ဇာတ်လမ်းသစ် Promotion အတွက် အတူတူရိုက်ကူးစရာရှိနေတဲ့ Xiao Zhan နဲ့ Yang Zi

ထိပ်တန်းအနုပညာရှင်တွေဖြစ်တဲ့ Xiao Zhan နဲ့ Yang Zi တို့ရဲ့ ဇာတ်လမ်းသစ် The Oath of Love ကတော့ စက်တင်ဘာလ (၈) ရက်နေ့မှာ စတင်ပြသသွားတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းကိုတော့ ၂နှစ်နီးပါးကြာမြင့်အောင် စောင့်ခဲ့ရတာဖြစ်လို့ ပြသမယ့်ရက် အတိအကျထွက်လာတဲ့နောက်မှာရိသတ်တွေအားလုံး လက်ချိုးရေတွက်ရင်း စောင့်နေခဲ့ကြတာလည်းဖြစ်ပါတယ်။

“The Oath of Love” ဇာတ်လမ်းကတော့… တက်သစ်စ တယောပညာရှင် Lin Zhi Xiao (Yang Zi) နဲ့ ဆရာဝန်လေး Fu Wei (Xiao Zhan) တို့ရဲ့ အချစ်ဇာတ်လမ်လေးဖြစ်ပါတယ်။ ကံကြမ္မာဖန်တီးတွေ့ဆုံရာကာ ပေါက်ဖွားလာတဲ့ အချစ်ဇာတ်လမ်းလေးကို တော်တော်လေး RO ‌ဆန်ဆန်ရိုက်ကူးထားတယ်လို့ သတင်းတွေလည်း ထွက်နေတာဖြစ်လို့ စောင်ကိုက်ကာကြည့်ရဦးမှာလည်း ဖြစ်ပါတော့တယ်။

မထွက်ခင်ကတည်းက အဓိကဇာတ်လိုက်နှစ်ယောက်ကြောင့် ဟိုးလေးတကျော်‌ဖြစ်နေခဲ့တဲ့ “The Oath of Love” ဇာတ်လမ်းတွဲကို ၉ လပိုင်း ၈ ရက်နေ့မှာ မကြည့်သေးခင် ဇာတ်လမ်း Promotion အတွက် Xiao Zhan နဲ့ Yang Zi ဟာ နာမည်ကြီး ရှိုးတစ်ခုဖြစ်တဲ့ Happy Camp မှာ ပါဝင်သွားမှာလည်းဖြစ်ပါတယ်။

ရိုက်ကူးရေးအတွက် လာမယ့် စက်တင်ဘာ ၆-၇ နှစ်ရက်လုံးလုံး Changsa ကို သွားရောက်တော့မှာပါ။ ဇာတ်လမ်းကတော့ Promotion လုပ်ဖို့မလိုလောက်အောင် နာမည်ကြီးနေပြီးသားဖြစ်ပေမဲ့လည်း အဓိကဇာတ်လိုက်နှစ်ယောက်ကို Happy Camp မှာ တွေ့ရဦးမယ်ဆိုတော့ ပရိသတ်များက စောင့်ကြည့်လို့ရပါတယ်။

The Oath Of Love ဇာတ်လမ်းတွဲကတော့ အဓိကဇာတ်လိုက်နှစ်ယောက်နဲ့တင် မထွက်ခင်ကတည်းက လူစိတ်ဝင်စားမှုအများဆုံး ဇာတ်လမ်းတွဲစာရင်းထဲမှာလည်း ပါဝင်နေသလို ထွက်ရှိလာပြီးရင်လည်း စံချိန်တွေ တင်ဦးမယ်လို့ ထင်မြင်မိပါတော့တယ်။

Source: Cdramastar
Photos: Weibo
Translated by Julix