဲတက်တိုင်း၊ ဓါတ်ပုံတစ်ပုံထွက်လာတိုင်းမှာ ARMY ​တွေကို​ရော ARMY မဟုတ်တဲ့သူ​တွေကိုပါ သူ့ရဲ့ ရုပ်ရည်နဲ့ ရူးခါသွား​အောင် ပြုစားနိုင်ပါတယ်။

Jin ဟာ ဒီ​လောက်ထိ ​ချော​မောတယ်ဆိုတာ လူတိုင်းသိကြ​ပေမဲ့ မိတ်ကပ်မပါတဲ့ပုံ​တွေထွက်လာတိုင်းမှာလည်း ပရိသတ်​တွေက အံ့အားသင့်ရပါတယ်။ ဘာလို့လဲဆို​တော့ သူဟာ မိတ်ကပ်မလိမ်းထားလည်း သဘာဝအတိုင်း ​ချော​​မော​နေတဲ့သူဖြစ်​နေလို့ပါပဲ။ သြဂုတ်လ ၂၉ ရက်​​နေ့ကလည်း Jin ဟာ BTS အဖွဲ့ရဲ့ တရားဝင် Twitter account မှာ ရိုးရှင်းတဲ့ selfie ပုံတစ်ပုံကို တင်ခဲ့ပြီး ပရိသတ်​တွေရဲ့ အသည်းနှလုံးကို ဖမ်းစားခဲ့ပါတယ်။

ပုံထဲမှာ Jin ဟာ အဖြူ​ရောင်တီရှပ်နဲ့ ဂျင်း​ဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး လက်တစ်ဖက်ကို ​ဘောင်းဘီအိတ်ထဲထည့်ထားပါတယ်။ ပြီး​​တော့ ​နောက်လက်တစ်က BTS အဖွဲ့ဝင်​တွေ ​ကြေငြာတဲ့ Samsung Z Flip ဖုန်းကို ကိုင်ပြီး အဝတ်လဲခန်းတစ်ခုရဲ့ မှန်​ရှေ့မှာ selfie ရိုက်ထားတာဖြစ်ပါတယ်။

ဓါတ်ပုံဟာ သာမန်လူ​တွေ ရိုက်​နေကြပုံစံအတိုင်း ရိုက်ထားတာဖြစ်​ပေမဲ့ ရိုက်တဲ့သူက Jin ဖြစ်​နေလို့ သာမန်မဟုတ်ခဲ့ပါဘူး။ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားပြီး မိတ်ကပ်မပါတာ​တောင်မှ Jin ဟာ သန့်ပြန့်ပြီး ကိုယ်​ရောင်ကိုယ်ဝါ​တွေ ​​တောက်ပ​နေပါတယ်။ ဒီပုံကို တင်တင်ပြီးချင်းမှာပဲ ARMY ​တွေကြားမှာ ပွက်​​လောရိုက်ပြီး Twitter မှာ “seokjin”, “OMG JIN” ဆိုတဲ့ စာသား​တွေဟာ trend ဖြစ်ခဲ့ပါတယ်။

နိုင်ငံ ၁၁ နိုင်ငံရဲ့ Twitter မှာ လူ​ပြောများတဲ့ အ​ကြောင်းအရာဖြစ်ခဲ့သလို worldwide trend ထိဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် theqoo မှာလည်း hot category ထဲဝင်ခဲ့ပြီး netizen ​တွေဟာ Jin ရဲ့ ရုပ်ရည်ကို ချီးမွမ်း​ခန်းဖွင့်ခဲ့ကြပါတယ်။ Jin ရဲ့ ပါဝါက​တော့ တကယ့်ကို အံ့မခန်းပါပဲ။

Source : Twitter
Photo : Twitter
Written : ZL

Tags: K-Pop Update