အနာဂတ်မှာ သားလေးတစ်ယောက် လိုချင်ရတဲ့ အကြောင်းရင်းကို ပြောပြခဲ့တဲ့ Wang Yibo

သြဂုတ်လ (၂၉) ရက်နေ့က ထုတ်လွှင့်ပြသခဲ့တဲ့ “Day Day Up” အစီအစဉ်ရဲ့ အဓိက အကြောင်းအရာအဖြစ် အသက်အရွယ်ကြီးရင့်မှုနဲ့ ပတ်သက်ပြီး လေ့လာဖော်ထုတ်ခဲ့ကြပါတယ်။ Show ရဲ့ Host သုံးယောက်ဖြစ်တဲ့ Wang Yibo, Wang Han, Da Zhang Wei တို့ဟာ အနာဂတ်မှာ နောင်အနှစ် (၃၀) ကို ရောက်တဲ့အခါ သူတို့ရဲ့ဘဝဟာ ဘယ်လိုပုံစံမျိုး ဖြစ်လာလိမ့်မလဲ ဆိုတာကို ခန့်မှန်းခဲ့ကြတာ ဖြစ်ပါတယ်။

Wang Han နဲ့ Da Zhang Wei တို့ဟာ အသက်ကြီးတဲ့ လူတစ်ယောက်ပုံစံ ပြောင်းလဲထားတဲ့ Wang Yibo ရဲ့ အသွင်ပြောင်းလဲမှုကို ကြည့်ပြီး တကယ်အသက်ကြီးသွားသလိုပဲ လို့စနောက်ခဲ့ကြပါတယ်။ ဝန်ထမ်းတစ်ယောက်က Wang Yibo ကို သူ့အဖေနဲ့တူလားလို့ မေးတဲ့အခါမှာ သူအဲ့လိုမထင်ဘူးလို့ ပြောခဲ့ပါတယ်။

သူငယ်ငယ်တုန်းကတော့ အနှစ် (၃၀) အတွင်းမှာ သူက သူ့အဖေနဲ့ တူမယ်လို့ သူထင်ခဲ့တယ် ဆိုတာကိုလည်း ပြောပြခဲ့ပါတယ်။ မိတ်ကပ်လိမ်းပေးထားတာက သူ့ကို သူ့အဖေထက် အသက်ပိုကြီးတဲ့ပုံ ဖြစ်အောင် လုပ်ထားတယ်လို့လည်း Wang Yibo က ချစ်စရာကောင်းစွာ စိတ်ဆိုးပြလိုက်ပါသေးတယ်။ အဲ့ဒီ့နောက်မှာတော့ (၂၀၅၀) ရောက်ရင် သူတို့ဘာလုပ်နေမယ် ဆိုတာကို ခန့်မှန်းရတဲ့ ကဒ်တစ်ခုစီကို ပေးခဲ့ပါတယ်။

Wang Han က သူ့အသက် (၆၀) ဒါမှမဟုတ် (၇၀) ကိုရောက်တဲ့အချိန်ဟာ သူ့ကလေးလည်း အသက်ကြီးလာပြီး အလုပ်လုပ်စရာတွေလည်း ထပ်ပြီးမရှိတော့မယ့် အလွတ်လပ်ဆုံးအချိန် ဖြစ်နေမှာ ဖြစ်တာကြောင့် အဲ့ဒီအချိန်ကို အမှန်တကယ် မျှော်လင့်နေတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ်။ Wang Yibo ကတော့ သူ့ရဲ့ လက်ရှိအသက်ဟာ ငယ်နေသေးတာကြောင့် သူ့အတွက် အလှမ်းဝေးလွန်းနေသေးတဲ့ အိုမင်းလာဖို့နဲ့ ပတ်သက်ပြီး မစဉ်းစားမိသေးဘူးလို့ ဆိုပါတယ်။

Wang Yibo ရဲ့ အလှည့်ကို ရောက်တဲ့အခါမှာ သူ့ရဲ့ အသက် (၅၄) နှစ်မှာ သူ့ဘဝနဲ့ ပတ်သက်ပြီး ဝန်ထမ်းရဲ့ ဖော်ပြချက်က သူ့ကို “စကြဝဠာရဲ့ ဆွဲဆောင်မှုအရှိဆုံး အသက် (၅၀) ကျော် အမျိုးသား” အဖြစ် ဖော်ပြခဲ့ပါတယ်။ မျိုးဆက်အနည်းငယ်ရဲ့ နုပျိုမှုအဖြစ် အသက်မွေးဝမ်းကြောင်းမှုမှာ အောင်မြင်ခဲ့ရုံသာမကဘဲ သူ့ရဲ့မိသားစုကလည်း အလွန်ပျော်ရွှင်ပြီး ချမ်းမြေ့သာယာနေမယ်။

သူဟာ သားတွေ၊ သမီးတွေနဲ့ ကလေးသုံးယောက်ရဲ့ ဖခင်ဖြစ်လာပြီး “ယောက်ျားအပီသဆုံး ယောက္ခမ”အဖြစ် ပြောင်းလဲလာနိုင်တယ်လို့ သတ်မှတ်ခဲ့ပါတယ်။ Wang Yibo က ဝန်ထမ်းရဲ့ ဖော်ပြချက်ဟာ ချဲ့ကားလွန်းနေပြီး သူ့ကိုယ်သူလည်း အဲ့လောက်ထိ အံ့သြစရာကောင်းတယ်လို့ မထင်ကြောင်း ပြောပြခဲ့ပါတယ်။

အနာဂတ်မှာ ကလေး (၃) ယောက် ရှိလာဖို့ အကြောင်းကို မေးမြန်းတဲ့အခါ Wang Yibo က“(၃) ယောက် ဒါမှမဟုတ် (၂) ယောက်တော့ ဖြစ်နိုင်ပါတယ်။ သုံးယောက်ကတော့ အရမ်းများနေတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်နဲ့ကစားဖို့ ကျွန်တော့်မှာ သားလေးတစ်ယောက်တော့ ရှိကိုရှိရမယ်။ သူ့ကို မော်တော်ဆိုင်ကယ်၊ စနိုးဘုတ်နဲ့ စကိတ်စီးဖို့ ပျိုးထောင်ပေးလိမ့်မယ်”လို့ သူ့ရဲ့ မျှော်လင့်ထားမှု အကြောင်းကို ပြောခဲ့ပါတယ်။

Written : Nair Nair
Source : 38jiejie
Photos : MangoTV