NCT အဖွဲ့ဝင် Doyoung ရဲ့ musical show ကို သွားအားပေးခဲ့တဲ့ EXO အဖွဲ့ခေါင်းဆောင် Suho

NCT အဖွဲ့ရဲ့ main vocalist ဖြစ်တဲ့ Doyoung ဟာ အဆိုဘက်ရော acting ဘက်ရော လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ ခုလောလောဆယ်တော့ Doyoung ဟာ မင်းသမီး Kim So-Hyun နဲ့
“Maria Antoinette” ပြဇာတ်မှာ ခေါင်းဆောင် မင်းသား မင်းသမီးအနေနဲ့ ဖျော်ဖြေနေပါတယ်။

အဆိုပါ musical ပြသတာ 14 ကြိမ်တောင် ရှိနေပါပြီ။ Doyoung ရဲ့ musical ကို Superjunior အဖွဲ့ဝင် Kyuhyun, NCT အဖွဲ့ဝင် Jungwoo, Jaehyun နဲ့ Taeyong တို့ သွားကြည့်ဖူးကြပါတယ်။ Musical ပြသနေတာ ဒီလ နောက်ဆုံးဖြစ်ပြီး မနေ့က 29 ရက်နေ့မှာ EXO အဖွဲ့ဝင် suho ကလည်း သွားရောက်ကြည့်ရှုအားပေးခဲ့ပါတယ်။

Musical သွားကြည့်တဲ့ ပရိသတ်တဦးက suho ကို တွေ့ခဲ့တာဖြစ်ပြီး ဓာတ်ပုံပါတင်ခဲ့ပါတယ်။ တကယ်ဆို suho ဟာ public serve worker အနေနဲ့ စစ်မှုထမ်းနေတဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့ အားလပ်ရက်တွေမှာတော့ တခါတလေ လူမြင်ကွင်းမှာ ပေါ်လာတတ်ပါတယ်။ ခုလည်း သူ့ရဲ့ Junior တစ်ယောက်ဖြစ်တဲ့ musical ကို သွားအားပေးခဲ့တာ ဆိုတော့ တကယ့် supportive hyung ပါဘဲနော်။

Source: Twitter
Written: Violet

Tags: K-Pop Update