Billboard မှာ အပြိုင်အဆိုင် အနိုင်လုရင်း စံချိန်သစ်တင်နေတဲ့ “Butter” နဲ့ “Dynamite”

BTS အဖွဲ့က ကိုယ့်စံချိန်မြင့်ကို ကိုယ်ပြန်ချိုးနိုင်တဲ့ အဖွဲ့ဖြစ်သလို သူတို့ရဲ့သီချင်းတွေကလည်း ထိပ်ဆုံးနေရာတွေကို အပြိုင်အဆိုင် ဗိုလ်လုနေကြတာပါ။ Billboard လိုမျိုး အနောက်နိုင်ငံက သီချင်းတွေ ကြီးစိုးတဲ့နေရာမှာတောင် BTS ရဲ့ သီချင်းတွေက အမြဲလွှမ်းမိုးပြီး ဝင်ရောက်နေရာယူနေနိုင်ပါတယ်။ အခုဆိုရင် “Butter” သီချင်းက “Dynamite” ကို ကျော်လွန်ပြီး နောက်ထပ်မှတ်တမ်းတင်လိုက်ပြန်ပါတယ်။

Billboard’s Hot 100 ရဲ့ Top 10 စာရင်းထဲမှာ အချိန်အကြာဆုံးနေရာယူထားနိုင်တဲ့ သီချင်းအဖြစ် BTS’s “Butter” က မှတ်တမ်းသစ်တင်ခဲ့ပြီး စတင်ထွက်ရှိကတည်းက ၁၄ ပတ်တိတိ Top 10 စာရင်းဝင်ခဲ့တာလည်းဖြစ်ပါတယ်။ August 30 ရက်နေ့ကပဲ Hot 100 ရဲ့ ထိပ်ဆုံး Top 10 စာရင်းကို Billboard က တရားဝင်ထုတ်ပြန်ပေးခဲ့ပါတယ်။

US မှာ နာမည်ကျော်ပြီး လူသိများတဲ့သီချင်းတွေကို အပတ်စဉ်ထုတ်ပြန်ပေးတာဖြစ်ပြီး “Butter” သီချင်ကတော့ အရင်အပတ်ထက် တစ်ဆင့်မြင့်တဲ့ အဆင့် (၇) နေရာကနေ Hot 100 ထဲမှာ ပါဝင်လာခဲ့တာပါ။ သီချင်းကောင်းလေးဖြစ်ပြီး Hot 100 ရဲ့ ထိပ်ဆုံး (၁၀) နေရာစာရင်းမှာ ၁၄ ပတ်ဆက်တိုက်ပါဝင်လာခဲ့တာဖြစ်ပြီး အရင်က BTS’s “Dynamite” သီချင်းတင်ထားတဲ့ စံချိန်ကို ချိူးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ Kpop အဖွဲ့ရဲ့ သီချင်းတစ်ပုဒ်အနေနဲ့ Butter သီချင်းဟာ Hot 100 ရဲ့ ထိပ်ဆုံး(၁၀) နေရာမှာ အကြာဆုံးရပ်တည်နိုင်ခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်လာပါတော့တယ်။

ဒါ့အပြင် “Butter” သီချင်းဟာ also topped the Digital Song Sales စာရင်းမှာလည်း ထိပ်ဆုံးနေရာမှာ ရပ်တည်‌နေတဲ့အပြင် BTS ရဲ့ သီချင်းသစ်ဖြစ်တဲ့ “Permission to Dance” ကလည်း နံပါတ် ၅ နေရာကနေ ပါဝင်လာခဲ့ပြန်ပါတယ်။

မနည်းမနောတဲ့ စံချိန်ပေါင်းများစွာတင်နေတဲ့ BTS အဖွဲ့ကတော့ “Butter” သီချင်းကို Remix ပြန်လုပ်ထားပြီး Megan Thee Stallion က Featuring အဖြစ် ပါဝင်သီဆိုထားပါသေးတယ်။ အနောက်နိုင်ငံရဲ့အနုပညာရှင်တွေကြားမှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးဖောက်နေရာယူနေနိုင်တာကတော့ ဒီစာရင်းတွေက သက်သေပဲဖြစ်ပါတယ်။

Source: Soompi
Photos: Soompi
Translated by Julix

Tags: K-Pop Update