တစ်ခါတုန်းက မိန်းက​လေး Idol တစ်​​ယောက်က ချိန်း​တွေ့ဖို့ ခွင့်​တောင်းတာကို ခံခဲ့ရဖူးတဲ့ Cha Eun Woo

ASTRO အဖွဲ့ဝင် Cha Eunwoo ဟာ “the genius of faces” (မျက်နှာဉာဏ်ကြီးရှင်) ဆိုပြီး တင်စား​ခေါ်​ဝေါ်ခြင်းခံရတဲ့ K-Pop Idol ၁ ဦးဖြစ်ပါတယ်။ ဘာလို့လဲဆို​တော့ သူ့ရဲ့ နာမည်အတိုင်းပဲ “the genius of faces” လို့ တင်စားရ​လောက်​အောင် ​ချော​မော​နေလို့ပါပဲ။

သူ့ရဲ့ ဖြူဝင်းနူးညံ့တဲ့ အသားအ​ရေနဲ့ ​တောက်ပတဲ့ မျက်လုံး၊ ​ဖြောင့်စင်း​​နေတဲ့ နှာတံ​တွေ​ကြောင့် မိန်းက​လေး​တွေထက်​တောင် ပိုလှတဲ့ “flower boy” ဆိုပြီး​တော့လည်း တင်စား​ပြောဆိုကြပါတယ်။ ဒါ​ကြောင့် Eun Woo ဟာ တစ်ခါက အမျိုးသမီးအနုပညာရှင်တစ်​ယောက်က ချိန်း​တွေ့ဖို့ ​ခွင့်​တောင်းတာကိုခံခဲ့ရပြီး ထိုအမျိုးသမီးက Idol ၁ ဦးဖြစ်တယ်လို့ Radio Star အစီအစဉ်မှာ ​ထုတ်​ဖော်ပြောကြားခဲ့ဖူးပါတယ်။

သူဟာ အပြစ်အနာအဆာမရှိတဲ့ ရုပ်ရည်နဲ့ အလွန်ထက်မြက်တဲ့ ဉာဏ်​​ကို ပိုင်ဆိုင်ထားတာကြောင့် Idol ​တွေကြားမှာပါ နာမည်ကြီးတယ်ဆိုတာ အဆန်းအပြား​တော့ မဟုတ်ပါဘူး။ သူနဲ့ ထိုအမျိုးသမီး Idol တို့ဟာ အသိမိတ်​ဆွေတစ်ဦးက​ မိတ်ဆက်​ပေးတာ​ကြောင့် သိကျွမ်းခဲ့ပြီး အဲ့ဒီ​နောက် ထိုအမျိုးသမီးဆီက​နေ message ရခဲ့တယ်လို့ Eun Woo က ဆိုပါတယ်။

Eun Woo ဟာ ပွဲဦးထွက်ချိန်ကစလို့ ဘယ်သူနဲ့မှ မချိန်း​တွေ့ခဲ့ဖူး​ကြောင်းလည်း ​ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး အဲ့ဒီ အမျိုးသမီး Idol ကို Eun Woo က ဘယ်လိုတုံ့ပြန်ခဲ့သလဲဆိုတာကို ​ပြောပြခဲ့ပါတယ်။ တကယ်​တော့ Eun Woo က သူမကို စာမပြန်ခဲ့ပါဘူး။

သူမကို တိုက်ရိုက်ကြီး ငြင်းလိုက်တာမျိုးလည်း မဟုတ်ပဲ မသိချင်​ယောင်​ဆောင်လိုက်တာမျိုးပါ။ ​နောက်ပိုင်း စင်မြင့်​နောက်မှာ သူမနဲ့ ​မျက်နှာချင်းဆိုင်​တွေ့မိရင်​တော့ ရှက်ကိုးရှက်ကန်းနဲ့ နှုတ်ဆက်ပြီး ဒီတိုင်းဖြတ်​လျှောက်သွားတယ်လို့ ဆိုပါတယ်။

Eun Woo ဟာ ​ကျောင်းသားဘဝတုန်းကလည်း ​ပေါ်ပြူလာဖြစ်​​ပေမဲ့ သူက​တော့ သူ့ကိုယ်သူ ​ပေါ်ပြူလာမဖြစ်ဘူးလို့ပဲ ​​ပြော​လေ့ရှိပါတယ်။ သူဟာ ​ကျောင်းသားဘဝတုန်းက အတန်း​​ခေါင်း​ဆောင်နဲ့ ဘတ်စကတ်​ဘောအသင်းရဲ့ ​ခေါင်း​ဆောင်ဖြစ်သလို ရုပ်​ချောပြီး ကြင်နာတတ်တဲ့အတွက် ဘယ်လိုမိန်းက​လေးကမှ မ​ကြွေပဲ​နေနိုင်မှာမဟုတ်ပါဘူး။

ဒါ​ပေမဲ့ Eun Woo က​တော့ သူ့ရဲ့စားပွဲခုံ​ပေါ်မှာ ​ချောကလက်လာထားတဲ့သူ နည်းနည်းသာရှိတယ်ဆိုပြီး သူ​ပေါ်ပြူလာဖြစ်တယ်ဆိုတဲ့ အချက်ကို ငြင်းဆိုထားပါတယ်။ ဒါဟာ အားလုံးသိကြတဲ့အတိုင်း Cha Eunwoo ရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထား​ကြောင့်လည်း ဖြစ်နိုင်ပါတယ်။

Eun Woo က အဲ့ဒီ Radio Star အစီအစဉ်မှာပဲ သူ​အထက်တန်း​ကျောင်းသားအရွယ် သင်တန်းသားဘဝတုန်းက မိန်းက​လေးတစ်​ယောက်နဲ့ တွဲခဲ့ဖူးတယ်ဆိုတာကိုလည်း ဝန်ခံခဲ့ပါတယ်။ အဲ့ဒီမိန်းက​လေးက ဘယ်သူပဲဖြစ်ဖြစ် ​အခုအချိန်မှာသာဆိုရင်​တော့ ထောင်​သောင်းချီတဲ့ Eun Woo ပရိသတ်​တွေ သဝန်တိုတာကို ခံရမှာ အ​သေအချာပါပဲ။

အခု မိန်းက​လေး Idol ဆီက ဖွင့်​ပြောခံရတဲ့ကိစ္စကလည်း fan ​တွေအတွက် အံ့သြသွား​စေမှာဆို​ပေမဲ့ Eun Woo က အရမ်းကို ပြည့်စုံ​နေတဲ့လူတစ​်ယောက်ဆို​တော့ သူမကို နားလည်​ပေးဖို့လည်း လွယ်ကူ​နေပြန်ပါတယ်။ အခုလည်း Eun Woo ကို ကြိတ် crush ​နေတဲ့ မိန်းက​လေး Idol ​တွေရှိ​နေမှာ အ​သေအချာပါပဲ။

Source : Koreaboo
Photo : Koreaboo
Written : ZL